< ထွက်မြောက်ရာ 12 >

1 ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
Herra oli puhunut Mosekselle ja Aaronille Egyptin maalla, sanoen:
2 ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။
Tämä kuukausi pitää oleman teidän tykönänne ensimäinen kuu; hänestä pitää teidän alkaman ajastajan kuukaudet.
3 သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။
Puhukaat koko Israelin seurakunnalle, sanoen: kymmenentenä päivänä tällä kuulla ottakaan itsekukin itsellensä karitsan, se joka perheen isäntä on, karitsan joka huoneelle;
4 အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။
Vaan jos yksi huone vähä on karitsaa syömään, niin ottakaan kylänsä miehen kanssansa, joka likin hänen huonettansa on, että niin monta tulis, kuin voisivat karitsan syödä.
5 သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။
Ja sen karitsan pitää teille oleman virheettömän ajastaikaisen oinaan. Karitsoista eli vohlista pitää teidän sen ottaman.
6 ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။
Ja sen teidän pitää tallella pitämän neljänteentoistakymmenenteen päivään asti tätä kuuta, ja koko Israelin kansan kokous pitää sen teurastaman kahden ehtoon välillä.
7 သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကို ယူ၍ ထိုးရမည်။
Ja heidän pitää ottaman verestä, ja sivuman molemmat pihtipielet ja huonetten ovenpäällisen, joissa he sitä syövät.
8 အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
Ja heidän pitää sinä yönä syömän lihaa tulella paistettua ja happamatointa leipää; katkerain ruohoin kanssa pitää heidän sen syömän.
9 အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံး စသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။
Ei teidän pidä sitä syömän uutena eikä vedellä keitettynä, mutta tulella paistettuna, pään, jalkain ja sisällysten kanssa.
10 ၁၀ နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
Eikä teidän pidä jättämän mitään huomeneksi; ja jos jotakin jää huomeneksi, se tulella poltettakaan.
11 ၁၁ အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
Mutta näin pitää teidän syömän sitä: teidän pitää oleman vyötetyt kupeista, ja kengät jalassanne, ja sauva kädessänne, ja pitää sen syömän niinkuin matkaan kiiruhtavaiset: se on Herran pääsiäinen.
12 ၁၂ အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Sillä minä käyn sinä yönä Egyptin maan lävitse, ja lyön kaikki esikoiset Egyptin maalla, ihmisistä karjaan asti, ja annan tulla minun rangaistukseni kaikkein Egyptiläisten epäjumalain päälle: Minä Herra.
13 ၁၃ သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။
Ja veren pitää oleman teille merkiksi huoneissanne, kussa te olette, että koska minä veren näen, niin minä menen teidän ohitsenne: ja ei pidä teille tuleman se rangaistus kadottamaan teitä, koska minä lyön Egyptin maata.
14 ၁၄ ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။
Ja tämä päivä pitää oleman teille muistoksi, ja teidän pitää sen pyhittämän juhlaksi Herralle: ijankaikkiseksi säädyksi teidän sukukunnissanne teidän sen pyhittämän pitää.
15 ၁၅ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
Seitsemän päivää pitää teidän syömän happamatointa leipää, nimittäin ensimäisenä päivänä pitää teidän paneman pois happaman leivän teidän huoneissanne: sillä jokainen kuin hapointa leipää syö ensimäisestä päivästä niin seitsemänteen päivään asti, hänen sielunsa pitää hukutettaman Israelista.
16 ၁၆ ပဌမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။
Ensimäisenä päivänä on teillä pyhä kokous, ja myös seitsemäntenä päivänä on teillä pyhä kokous. Ei yhtäkään työtä pidä tehtämän niinä päivinä, mutta vaivoin mitä ruaksi tarvitaan jokaiselle hengelle, se ainoastansa tehkäät.
17 ၁၇ ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။
Ja pitäkäät happamatoin leipä; sillä sinä päivänä olen minä teidän joukkonne johdattanut Egyptin maalta: ja teidän pitää pitämän tämän päivän teidän sukukunnissanne ijankaikkiseksi säädyksi.
18 ၁၈ ပဌမလဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည်။
Neljäntenätoistakymmenentenä päivänä ensimäisestä kuusta ehtoona pitää teidän syödä happamatointa leipää, hamaan ensimäiseen päivään asti kolmattakymmentä siitä kuusta, ehtoona.
19 ၁၉ ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။
Niin ettei seitsemänä päivänä löydetä hapointa leipää teidän huoneissanne; sillä jokainen joka hapointa leipää syö, hänen sielunsa pitää hukutettaman Israelin joukosta, joko hän muukalainen on eli omainen.
20 ၂၀ သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ၏။
Sentähden älkäät ensinkään syökö hapointa leipää; vaan happamatointa leipää syökäät kaikissa teidän asuinsioissanne.
21 ၂၁ ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ၍ ပသခါပွဲဘို့ သတ်ကြလော့။
Ja Moses kutsui kaikki Israelin vanhimmat, ja sanoi heille: menkäät ja ottakaat teillenne lampaita kukin perhekuntansa jälkeen, ja teurastakaat pääsiäiseksi
22 ၂၂ ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။
Ja ottakaat side isoppia, ja kastakaat vereen, joka on maljassa, ja sivukaat sillä oven päällinen, ja molemmat pihtipielet: ja ei yksikään ihminen pidä menemän ulos huoneensa ovesta huomeniseen asti.
23 ၂၃ အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။
Sillä Herra tahtoo käydä ohitse lyömään Egyptiläisiä: ja koska hän saa nähdä veren ovenpäällisessä ja molemmissa pihtipielissä, menee Herra sen oven ohitse, ja ei salli hukuttajan tulla teidän huoneisiinne rankaisemaan.
24 ၂၄ သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။
Sentähden pidä tämä sääty sinulle ja sinun lapsilles ijankaikkisesti.
25 ၂၅ ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည်။
Ja koska te tulette siihen maahan, jonka Herra teille antava on, niinkuin hän sanonut on, niin pitäkäät tämä palvelus.
26 ၂၆ သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊
Ja koska teidän lapsenne sanovat teille: mikä palvelus tämä teillä on?
27 ၂၇ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။
Niin teidän pitää sanoman: tämä on Herran pääsiäisuhri, joka ohitse meni Israelin lasten huoneet Egyptissä, koska hän rankaisi Egyptiläisiä, ja meidän huoneemme vapahti: niin kansa maahan kumartain rukoili.
28 ၂၈ ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။
Ja Israelin lapset menivät ja tekivät niinkuin Herra Mosekselle ja Aaronille käskenyt oli.
29 ၂၉ သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏ သားဦးရှိသမျှကို ၎င်း ဒဏ်ခတ်တော်မူ၏။
Ja tapahtui puoliyön aikana, että Herra löi kaikki esikoiset Egyptin maalla, Pharaon esikoisesta, joka hänen istuimellansa istuman piti, niin vangin esikoiseen asti, joka oli vankihuoneessa, ja kaikki eläinten esikoiset.
30 ၃၀ ထိုညဉ့်တွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည် ထကြ၍၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။
Sinä yönä nousi Pharao ja kaikki hänen palveliansa, ja kaikki Egyptiläiset, ja suuri parku oli Egyptissä; sillä ei siellä ollut huonetta, jossa ei kuollutta ollut.
31 ၃၁ ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။
Ja hän kutsui Moseksen ja Aaronin yöllä, ja sanoi: nouskaat ja menkäät pois minun kansastani, sekä te että Israelin lapset: ja menkäät matkaanne ja palvelkaat Herraa, niinkuin te sanoneet olette.
32 ၃၂ သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။
Ottakaat myös myötänne teidän lampaanne ja teidän karjanne, niinkuin te sanoneet olette, menkäät matkaanne; ja siunatkaat myös minua.
33 ၃၃ အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။
Ja Egyptiläiset vaativat kansaa, ja hoputtaen ajoivat heitä pois maalta; sillä he sanoivat: me kuolemme jokainen.
34 ၃၄ ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ ထမ်းကြ၏။
Ja kansa kantoi taikinansa, ennenkuin se happani, nimittäin tähteensä, sidottuna vaatteisiin olallansa.
35 ၃၅ မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။
Ja Israelin lapset olivat tehneet Moseksen sanan jälkeen, ja olivat anoneet Egyptiläisiltä hopia- ja kulta-astioita ja vaatteita.
36 ၃၆ တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။
Ja Herra oli antanut kansalle armon Egyptiläisten edessä, että he lainasivat, ja niin he paljastivat Egyptiläiset.
37 ၃၇ ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။
Niin matkustivat Israelin lapset Rameksesta Sukkotiin, lähes kuusisataa tuhatta jalkamiestä, paitsi lapsia.
38 ၃၈ အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။
Ja paljo kaikkinaista kansaa meni heidän kanssansa, ja lampaita, ja karjaa, ja sangen paljon eläimiä.
39 ၃၉ တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။
Ja he leipoivat siitä uudesta taikinasta, jonka he olivat tuoneet Egyptistä, happamattomia leipiä; sillä ei se ollut hapannut, sentähden että he ajettiin Egyptistä pois, eikä myös saaneet viipyä, ja ei semminkään saaneet heillensä evästä valmistaa.
40 ၄၀ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။
Se aika kuin Israelin lapset asuivat Egyptissä, oli neljäsataa ja kolmekymmentä ajastaikaa.
41 ၄၁ အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ၏။
Ja koska ne olivat kuluneet, läksi koko Herran joukko yhtenä päivänä Egyptin maalta.
42 ၄၂ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။
Sentähden tämä yö pidetään Herralle, että hän vei heidät ulos Egyptin maalta: tämä on se yö, joka pidettämän pitää Herralle kaikilta Israelin lapsilta heidän sukukunnissansa.
43 ၄၃ ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။
Ja Herra sanoi Mosekselle ja Aaronille: tämä on sääty pitää pääsiäistä: ei yksikään muukalainen pidä siitä syömän.
44 ၄၄ သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ၏။
Jokainen ostettu orja pitää ympärileikattaman, ja sitten syökään siitä.
45 ၄၅ တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။
Muukalainen ja päivämiehen ei pidä syömän sitä.
46 ၄၆ တအိမ်တည်း၌ တကောင်ကိုစားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
Yhdessä huoneessa pitää se syötämän. Ei teidän pidä huoneesta viemän ulos sitä lihaa, eikä teidän pidä luuta rikkoman siitä.
47 ၄၇ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည်။
Koko Israelin seurakunta pitää näin tekemän.
48 ၄၈ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မစားရ။
Jos joku muukalainen asuu sinun tykönäs, ja tahtoo pitää Herralle pääsiäistä, niin ympärileikattakaan kaikki miehenpuolet, ja sitten käykään sitä tekemään, ja olkaan niinkuin maan omainen; sillä ei yhdenkään ympärileikkaamattoman pidä sitä syömän.
49 ၄၉ အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန်၌ ပညတ်ထားတော်မူ၏။
Yksi sääty pitää oleman omaisella ja muukalaisella, joka asuu teidän seassanne.
50 ၅၀ ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ၏။
Ja kaikki Israelin lapset tekivät niinkuin Herra oli Mosekselle ja Aaronille käskenyt.
51 ၅၁ ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင်၊
Niin Herra yhtenä päivänä johdatti Israelin lapset ulos Egyptin maalta, heidän joukoissansa.

< ထွက်မြောက်ရာ 12 >