< ထွက်မြောက်ရာ 10 >
1 ၁ တဖန် ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ ပြခြင်းငှာ၎င်း၊
၁တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊
2 ၂ အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အား ကြားပြောသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။
၂အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။
3 ၃ မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရ ဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။
၃မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
4 ၄ သို့မဟုတ် ငါ၏လူတို့ကို မလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည်။
၄သို့မဟုတ် ငါ ၏လူ တို့ကို မ လွှတ် ဘဲနေလျှင် ၊ ကြည့်ရှု လော့။ ကျိုင်းကောင် တို့ကို သင် ၏ပြည် သို့ နက်ဖြန် ငါ ဆောင် ခဲ့မည်။
5 ၅ မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း စားကြလိမ့်မည်။
၅မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။
6 ၆ သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
၆သင် ၏ဘိုးဘေး တို့သည် မြေ ပေါ် မှာဖြစ် သည် ကာလ မှစ၍ ၊ ယနေ့ တိုင်အောင် မ မြင် ဘူးသကဲ့သို့၊ သင် ၏အိမ် များ၊ သင် ၏ကျွန် တို့အိမ် များ၊ အဲဂုတ္တု လူအပေါင်း တို့၏ အိမ် များတို့ကို ဖြည့် ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊ လှည့် ၍ ဖာရော ဘုရင်ထံမှ ထွက် သွားလေ၏။
7 ၇ ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
၇ဖာရော ဘုရင်၏ ကျွန် တို့ကလည်း ၊ ဤ လူသည် ငါ တို့ကို အဘယ်မျှ ကာလ ပတ်လုံးနှောင့်ရှက် ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူ တို့၏ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု မည်အကြောင်း အခွင့် ပေးတော်မူပါ။ အဲဂုတ္တု ပြည်ပျက် ကြောင်း ကို သိ တော်မ မူသေးသလောဟုလျှောက် ကြလျှင် ၊
8 ၈ မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင်၊
၈မောရှေ နှင့် အာရုန် ကို တဖန် ဖာရော ဘုရင်ထံ သို့သွင်း ပြန်၍ ၊ သင် တို့၏ဘုရား သခင်ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင် သွား ရသောသူတို့သည် အဘယ်သူ နည်းဟုမေး လျှင်၊
9 ၉ မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊
၉မောရှေ က၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို၊ သားသမီး ၊ သိုး ၊ နွား ပါလျက် သွား ပါမည်။ အကြောင်းမူကား ၊ ထာဝရဘုရား ရှေ့တော်၌ ပွဲ ခံရပါမည်ဟု ပြန်ဆို လေသော်၊
10 ၁၀ ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။
၁၀ဖာရောမင်းက၊ သင် တို့နှင့် သူငယ် များကို ငါလွှတ် သည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့၌ ရှိစေသော။ သတိပြု ၊ မကောင်း သောအကြံကို ကြံကြသည်တကား။
11 ၁၁ ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။
၁၁ထိုသို့ မ ဖြစ်ရာ။ အရင်တောင်း လျှောက်သည်အတိုင်း၊ ယောက်ျား ဖြစ်သောသူတို့သာသွား ၍ ထာဝရ ဘုရားအား ဝတ်ပြု ကြဟု မိန့် တော်မူသဖြင့်၊ သူ တို့ကို အထံ တော်မှ နှင် ကြလေ၏။
12 ၁၂ ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
၁၂ထာဝရဘုရား ကလည်း ၊ ကျိုင်း တို့သည် အဲဂုတ္တု ပြည် သို့ ရောက် လာ၍ မိုဃ်းသီး မဖျက်၊ မြေ ပေါ်မှာ ကျန်ရစ် သောအပင် ရှိသမျှ တို့ကို စား စေခြင်းငှာ ၊ အဲဂုတ္တု ပြည် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
13 ၁၃ မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။
၁၃မောရှေ သည် မိမိ လှံတံ ကို အဲဂုတ္တု ပြည် အပေါ် မှာ ဆန့် သဖြင့် ၊ ထို နေ့ နှင့် ထိုညဉ့် ပတ်လုံး ၊ အရှေ့ လေ ကို မြေ ပေါ် မှာထာဝရဘုရား လာ စေတော်မူ၍၊ နံနက် ရောက် မှ အရှေ့ လေ သည် ကျိုင်း တို့ကို ဆောင် ခဲ့လေ၏။
14 ၁၄ ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။
၁၄ထိုကျိုင်း တို့သည် အဲဂုတ္တု ပြည် လုံး ကို လွှမ်းမိုး ၍ ၊ ပြည် နယ်နိမိတ် ရှိသမျှ အပေါ် မှာ နား သဖြင့် အလွန် များပြား ကြ၏။ ထိုသို့ သော ကျိုင်း တို့သည် ရှေး ကမ ဖြစ် စဖူး၊ နောက် ၌လည်း မ ဖြစ် ရလတံ့။
15 ၁၅ မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ်။
၁၅မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။
16 ၁၆ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း ငါပြစ်မှားပါပြီ။
၁၆ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
17 ၁၇ သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော်၊
၁၇သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊
18 ၁၈ မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။
၁၈မောရှေသည် အထံ တော်မှ ထွက် ၍ ၊ ထာဝရဘုရား ကို တောင်းပန် လေ၏။
19 ၁၉ ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။
၁၉ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
20 ၂၀ သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။
၂၀သို့သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်လေ၏။
21 ၂၁ တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
၂၁တဖန် ထာဝရဘုရား က၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ် ၍ တွေ့ရသောမှောင်မိုက် ဖြစ် စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
22 ၂၂ မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
၂၂မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
23 ၂၃ ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကို ရကြ၏။
၂၃ထိုအခါ တယောက်ကိုတယောက်မ မြင် နိုင်ကြ။ သုံး ရက် ပတ်လုံးအဘယ်သူမျှ မိမိ နေရာ မှ မ ထ ရကြ။ သို့ရာတွင် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မိမိ တို့နေရာ ၌ အလင်း ကို ရ ကြ၏။
24 ၂၄ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။
၂၄ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန်ကို ခေါ် ၍ ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင်သိုး နွား များကို ထား ခဲ့ကြစေ။ သူငယ် များကို ခေါ် ကြစေဟု မိန့် တော်မူ၏။
25 ၂၅ မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။
၂၅မောရှေ ကလည်း ၊ ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် စရာဘို့ ယဇ်ကောင် များ၊ မီးရှို့ ရာပူဇော်သက္ကာများကို ကိုယ်တော် ပေး ရမည်။
26 ၂၆ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော်၊
၂၆ကျွန်ုပ် တို့သည် တိရစ္ဆာန် များကို ဆောင်သွား ရမည်။ တကောင်မျှ မ ကျန်ရစ် ရ။ အကြောင်းမူကား ၊ သူ တို့အထဲက ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု စရာဘို့ ရွေး ယူရမည်။ ထာဝရ ဘုရားအား အဘယ် မည်သောအကောင်နှင့် ဝတ်ပြု ရမည်ကို ထို အရပ်သို့ မ ရောက် မှီ မ သိ ပါဟု ဆို လေသော်၊
27 ၂၇ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ်။
၂၇ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။
28 ၂၈ မောရှေကိုလည်း၊ ငါ့ထံမှ ထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။
၂၈မောရှေ ကို လည်း ၊ ငါ့ ထံမှ ထွက် သွားလော့။ နောက် တဖန် ငါ့ မျက်နှာ ကို မ မြင် အောင် သတိပြု လော့။ ငါ့ မျက်နှာ ကို မြင် သောနေ့ ၌ သေ မည်ဟု မိန့် တော်မူ၏။
29 ၂၉ မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို၏။
၂၉မောရှေ ကလည်း ၊ မိန့် တော်မူချက်သည် လျောက်ပတ် ပါ၏။ မျက်နှာ တော်ကို နောက် တဖန်မ မြင် ပါဟု လျှောက်ဆို ၏။