< ထွက်မြောက်ရာ 1 >
1 ၁ မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့၏အမည်ဟူမူကား၊
Ето имената на синовете на Израиля, които дойдоха в Египет заедно с Якова; всеки дойде с челядта си:
2 ၂ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
Рувим, Симеон, Левий и Юда,
3 ၃ ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
Исахар, Завулон, и Вениамин,
4 ၄ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ - ယာကုပ် အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။
Дан и Нефталим, Гад и Асир.
Всичките човеци, които излязоха из чреслата на Якова бяха седемдесет души; а Иосиф беше вече в Египет.
6 ၆ ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။
И умря Иосиф, всичките му братя, и цялото онова поколение.
7 ၇ ဣသရေလအမျိုးသားတို့သည် သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌ နှံ့ပြားကြလေ၏။
А потомците на Израиля се наплодиха и размножиха, увеличиха се и толкова много се засилиха, щото земята се изпълни от тях.
8 ၈ ထိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။
Тогава се възцари над Египет нов цар, който не познаваше Иосифа.
9 ၉ ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ၍များကြ၏။ သာ၍အားကြီး ကြ၏။
И той рече на людете си: Вижте, тия люде, израилтяните са по-много и по-силни от нас;
10 ၁၀ လာကြ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား၍ ငါတို့ကို တိုက်သဖြင့်၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။
елате, да постъпим разумно спрямо тях, за да се не размножават, да не би, в случай на война, да се съединят и те с неприятелите ни, да воюват против нас и да си отидат от земята.
11 ၁၁ ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကို တည်ဆောက်ရကြ၏။
Затова поставиха над тях настойници, които да ги измъчват с тежък труд; и те съзидаха на Фараона Питом и Рамесий, градове за житници.
12 ၁၂ သို့သော်လည်း၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ်၍၊
Но колкото повече ги измъчваха, толкова повече те се размножаваха и се разширяваха, така че египтяните се отвращаваха от израилтяните.
13 ၁၃ အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။
Затова египтяните караха жестоко израилтяните да работят;
14 ၁၄ သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာ စေခိုင်းကြ၏။
огорчаваха живота им с тежка работа, да правят кал и кирпичи и да вършат всякакъв вид полска работа, всичките работи, с които ги караха да работят, бяха твърде тежки.
15 ၁၅ ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမ တို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊
При това, египетският цар заръча на еврейските баби, (от които едната се именуваше Шифра, а другата Фуа), като им каза:
16 ၁၆ သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော် ရှိ၏။
Когато бабувате на еврейките и видите, че раждат, ако родят син, убивайте го, но ако родят дъщеря, тогава нека живее.
17 ၁၇ ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။
Но бабите се бояха от Бога, та не правеха каквото им заръча египетския цар, а оставяха живи мъжките деца.
18 ၁၈ အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကို ခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊
Тогава египетския цар повика бабите и им рече: Защо правите това та оставяте живи мъжките деца?
19 ၁၉ ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တု၊ မိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။
И бабите казаха на Фараона: Понеже еврейките не са като египтянките; защото са пъргави и раждат преди да дойдат бабите при тях.
20 ၂၀ ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။
Затова Бог правеше добро на бабите. А людете се размножаваха и засилваха твърде много.
21 ၂၁ ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော် မူ၏။
И понеже бабите се бояха от Бога, Той им направи домове.
22 ၂၂ ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။
Тогава Фараон заръча на всичките си люде, като каза: Всеки син, който се роди на евреите, хвърляйте го в Нил, а всяка дъщеря оставяйте жива.