< ဧ​သ​တာ 9 >

1 ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊
Pa mwezi wa 12, mwezi wa Adara pa tsiku la 13 la mwezi womwewo, tsiku limene lamulo loyamba lija la mfumu linayembekezereka kuti litsatidwe, pamene adani a Ayuda anati awononge Ayudawo, zinthu zinasintha. Ayuda ndiwo anawononga adani awo.
2 ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
Ayuda anasonkhana mʼmizinda ya zigawo zonse za Mfumu Ahasiwero kuthira nkhondo onse amene anafuna kuwawononga. Palibe amene akanalimbana nawo chifukwa anthu onse a mitundu ina anachita nawo mantha.
3 အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
Ndipo akuluakulu onse a zigawo, akalonga, akazembe ndi ogwira ntchito za mfumu anathandiza Ayuda, chifukwa anachita mantha ndi Mordekai.
4 အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။
Pajatu Mordekai anali munthu wamkulu mʼnyumba ya ufumu. Mbiri yake inafalikira zigawo zonse, ndipo mphamvu zake zinakulirakulirabe.
5 ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။
Motero Ayuda anakantha adani awo onse ndi lupanga, kuwapha ndi kuwawononga, ndipo anachita chimene chinawakomera kwa adani awo.
6 ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
Ku likulu la mzinda wa Susa, Ayuda anapha ndi kuwononga anthu 500.
7 ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
Ayuda anaphanso Parisandata, Dalifoni, Asipata,
8
Porata, Adaliya, Aridata,
9
Parimasita, Arisai, Aridai ndi Vaisata,
10 ၁၀
ana khumi a Hamani, mwana wa Hamedata, mdani wa Ayuda. Koma sanalande katundu wawo.
11 ၁၁ ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
Tsiku lomwelo anawuza mfumu chiwerengero cha anthu amene anaphedwa mu likulu la mzinda wa Susa.
12 ၁၂ ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
Mfumu inati kwa mfumukazi Estere, “Ayuda apha ndi kuwononga anthu 500 ndi ana khumi a Hamani mu likulu la mzinda wa Susa. Nanga ku zigawo zina zonse za mfumu achitako chiyani? Kodi tsopano ukupemphanso chiyani? Chimene ukupempha ndidzakupatsa. Kodi ukufuna chiyani? Chimene ukufuna ndidzakupatsa.”
13 ၁၃ ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
Estere anayankha kuti, “Ngati chingakukomereni mfumu, apatseni chilolezo Ayuda okhala mu Susa kuti achitenso zimene achita lerozi mawa, potsata lamulo ndipo mulole kuti ana khumi a Hamani aja mitembo yawo ipachikidwe pa mtanda.”
14 ၁၄ ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။
Choncho mfumu inalamula kuti izi zichitike. Anapereka lamulo mu Susa ndipo mitembo ya ana khumi a Hamani anayipachika pa mtanda.
15 ၁၅ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
Ayuda a mu mzinda wa Susa anasonkhana pamodzi pa tsiku la 14 la mwezi wa Adara ndipo anapha anthu 300 mu Susa, koma sanatenge katundu wawo.
16 ၁၆ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
Tsono Ayuda ena onse amene anali mu zigawo za mfumu anasonkhananso kudziteteza ndipo sanasautsidwenso ndi adani popeza anapha anthu 75,000 koma sanalande zofunkha zawo.
17 ၁၇ ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။
Zonsezi zinachitika pa tsiku la 13 la mwezi wa Adara ndipo pa tsiku la 14 anapumula ndi kupanga tsikuli kuti likhale la madyerero ndi chikondwerero.
18 ၁၈ ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။
Koma Ayuda okhala mu Susa anasonkhana pa tsiku la 13 ndi la 14 ndipo anakonza tsiku la 15 kuti likhale tsiku la madyerero ndi chikondwerero.
19 ၁၉ မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
Ichi ndi chifukwa chake Ayuda a ku midzi, amene amakhala mʼzithando amasunga tsiku la 14 la mwezi wa Adara ngati la madyerero ndi chikondwerero, tsiku lopatsana mphatso.
20 ၂၀ တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
Mordekai analemba mawu awa mʼmakalata ndipo anawatumiza kwa Ayuda onse okhala mʼzigawo zonse za mfumu Ahasiwero, a pafupi ndi a kutali:
21 ၂၁ ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊
Anati chaka chilichonse, Ayudawo azisunga tsiku la 14 ndi 15 la mwezi wa Adara,
22 ၂၂ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
ngati masiku amene Ayuda anapulumutsidwa kwa adani awo, ndiponso ngati mwezi umene chisoni chawo chinasandulika chimwemwe ndi kulira kwawo kunasandulika chikondwerero. Anawalembera kuti azisunga masikuwa ngati masiku a madyerero ndi chikondwerero, masiku opatsana mphatso zachakudya kwa wina ndi mnzake komanso opereka mphatso kwa osauka.
23 ၂၃ ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
Choncho Ayuda anavomereza kusunga masikuwa ngati a chikondwerero monga analembera Mordekai.
24 ၂၄ ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊
Hamani mwana wa Hamedata, Mwagagi, mdani wa Ayuda onse, anakonza chiwembu chakupha ndi kuwononga Ayuda ndipo anachita maere otchedwa Purimu kuti awaphe ndi kuwawononga.
25 ၂၅ ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
Koma mfumu itazindikira za chiwembuchi, inalamula kuti zilembedwe mʼmakalata kuti chiwembu chimene Hamani anakonzera Ayuda chigwere pa iye mwini, ndi kuti iye pamodzi ndi ana ake apachikidwe pa mtanda.
26 ၂၆ ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊
Ndi chifukwa chake masiku amenewa amatchedwa masiku a Purimu potsata dzina lakuti Purimu. Chifukwa cha kalata ya Mordekai ndiponso chifukwa cha zimene anaziona ndi kuwachitikira,
27 ၂၇ ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊
Ayuda onse anagwirizana kukhazikitsa lamulo lokhudza iwo, zidzukulu zawo ndi onse amene adzapanga nawo ubale kuti asalephere kusunga masiku awiri amenewa chaka chilichonse monga zinalembedweramo ndiponso potsata nthawi imene anayika.
28 ၂၈ ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
Azisunga ndi kukumbukira masiku amenewa mu mʼbado uliwonse ndi banja lililonse, mʼchigawo chilichonse ndi mu mzinda uliwonse. Ndipo Ayuda asadzasiye kukondwerera masiku a Purimuwa ndiponso zidzukulu zawo zisadzaleke kuwakumbukira.
29 ၂၉ ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။
Choncho mfumukazi Estere, mwana wa mkazi wa Abihaili, pamodzi ndi Mordekai Myuda analemba ndi ulamuliro onse kutsimikizira kalata iyi yachiwiri yokhudza Purimu.
30 ၃၀ ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
Ndipo Mordekai anatumiza makalata kwa Ayuda onse ku zigawo 127 za ufumu wa Ahasiwero. Kalatayi inali ya mawu a mtendere ndiponso a kukhulupirika
31 ၃၁ ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
kuti azisunga masiku a Purimu pa nyengo imene inavomerezeka monga mmene Mordekai Myuda ndi mfumukazi Estere anawalamulira ndiponso monga anadziyikira eni okha ndi zidzukulu zawo zonena za nthawi zawo za kusala zakudya ndi kulira.
32 ၃၂ ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။
Lamulo la Estere linakhazikitsa mwambo wa Purimuwu ndipo zinalembedwa mʼmabuku.

< ဧ​သ​တာ 9 >