< ဧသတာ 7 >
1 ၁ တဖန်ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏။
၁တဖန် ရှင်ဘုရင် နှင့် ဟာမန် သည်၊ မိဖုရား ဧသတာ နှင့်အတူ စပျစ်ရည်သောက် အံ့သောငှါ သွား ကြ၏။
2 ၂ ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆု ကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
၂ဒုတိယ နေ့ ရက်၌ စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေး မည်။ အဘယ်ဆု ကို တောင်း ချင်သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
3 ၃ မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
၃မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
4 ၄ ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
၄ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
5 ၅ ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊
၅ရှင်ဘုရင် အာရွှေရု ကလည်း ၊ ထိုသို့ ပြု မည်ဟု ကြံဝံ့သောသူကား အဘယ် သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရား ဧသတာ အား မေး တော်မူလျှင်၊
6 ၆ ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏ဟု လျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ၏။
၆ဧသတာ က၊ ရန် ဘက်ပြုသောရန်သူ သည် ဤ ဆိုးညစ် သော ဟာမန် ဖြစ်ပါ၏ဟု လျှောက် သော်၊ ဟာမန် သည် ရှင်ဘုရင် နှင့် မိဖုရား ရှေ့ မှာ ကြောက်ရွံ့ ခြင်း သို့ ရောက်လေ၏။
7 ၇ ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော် မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ၏။
၇ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။
8 ၈ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။
၈ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
9 ၉ မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။
၉မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။
10 ၁၀ ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။
၁၀ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။