< ဧသတာ 5 >
1 ၁ သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။
तिन दिनपछि एस्तरले आफ्नो राजकीय पोशाक पहिरिन्, र राजदरबारको सामु रहेको चोकमा खडा हुन गइन् । राजाचाहिँ राजदरबारको राजकीय सिंहासनमा बसेर मूल ढोकातर्फ हेरिरहेका थिए ।
2 ၂ မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။
जब राजाले एस्तरलाई चोकमा खडा भएको देखे, तब तिनका नजरमा उनले स्वीकृति पाइन् । तिनले आफ्नो हातमा भएको सुनको राजदण्ड उनीतिर पसारे । त्यसैले एस्तर नजिक गइन् र राजदण्डको टुप्पोलाई छोइन् ।
3 ၃ ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင် သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
तब राजाले उनलाई भने, “रानी एस्तर, तिमी के चाहन्छ्यौ? तिम्रो अनुरोध के छ? मेरो आधा राज्यसम्म पनि म तिमीलाई दिनेछु ।”
4 ၄ ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော်၊
एस्तरले भनिन्, “राजालाई खुसी लागेमा मैले हजुरको निम्ति तयार पारेको भोजमा हजुर र हामानको सवारी होस् ।”
5 ၅ ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ၏။
तब राजाले भने, “एस्तरले भनेकी कुरा गर्न हामानलाई झट्टै ल्याओ ।” त्यसैले राजा र हामान एस्तरले तयार पारेको भोजमा गए ।
6 ၆ တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊
भोजमा दाखमद्य टक्र्याइँदा राजाले एस्तरलाई भने, “तिम्रो बिन्ती के हो? त्यो तिमीलाई दिइनेछ । तिम्रो अनुरोध के हो? तिमीलाई आधा राज्यसम्म पनि दिइनेछ ।”
7 ၇ ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊
एस्तरले जवाफ दिइन्, “मेरो बिन्ती र मेरो अनुरोध यही हो,
8 ၈ ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။
मैले राजाको दृष्टिमा निगाह प्राप्त गरेकी छु भने र राजालाई मेरो बिन्ती पुरा गर्न र मेरो अनुरोधलाई आदर गर्न खुसी लाग्यो भने मैले हजुरको निम्ति भोली तयार गर्ने भोजमा राजा र हामानको सवारी होस्, अनि म राजाको प्रश्नको जवाफ दिनेछु ।”
9 ၉ ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။
त्यस दिन हामान आनन्दित र हृदयमा प्रसन्न भएर गए । तर जब हामानले राजाको ढोकामा मोर्दकैलाई न खडा भएको न त तिनको सामु डरले थरथर काँपेको देखे, तब तिनी मोर्दकैको विरुद्धमा रिसले चुर भए ।
10 ၁၀ သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊
तापनि हामानले आफैलाई नियन्त्रण गरी आफ्नो घर लागे । तिनले आफ्ना मित्रहरूलाई खबर पठाए र आफ्नी पत्नी जेरेशसहित तिनीहरूलाई एकसाथ भेला गरे ।
11 ၁၁ မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
हामानले तिनीहरूलाई आफ्नो धनदौलतको रवाफ, आफ्ना धेरै जना छोराहरू, राजाले तिनलाई दिएका सबै पदोन्नति अनि राजाका सबै अधिकारी र सेवकहरूभन्दा बढी तिनको प्रगति कसरी भयो भनेर बयान दिए ।
12 ၁၂ မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန်၏။
हामानले भने, “रानी एस्तरले तयार पार्नुभएको भोजमा उहाँले राजासँगै आउन मबाहेक अरू कसैलाई निमन्त्रणा दिनुभएन । भोली पनि उहाँले राजासँगै मलाई निमन्त्रणा दिनुभएको छ ।
13 ၁၃ သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး၊ ယခုဘော်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိဟု ဆို၏။
तर मैले मोर्दकैलाई राजाको ढोकामा बसिरहेको देखेसम्म मेरा लागि यी सबै कुराले कुनै अर्थ राख्दैन ।”
14 ၁၄ ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲ ချတိုင်ကို လုပ်စေ၏။
तर तिनकी पत्नी जेरेशले हामान र तिनका सबै मित्रहरूलाई भनिन्, “तिनीहरूले पच्चिस मिटर अग्लो एउटा फाँसीको काठ बनाऊन् । बिहान मोर्दकैलाई त्यसमा झुण्ड्याउन राजासित कुरा गर्नुहोस् । तब आनन्दित भएर राजासँगै भोजमा जानुहोस् ।” हामानलाई यो कुरा मन पर्यो, र तिनले एउटा फाँसीको काठ बनाउन लगाए ।