< ဧသတာ 4 >
1 ၁ ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
၁ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
2 ၂ လျှော်တေအဝတ်ကိုဝတ်လျက် နန်းတော်တံခါး ထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါး ရှေ့မှာ ရပ်နေ၏။
၂လျှော်တေ အဝတ် ကိုဝတ်လျက် နန်းတော်တံခါး ထဲ သို့ အဘယ်သူ မျှမဝင် ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့ မှာ ရပ် နေ၏။
3 ၃ ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု၍၊ လူများ တို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။
၃ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
4 ၄ မော်ဒကဲအမှုကို ဧသတာ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။
၄မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။
5 ၅ တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှုရှိ သနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း၊
၅တဖန် ဧသတာ သည် ရှင်ဘုရင် အမိန့်တော်နှင့် ခစား သော မိန်းမစိုး ဟာတက် ကို ခေါ် ၍ ၊ အဘယ် အမှုရှိ သနည်း။ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေး စေခြင်းငှါ စေလွှတ် သည်အတိုင်း၊
6 ၆ ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့၊ မြို့တော်လမ်းသို့သွား၍၊
၆ဟာတက် သည် မော်ဒကဲ ရှိ ရာ နန်းတော်တံခါး ရှေ့ ၊ မြို့ တော်လမ်း သို့ သွား ၍၊
7 ၇ မော်ဒကဲသည် မိမိ၌ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို၎င်း ကြားပြောလျက်၊
၇မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊
8 ၈ ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ရှုရှန်နန်းတော်၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး၍၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ၏။
၈ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ရှုရှန် နန်းတော်၌ ထုတ် သော အမိန့် တော်စာလက်ခံ ကို ဧသတာ အား ပြ ဘို့ ပေး ၍ ၊ ဧသတာသည် မိမိ လူမျိုး အဘို့ တောင်း လျှောက် ခြင်းငှါ ၊ ရှင်ဘုရင် ထံ တော်သို့ဝင် ရမည်အကြောင်း မှာ လိုက် လေ၏။
9 ၉ ဟာတက်သည်လည်းလာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။
၉ဟာတက် သည်လည်းလာ ၍ မော်ဒကဲ စကား ကို ဧသတာ အား ပြန်ပြော ၏။
10 ၁၀ တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊
၁၀တဖန် ဧသတာ သည် ဟာတက် အားဖြင့် ၊ မော်ဒကဲ ကို မှာ လိုက်သည်ကား၊
11 ၁၁ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
၁၁ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊
12 ၁၂ ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ် လျှင်၊
၁၂ဧသတာ စကား ကို မော်ဒကဲ အား ပြန်ပြော သောအခါ ၊ မော်ဒကဲ က၊ အခြားသော ယုဒ လူ အသက်မလွတ် လျှင်၊
13 ၁၃ နန်းတော်၌နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့်။
၁၃နန်းတော် ၌နေသော်လည်းသင့်အသက်လွတ် မည်ဟု မ ထင် နှင့်။
14 ၁၄ ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏။
၁၄ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။
15 ၁၅ ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။
၁၅ဧသတာ ကလည်း ၊ ရှုရှန် မြို့၌ ရှိသောယုဒ လူအပေါင်း တို့ကို စုဝေး စေခြင်းငှါသွား ပါ။
၁၆နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
၁၇ထိုနောက်အာဏာ တော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မည်။ သေ လျှင် အသေခံ ပါမည်ဟု မော်ဒကဲ အား ပြန် ပြောစေခြင်းငှါ မှာ လိုက် သမျှ အတိုင်း ၊ မော်ဒကဲ သည် သွား ၍ ပြု လေ၏။