< ဧသတာ 2 >
1 ၁ တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ၊ ဝါရှိတိကို၎င်း၊ သူပြုသောအမှုနှင့် သူ့တဘက် ၌စီရင်သော အမှုကို၎င်း အောက်မေ့တော်မူ၏။
Etter ei tid var gjengi og sinne hadde runne av kong Ahasveros, tenkte han på Vasti, og åtferda hennar, og domen yver henne.
2 ၂ အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။
Hirdmennerne som gjorde tenesta hjå kongen, sagde då: «Lat folk leita upp åt kongen fagre ungmøyar!
3 ၃ အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှါ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
Lat kongen setja folk i alle kongens jarlerike til å samla alle fagre ungmøyar til kvendehuset i borgi Susan under tilsyn av kongens hirdmann Hege, kvendevaktaren, so dei kann få det dei treng til å hama seg.
4 ၄ နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။
Den ungmøyi som kongen likar, ho skal då verta dronning i staden for Vasti.» Dette tykte kongen vel um, og han so gjorde.
5 ၅ ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။
I borgi Susan var det ein jøde som heitte Mordokai, son åt Ja’ir, son åt Sime’i, son åt Kis, av Benjamins-ætti.
6 ၆ ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
Han var burtførd frå Jerusalem millom dei fangarne som vart burtførde saman med Juda-kongen Jekonja, dei som Babel-kongen Nebukadnessar førde burt.
7 ၇ ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
Han var fosterfar åt Hadassa, som og heitte Ester, dotter åt farbror hans; ho åtte korkje far eller mor. Gjenta var velvaksi og væn. Og då foreldri hennar døydde, tok Mordokai henne til seg som si eigi dotter.
8 ၈ ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သော အခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုး ဟေဂဲ၌အပ်ရာတွင်၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။
Då kongebodet og fyreseigni vart kunngjort, og dei samla saman mange ungmøyar i borgi Susan under tilsyn av Hegai, henta dei ogso Ester til kongshuset under tilsyn av kvendevaktaren Hegai.
9 ၉ ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာ ရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက် လေ၏။
Han lika gjenta godt og fann hugnad i henne. Difor skunda han seg å gjeva henne alt turvande til å hama seg, like eins gav han henne den maten ho skulde hava, og dei sju ternor ho skulde hava frå kongshuset. Han let henne og ternorne hennar flytja inn i beste romet i kvendehuset.
10 ၁၀ ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ၏။
Ester gat ikkje eit ord um folket sitt eller ætti si; Mordokai hadde sagt henne fyre å tegja um det.
11 ၁၁ ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။
Kvar einaste dag gjekk Mordokai att og fram utanfor garden ved kvendehuset, han vilde få vita kor det stod til med Ester, og kor det gjekk henne.
12 ၁၂ ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။
Kvar ungmøy kom inn til kong Ahasveros etter tur. Det gjekk tolv månader til å stella med deim etter påbodet um kvendi: seks månader med myrra-olje, og seks månader med angande salvar og anna som kvende treng til å hama seg.
13 ၁၃ ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။
Når so ungmøyi gjekk inn til kongen, fekk ho med seg frå kvendehuset til kongshuset alt det ho ynskte.
14 ၁၄ ညဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော် မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ။
Um kvelden gjekk ho inn; um morgonen gjekk ho attende, men då til eit anna kvendehus, under tilsyn av kongens hirdmann Sa’asgaz, vaktaren yver fylgjekonorne. Ho fekk då ikkje koma inn att til kongen, minder kongen lika henne so godt, at han sende bod etter henne med namns nemning.
15 ၁၅ မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။
Då radi kom til Ester, dotter åt Abiha’il, som var farbror åt Mordokai, fosterfar hennar, so kravde ho ikkje anna med seg enn det hirdmannen Hegai, kvendevaktaren, rådde til. Og alle som såg Ester, fann hugnad i henne.
16 ၁၆ ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊
Ester vart henta til kong Ahasveros i kongshuset hans i den tiande månaden, månaden tebet, i sjuande styringsåret hans.
17 ၁၇ အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။
Kongen vart gladare i Ester enn i alle dei andre kvendi; ho vann meir hugnad og godhug hjå honom enn alle dei andre ungmøyarne. Han sette kongskruna på hovudet hennar og gjorde henne til dronning i staden for Vasti.
18 ၁၈ ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။
Og kongen gjorde eit stort gjestebod for alle hovdingarne og tenarane sine, eit Ester-gjestebod, og han gav skattelette i alle jarleriki og gav gåvor med kongeleg raustleik.
19 ၁၉ သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။
Andre gongen samla dei saman ungmøyar, og Mordokai sat då kongsporten.
20 ၂၀ ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။
Ester hadde ikkje gjete ord um ætti si og folket sitt, etter pålegget frå Mordokai; Ester lydde framleides bodet hans Mordokai, like eins som då ho vart fostra hjå honom.
21 ၂၁ ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။
Den tid Mordokai sat i kongsporten, vart Bigtan og Teres, tvo konglege hirdmenner som heldt vakt ved dørstokken, harme og freista finne høve til å leggja hand på kong Ahasveros.
22 ၂၂ ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။
Mordokai fekk vita dette, og sagde det med dronning Ester; so nemde Ester det med kongen på Mordokais vegner.
23 ၂၃ ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။
Saki vart granska, og det viste seg at det var sant, og dei tvo vart hengde i ein galge. Dette vart uppskrive i krønikeboki for kongen.