< ဧဖက် 1 >
1 ၁ ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။
Paul, an Apostle of Christ Jesus by the will of God: To God's people who are in Ephesus--believers in Christ Jesus.
2 ၂ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော။
May grace and peace be granted to you from God our Father and the Lord Jesus Christ.
3 ၃ ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊
Blessed be the God and Father of our Lord Jesus Christ, who has crowned us with every spiritual blessing in the heavenly realms in Christ;
4 ၄ ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
even as, in His love, He chose us as His own in Christ before the creation of the world, that we might be holy and without blemish in His presence.
5 ၅ ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ၊
For He pre-destined us to be adopted by Himself as sons through Jesus Christ--such being His gracious will and pleasure--
6 ၆ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။
to the praise of the splendour of His grace with which He has enriched us in the beloved One.
7 ၇ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊
It is in Him, and through the shedding of His blood, that we have our deliverance--the forgiveness of our offences--so abundant was God's grace,
8 ၈ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။
the grace which He, the possessor of all wisdom and understanding, lavished upon us,
9 ၉ ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ၏။
when He made known to us the secret of His will. And this is in harmony with God's merciful purpose
10 ၁၀ ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။
for the government of the world when the times are ripe for it--the purpose which He has cherished in His own mind of restoring the whole creation to find its one Head in Christ; yes, things in Heaven and things on earth, to find their one Head in Him.
11 ၁၁ မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။
In Him we Jews have been made heirs, having been chosen beforehand in accordance with the intention of Him whose might carries out in everything the design of His own will,
12 ၁၂ အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း။
so that we should be devoted to the extolling of His glorious attributes--we who were the first to fix our hopes on Christ.
13 ၁၃ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။
And in Him you Gentiles also, after listening to the Message of the truth, the Good News of your salvation--having believed in Him--were sealed with the promised Holy Spirit;
14 ၁၄ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။
that Spirit being a pledge and foretaste of our inheritance, in anticipation of its full redemption--the inheritance which He has purchased to be specially His for the extolling of His glory.
15 ၁၅ ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊
For this reason I too, having heard of the faith in the Lord Jesus which prevails among you, and of your love for all God's people,
16 ၁၆ သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။
offer never ceasing thanks on your behalf while I make mention of you in my prayers.
17 ၁၇ ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊
For I always beseech the God of our Lord Jesus Christ--the Father most glorious--to give you a spirit of wisdom and penetration through an intimate knowledge of Him,
18 ၁၈ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊
the eyes of your understanding being enlightened so that you may know what is the hope which His call to you inspires, what the wealth of the glory of His inheritance in God's people,
19 ၁၉ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
and what the transcendent greatness of His power in us believers as seen in the working of His infinite might
20 ၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
when He displayed it in Christ by raising Him from the dead and seating Him at His own right hand in the heavenly realms,
21 ၂၁ ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊ (aiōn )
high above all other government and authority and power and dominion, and every title of sovereignty used either in this Age or in the Age to come. (aiōn )
22 ၂၂ ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။
God has put all things under His feet, and has appointed Him universal and supreme Head of the Church, which is His Body,
23 ၂၃ ထိုအသင်တော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။
the completeness of Him who everywhere fills the universe with Himself.