< ဧ​ဖက် 2 >

1 ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ၊
Na tatkhialna uh te le na mawna uh te sung ah na thi zo uh a, tua pan in hong nungtasak kik hi;
2 သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ။ (aiōn g165)
A bosa hun sung ah leitung ngeina bang in ahizong, hui sung a om vangletna a ukpa ngeina bang in ahizong in, thu ni ngawl tate sung ah na a seam thaa ngeina bang in ahizong, note na nungta ngei uh hi: (aiōn g165)
3 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။
Eite zong ngualdang te bangma in a bosa hun sung ah cilesa deina sung ah i nungta a, i pumpi le i thinsung i uk teng i kicingsak hi; taciang cilesa ngeina bang in thin-ukna i tate i hihi.
4 သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
Ahihang thuthiamna taw a dim Pathian in itna lianpi taw hong it hi,
5 ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။
Mawna sung ah i thi laitak in, Christ taw hong nungta khawmsak hi, thuthiamna tungtawn in ngupna na nga uh hi;
6 ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။
Taciang hong tho khawmsak zo a, Christ Jesus sung ah van ah hong to khawmsak hi:
7 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ (aiōn g165)
Tua thu sia hongpai tu hun sung ah eite tung ah ama thuthiamna i a lamdang hauna sia a phatna sung ah Christ Jesus tungtawn in hong lak thei natu a hihi. (aiōn g165)
8 ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
Banghangziam cile note sia thuthiamna hang in upna tungtawn in ngupna na nga zo uh hi; taciang tua ngupna sia note pan in hong piang hi ngawl hi: hi sia in Pathian letsong a hihi:
9 ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
Sepna hang hi ngawl hi, tua ahikom kuama ki suantak tu hi ngawl hi.
10 ၁၀ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
Banghangziam cile eite sia Pathian i khutma te i hihi, Christ Jesus sung ah nasep pha te a seam tu in a ki bitphua te i hihi, tua nasep pha te sung ah i nuntak thei natu in Pathian in hong ciangtan hi.
11 ၁၁ ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊
Tua ahikom a bosa hun sung ah note sia cilesa deina taw Gentile mite na hi uh a, cilesa deina taw in khut taw vunteap tan te in vunteap tan ngawl te, hong ci uh hi, ci phawk tawntung tavun;
12 ၁၂ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။
Tua hun in note in Christ na nei bua uh hi, Israel minam sung ah ki hel ngawl in peamta te na hi uh hi, taciang kamciam thu te pan zong peamta te na hi uh hi, taciang leitung ah Pathian na nei bua uh a, lametna zong na nei bua uh hi:
13 ၁၃ သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။
Nidang in note sia a khuala mama na ah na om ngei uh a, Christ thisan tungtawn in hong naisak kik a, tu in Christ Jesus sung ah na om uh hi.
14 ၁၄ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။
Banghangziam cile Ama sia i thinnopna hi a, Ama in pumkhat in hong vawt hi, taciang i ki laklaw ah hong khak kidalna sia baltham zo hi;
15 ၁၅ ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊
Ama in ki ngalvawtna, biakna ngeina sung a om thupiak te sia Ama pumpi sung ah bosak siat zo hi; banghangziam cile Ama sung ah mihing ni sia mihing thak khat vawt tu in kilemna vawt hi;
16 ၁၆ ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။
Taciang thinglamte tungtawn in mihing ni sia Pathian tung ah pumpi khat hi tu a, kilemna vawtsak tu in, ki ngalvawtna that hi:
17 ၁၇ ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။
Taciang a khualapi a om note le a nai na a om te tung ah Christ hongpai a, kilemna thu hong hil hi.
18 ၁၈ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။
Banghangziam cile Christ tungtawn in ahizong, Thaa khat tungtawn in ahizong, Pa kung ah i tum thei hi.
19 ၁၉ ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။
Tua ahikom, tu in note sia peamta te le ngamdang mite na hi nawn bua uh hi, ahihang mithiangtho te taw ngam khat i mi le Pathian innkuanpui na hi uh hi;
20 ၂၀ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။
Taciang note sia sawltak te le kamsang te i phungkawng tung ah a kisa te na hi uh a, Jesus Christ ama cikteak sia a lianbel phungkawng a hihi;
21 ၂၁ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။
Ama sung ah innpi theampo phatak in ki zom dimdiam a, Topa sung ah biakinn thiangtho a hi tu in na khang khawm tek uh hi:
22 ၂၂ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။
Ama sung ah note sia Thaa tungtawn in Pathian om natu in munkhat ah a kisa khawm te na hi uh hi.

< ဧ​ဖက် 2 >