< ဒေသနာ 8 >
1 ၁ အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
Ai sánh được với người khôn ngoan? Ai biết giải nghĩa các vật? Sự khôn ngoan làm cho sáng sủa mắt người, và đổi sắc nghiêm trang đi.
2 ၂ ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
Ta khuyên rằng: Vì cớ lời thề cùng Đức Chúa Trời, khá gìn giữ mạng vua.
3 ၃ သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။
Chớ vội lui ra khỏi trước mặt người; đừng ghì mài trong sự ác, vì vua làm điều chi đẹp lòng mình.
4 ၄ ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။
Vả lại, lời vua có quyền; ai dám nói với người rằng: Ngươi làm chi?
5 ၅ အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။
Ai tuân theo lịnh người thì chẳng biết sự tai nạn, và lòng người khôn ngoan biết thì thế và phép lệ.
6 ၆ လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ၏။
Vì tuy loài người bị sự tai nạn bối rối nhiều, phàm sự gì cũng có thì thế và phép lệ.
7 ၇ နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ။
Vì người chẳng biết điều chi sẽ xảy đến; ai có thế nói trước được các việc sẽ xảy ra làm sao?
8 ၈ နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
Chẳng có ai cai trị được sanh khí để cầm sanh khí lại; lại chẳng ai có quyền về ngày chết; trong khi tranh chiến chẳng có sự miễn thứ; sự gian ác nào cứu được kẻ làm ra nó.
9 ၉ ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။
Ta có thấy các điều đó; ta chuyên lòng suy nghĩ về mọi việc làm ra ở dưới mặt trời. Có khi người nầy cai trị trên người kia mà làm tai hại cho người ấy.
10 ၁၀ ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Ta cũng thấy những kẻ gian ác qua đời, và được chôn bình yên; còn những người làm lành lại phải lìa khỏi nơi thánh, bị người đồng thành quên đi. Aáy cũng là sự hư không.
11 ၁၁ အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
Bởi chẳng thi hành ngay án phạt những việc ác, nên lòng con loài người chuyên làm điều ác.
12 ၁၂ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
Vì kẻ có tội làm ác một trăm lần vẫn được trường thọ; dầu vậy, ta biết rằng kẻ kính sợ trước mặt Đức Chúa Trời, sau rốt ắt được phước.
13 ၁၃ အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။
Nhưng kẻ ác chẳng sẽ được phước; cũng sẽ không được sống lâu, vì đời nó giống như bóng qua; ấy tại nó không kính sợ trước mặt Đức Chúa Trời.
14 ၁၄ မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။
Lại còn có một sự hư không khác trên thế gian: lắm người công bình bị đãi theo công việc kẻ ác, và lắm kẻ ác lại được đãi theo công việc người công bình. Ta nói rằng điều đó cũng là sự hư không.
15 ၁၅ ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
Ta bèn khen sự vui mừng, bởi vì dưới mặt trời chẳng có điều gì tốt cho loài người hơn là ăn, uống, và vui sướng; vì ấy là điều còn lại cho mình về công lao trọn trong các ngày của đời mình, mà Đức Chúa Trời ban cho mình dưới mặt trời.
16 ၁၆ လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။
Khi ta chuyên lòng để học biết sự khôn ngoan, để hiểu mọi việc làm ra trên đất, thì ta thấy có người ngày và đêm không cho mắt ngủ,
17 ၁၇ ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။
cũng thấy mọi công việc của Đức Chúa Trời, và hiểu biết người ta không thể dò được mọi việc làm ra dưới mặt trời, dầu chịu cực nhọc ngần nào đặng tìm biết, cũng chẳng tìm được; và dầu cho người khôn ngoan tưởng rằng sẽ chắc biết, thì cũng chẳng tìm được.