< ဒေသနာ 6 >
1 ၁ လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရ သော အမှုဆိုးဟူမူကား၊
Sengibone obunye ububi ngaphansi kwelanga engibona ukuthi bunzima kakhulu ebantwini:
2 ၂ အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
UNkulunkulu upha umuntu inotho lempahla lodumo ukuze angasileli lutho oluloyiswa yinhliziyo yakhe, kodwa uNkulunkulu kamniki amandla okuthi azikholise lezozinto, zikholiswa ngowemzini. Lokhu kuyize, ububi obudanisayo.
3 ၃ လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။
Umuntu angaba labantwana abalikhulu aphile okweminyaka eminengi; ikanti loba angaze aphile kanganani kodwa nxa engeke akholise inotho yakhe njalo angangcwatshwa ngendlela eqondileyo, ngithi umphunzo ungcono kulaye.
4 ၄ အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
Ufika ungasilutho, unyamalale emnyameni lebizo lawo liphelele emnyameni.
5 ၅ နေကိုလည်းမမြင်ရ။ အဘယ်အရာကိုမျှမသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက်သာ၍ ချမ်းသာ ရ၏။
Loba lowomphunzo ungazange ulibone ilanga loba wazi ulutho usekuphumuleni okungcono kulalowomuntu
6 ၆ အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။
loba angaze aphile okweminyaka eyinkulungwane iphindwe kabili kodwa angaze akholisa inotho yakhe. Kabayi ndawonye bonke na?
7 ၇ လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။
Yonke imizamo yomuntu iya emlonyeni wakhe, kodwa iphango lakhe kaligcwali.
8 ၈ ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။
Umuntu ohlakaniphileyo ungcono ngani kulesiwula? Umuntu ongumyanga uzuzani ngokwazi ukuziphatha kuhle phambi kwabanye na?
9 ၉ ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
Kungcono okubonwa lilihlo kulokuhwaywa liphango. Lokhu lakho kuyize, yikuxotshana lomoya.
10 ၁၀ ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
Loba yini ekhona seyavele yethiwa ibizo, laloba yini umuntu ayiyo yona kuvele sekusaziwa; akulamuntu ongaphuthumana lomunye olamandla kulaye.
11 ၁၁ အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။
Ngokwanda kwamazwi siyancipha lesisindo sawo; pho kumsiza ngani umuntu?
12 ၁၂ အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။
Kambe ngubani okwaziyo okulungele umuntu ekuphileni kwakhe ngensuku ezimbalwa ezingatsho lutho adlula kuzo njengethunzi na? Ngubani ongamtshela okuzakwenzeka ngaphansi kwelanga yena esedlule?