< ဒေသနာ 2 >
1 ၁ တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Ам зис инимий меле: „Хайде! Вряу сэ те ынчерк ку веселие ши густэ феричиря.” Дар ятэ кэ ши ачаста есте о дешертэчуне.
2 ၂ ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
Ам зис рысулуй: „Ешть о небуние!” ши веселией: „Че те ыншель деӂяба?”
3 ၃ တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
Ам хотэрыт ын инима мя сэ-мь веселеск трупул ку вин, ын тимп че инима мэ ва кырмуи ку ынцелепчуне, ши сэ стэруеск астфел ын небуние пынэ вой ведя че есте бине сэ факэ фиий оаменилор суб черурь, ын тот тимпул веций лор.
4 ၄ ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
Ам фэкут лукрурь марь: мь-ам зидит касе, мь-ам сэдит вий,
5 ၅ ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
мь-ам фэкут грэдинь ши ливезь де помь ши ам сэдит ын еле тот фелул де помь родиторь.
6 ၆ သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
Мь-ам фэкут язурь ка сэ уд думбрава унде креск копачий.
7 ၇ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
Ам кумпэрат робь ши роабе ши ам авут копий де касэ; ам авут чирезь де бой ши турме де ой май мулт декыт тоць чей че фусесерэ ынаинте де мине ын Иерусалим.
8 ၈ ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
Мь-ам стрынс арӂинт ши аур, ши богэций ка де ымпэраць ши цэрь. Мь-ам адус кынтэрець ши кынтэреце ши десфэтаря фиилор оаменилор: о мулциме де фемей.
9 ၉ ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
Ам ажунс маре, май маре декыт тоць чей че ерау ынаинтя мя ын Иерусалим. Мь-ам пэстрат кяр ынцелепчуня.
10 ၁၀ ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
Тот че мь-ау пофтит окий ле-ам дат; ну мь-ам оприт инима де ла ничо веселие, чи ам лэсат-о сэ се букуре де тоатэ труда мя, ши ачаста мь-а фост партя дин тоатэ остеняла мя.
11 ၁၁ ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
Апой, кынд м-ам уйтат ку бэгаре де сямэ ла тоате лукрэриле пе каре ле фэкусем ку мыниле меле ши ла труда ку каре ле фэкусем, ам вэзут кэ ын тоате есте нумай дешертэчуне ши гоанэ дупэ вынт ши кэ ну есте нимик трайник суб соаре.
12 ၁၂ တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
Атунч мь-ам ынторс привириле спре ынцелепчуне, простие ши небуние. – Кэч че ва фаче омул каре ва вени дупэ ымпэрат? Чея че с-а фэкут ши май ынаинте. –
13 ၁၃ သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
Ши ам вэзут кэ ынцелепчуня есте ку атыт май де фолос декыт небуния, ку кыт есте май де фолос лумина декыт ынтунерикул.
14 ၁၄ ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
Ынцелептул ышь аре окий ын кап, яр небунул умблэ ын ынтунерик. Дар ам бэгат де сямэ кэ ши унул, ши алтул ау ачеяшь соартэ.
15 ၁၅ သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
Ши ам зис ын инима мя: „Дакэ ши еу вой авя ачеяшь соартэ ка небунул, атунч пентру че ам фост май ынцелепт?” Ши ам зис ын инима мя: „Ши ачаста есте о дешертэчуне.”
16 ၁၆ ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
Кэч помениря ынцелептулуй ну есте май вешникэ декыт а небунулуй: кяр ын зилеле урмэтоаре, тотул есте уйтат. Ши апой ши ынцелептул моаре, ши небунул!
17 ၁၇ ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
Атунч ам урыт вяца, кэч ну мь-а плэкут че се фаче суб соаре: тотул есте дешертэчуне ши гоанэ дупэ вынт.
18 ၁၈ ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
Мь-ам урыт пынэ ши тоатэ мунка пе каре ам фэкут-о суб соаре, мункэ пе каре о лас омулуй каре вине дупэ мине, ка сэ се букуре де еа.
19 ၁၉ ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
Ши чине штие дакэ ва фи ынцелепт сау небун? Ши тотушь ел ва фи стэпын пе тоатэ мунка мя, пе каре ам агонисит-о ку трудэ ши ынцелепчуне суб соаре. Ши ачаста есте о дешертэчуне.
20 ၂၀ ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
Ам ажунс пынэ аколо кэ м-а апукат о маре дезнэдежде де тоатэ мунка пе каре ам фэкут-о суб соаре.
21 ၂၁ အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
Кэч есте кыте ун ом каре а мунчит ку ынцелепчуне, ку причепере ши ку избындэ, ши ласэ родул мунчий луй унуй ом каре ну с-а остенит делок ку еа. Ши ачаста есте о дешертэчуне ши ун маре рэу.
22 ၂၂ လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
Кэч, дрепт ворбинд, че фолос аре омул дин тоатэ мунка луй ши дин тоатэ стрэдуинца инимий луй, ку каре се трудеште суб соаре?
23 ၂၃ သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Тоате зилеле луй сунт плине де дурере, ши труда луй ну есте декыт неказ: нич мэкар ноаптя н-аре одихнэ инима луй. Ши ачаста есте о дешертэчуне.
24 ၂၄ စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
Ну есте алтэ феричире пентру ом декыт сэ мэнынче ши сэ бя ши сэ-шь ынвеселяскэ суфлетул ку че есте бун дин агонисяла луй! Дар ам вэзут кэ ши ачаста вине дин мына луй Думнезеу.
25 ၂၅ ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
Чине, ын адевэр, поате сэ мэнынче ши сэ се букуре фэрэ Ел?
26 ၂၆ ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
Кэч Ел дэ омулуй плэкут Луй ынцелепчуне, штиинцэ ши букурие, дар челуй пэкэтос ый дэ грижа сэ стрынгэ ши с-адуне, ка сэ дя челуй плэкут луй Думнезеу! Ши ачаста есте о дешертэчуне ши гоанэ дупэ вынт.