< ဒေသနာ 11 >

1 သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
လူခုနစ် ယောက်မက၊ ရှစ် ယောက်တို့အား ဝေမျှ လော့။ မြေ ပေါ် မှာအဘယ် အမှု ရောက် မည်ကို သင်မ သိ။
3 မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
မိုဃ်းတိမ် တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေ ပေါ် မှာရွာ တတ်၏။ သစ်ပင် သည် တောင် ဘက်သို့ လဲ သည်ဖြစ်စေ ၊ မြောက် ဘက်သို့ လဲသည်ဖြစ်စေ၊ လဲ သောအရပ် ၌ နေရာ ကျ၏။
4 လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။
လေ ကိုမှတ် တတ်သောသူသည်မျိုးစေ့ကိုမ ကြဲ။ မိုဃ်းတိမ် တို့ကို ပမာဏ ပြုတတ်သောသူသည် လည်း စပါး ကိုမ ရိတ်ရာ။
5 နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
နံဝိညာဉ် သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုး တို့သည် အဘယ်သို့ တိုးပွား သည်ကို၎င်း မ သိ နိုင်သကဲ့သို့ ၊ အလုံးစုံ တို့ကို ဖန်ဆင်း တော်မူသောဘုရား သခင်၏အမှုတော် တို့ကို မ သိ နိုင်။
6 နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
နံနက် အချိန်၌ မျိုးစေ့ ကိုကြဲ လော့။ ညဦး အချိန်၌ လည်း မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။
7 အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
အကယ် စင်စစ်အလင်း သည်ချို ၏။ နေ ရောင်ခြည် ကိုမြင် ၍ ပျော် ပါးစရာရှိ၏။
8 သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍ အစဉ် ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။
9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
အချင်းလူပျို ၊ အသက် ပျိုသောအခါ ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။
10 ၁၀ သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
၁၀သို့ဖြစ်၍ ၊ စိတ် ညှိုးငယ် ခြင်းအကြောင်း နှင့် ၊ ကိုယ် ဆင်းရဲ ခြင်းအကြောင်း ကို ပယ်ရှား လော့။ အသက် ငယ် ခြင်းအရာနှင့် အရွယ် ပျိုခြင်းအရာသည် အနတ္တ ဖြစ်၏။

< ဒေသနာ 11 >