< တရားဟောရာ 8 >
1 ၁ သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရ ဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည်။
၁သင်သည် အသက်ရှင် ၍ များပြား မည်အကြောင်း ၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ၍ ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။
2 ၂ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။
၂သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
3 ၃ ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော် မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
၃ထိုသို့ သင့် ကိုနှိမ့်ချ ၍ အငတ် အမွတ်ခံစေတော်မူ သောအခါ ၊ သင် သည် ကိုယ်တိုင်မ သိ ၊ သင် ၏ဘိုးဘေး မ သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့် ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။
4 ၄ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။
၄လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် မ ဟောင်း မနွမ်း၊ သင့် ခြေ လည်း မ ပွန်း မရောင်။
5 ၅ အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည်။
၅အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
6 ၆ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
၆သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။
7 ၇ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊
၇အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
8 ၈ ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊
၈ဂျုံ ၊ မုယော ၊ စပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင် ဆီ ၊ ပျားရည် နှင့် ပြည့်စုံသောပြည်၊
9 ၉ ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက် နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။
၉ဘာမျှ မ လို ဘဲဝစွာ စား ရသောပြည် ၊ သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။
10 ၁၀ ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
၁၀ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
11 ၁၁ ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့။
၁၁ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
12 ၁၂ သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊
၁၂သင်သည် ဝ စွာစား ၍ ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊
13 ၁၃ သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊
၁၃သင် ၏ သိုး နွား ၊ ရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊
14 ၁၄ သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊
၁၄သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
15 ၁၅ မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက်ဘွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော၊
၁၅မီး မြွေ ၊ ကင်းမြီးကောက် များ၍ ၊ ရေ မ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် ၍ မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊
16 ၁၆ သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊
၁၆သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊
17 ၁၇ ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
၁၇ငါ့ တန်ခိုး ၊ ငါ့ လက် သတ္တိ အားဖြင့် ဤ စည်းစိမ် ကို ငါ ရ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
18 ၁၈ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။
၁၈သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
19 ၁၉ သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။
၁၉သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့် ၊ အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ၍ ဝတ်ပြု ကိုးကွယ် လျှင် ၊ ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။
20 ၂၀ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
၂၀သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။