< တရားဟောရာ 7 >
1 ၁ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊
၁သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် သွား ၍ ဝင်စား လတံ့သော ပြည် သို့ သင့် ကို ဆောင် သွင်း လျက် ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ခါနာနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတည်းဟူသော၊ သင့် ထက် ကြီးမြင့် များပြား သော လူမျိုး ခုနစ် မျိုးတို့ကို သင့် ထံ က နှင်ထုတ် ၍၊
2 ၂ တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။
၂တဖန် သင့် လက်၌ အပ် တော်မူသောအခါ၊ သူ တို့ ကို လုပ်ကြံ ၍ အကုန်အစင်သုတ်သင် ပယ်ရှင်းရမည်။ သူ တို့နှင့် မိဿဟာယ မ ဖွဲ့ ရ၊ ကရုဏာ ကို မ ပြရ။
3 ၃ သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
၃သူ တို့နှင့် စုံဘက် ခြင်းကို မ ပြုရ။ သင် ၏သမီး ကို သူ ၏သား နှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
4 ၄ အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။
၄အကြောင်း မူကား၊ သူတို့သည် သင် ၏သား ကို ငါ ၌ မဆည်းမကပ်စေဘဲ၊ အခြား တပါးသော ဘုရား အား ဝတ်ပြု စေခြင်းငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက် ထွက် ၍ သင် တို့ကို ချက်ခြင်း ဖျက်ဆီး တော်မူလိမ့်မည်။
5 ၅ သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
၅သို့ဖြစ်၍ ၊ သူ တို့၌ အဘယ်သို့ပြု ရမည်နည်း ဟူမူကား ၊ သူ တို့ယဇ် ပလ္လင်များကို ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို ခုတ် လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ ရမည်။
6 ၆ အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
၆အကြောင်း မူကား၊ သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောအမျိုး ဖြစ်၏။ မြေကြီး ပေါ် မှာ ရှိသမျှ သော လူမျိုး ထက် သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင့် ကို ရွေးချယ် တော်မူပြီ။
7 ၇ သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။
၇သင် သည် အခြားသောလူမျိုး ထက် သာ၍များ သောကြောင့် ၊ ထာဝရဘုရား သည် သင့် ကို ချစ် ၍ ရွေးချယ် တော်မူသည်မ ဟုတ်။ သင် သည် အခြားသော လူမျိုး တကာ တို့ထက် သာ၍နည်း ၏။
8 ၈ ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။
၈ထာဝရဘုရား သည် သင့် ကိုချစ် သောကြောင့် ၎င်း ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော အကျိန် ကို မ ဖျက်လိုသောကြောင့် ၎င်း၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်ကို အစိုးရ သောဖါရော ဘုရင်လက် မှ အားကြီး သော လက် တော်နှင့် သင့် ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
9 ၉ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊
၉သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊
10 ၁၀ ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။
၁၀ကိုယ်တော် ကို မုန်း သောသူတို့ကို ဖျက်ဆီး ခြင်းငှာ ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေးသော ဘုရားဖြစ်တော်မူ ကြောင်းကို သိမှတ်လော့။ ကိုယ်တော် ကို မုန်း သောသူတို့ ကို အား မ နာဘဲ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေး တော်မူမည်။
11 ၁၁ သို့ဖြစ်၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။
၁၁သို့ဖြစ်၍ ယနေ့ငါ ထား သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရမည်။
12 ၁၂ ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။
၁၂ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
13 ၁၃ သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
၁၃သင့် ကိုချစ် သဖြင့် ကောင်းကြီး ပေး၍ များပြား စေတော်မူမည်။ သင့် အား ပေး ခြင်းငှာ ၊ သင် ၏ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပြည် ၌ သင် ဘွားမြင် သော သား တို့ကို၎င်း ၊ သင် ၏မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီး အပွား၊ သိုး စုတို့ကို၎င်းကောင်းကြီး ပေး တော်မူမည်။
14 ၁၄ သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။
၁၄သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
15 ၁၅ ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။
၁၅ထာဝရဘုရား သည်လည်း ၊ အနာ ရောဂါရှိသမျှ တို့ကို သင့် ဆီ က ပယ်ရှား ၍ ၊ သင်သိ သော အဲဂုတ္တု ပြည်၏ အနာ ဆိုးကို သင် ၌ စွဲ စေတော်မ မူ။ သင့် ကိုမုန်း သောသူ အပေါင်း တို့၌ စွဲ စေတော်မူမည်။
16 ၁၆ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
၁၆သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၌ အပ်ပေး တော်မူသောလူမျိုး အပေါင်း ကို ဖျက်ဆီး ရမည်။ သင် ၏မျက်စိ သည် သူ တို့ကို မ သနား ရ။ သူ တို့ ဘုရား အား ဝတ် မ ပြုရ။ ဝတ်ပြုလျှင်၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။
17 ၁၇ ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊
၁၇ထို လူမျိုး တို့သည် ငါ့ ထက် သာ၍များ ၏။ ငါသည် သူ တို့ကို အဘယ်သို့ နှင်ထုတ် နိုင် မည်နည်းဟု သင် သည် စိတ် ထဲမှာ အောက်မေ့ လျက်၊
18 ၁၈ သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊
၁၈သူ တို့ကို မ ကြောက် ရ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဖါရော ဘုရင်နှင့် အဲဂုတ္တု ပြည် တပြည်လုံး ၌ ပြု တော်မူသောအမှု ကို၎င်း၊
19 ၁၉ ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည်။
၁၉ကိုယ်တိုင် မြင် ၍ ကြီးစွာ သော စုံစမ်း ခြင်းတို့ကို၎င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှုတ်ဆောင် သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို၎င်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် တော်မူခြင်းကို၎င်းစေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ ၊ သင် ကြောက် တတ်သော လူမျိုး ရှိသမျှ တို့၌ သင် ၏ ဘုရား သခင်ထာဝရဘုရား ပြု တော်မူမည်။
20 ၂၀ ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည်။
၂၀ထို မှတပါး၊ ကျန်ကြွင်း ၍ ပုန်းရှောင် လျက်နေ သောသူတို့ သည် မ ပျက်စီး မှီတိုင်အောင်၊ သင် ၏ ဘုရား သခင် ထာဝရဘုရား သည် ပျားတူ များကို သူ တို့တွင် စေလွှတ် တော်မူမည်။
21 ၂၁ သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။
၂၁သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
22 ၂၂ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့်။
၂၂သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ထို လူမျိုး တို့ကို သင့် ထံ က တရွေ့ရွေ့ နှင်ထုတ် တော်မူလိမ့်မည်။ တော သားရဲ တို့သည် သင့် တဘက် ၌ များပြား မည်ကို စိုးရိမ်၍၊ သူ တို့ကို ချက်ခြင်း မ ပယ် မရှားသင့်။
23 ၂၃ သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင်၌အပ်၍၊ သူတို့ မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည်။
၂၃သို့ရာတွင် သင် ၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် ၌ အပ် ၍ ၊ သူ တို့ မ ပျက်စီး မှီတိုင်အောင်၊ ကြီး စွာသော ပျက်စီး ခြင်းကို စီရင် တော်မူမည်။
24 ၂၄ သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌ အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။
၂၄သူ တို့ရှင် ဘုရင်များကိုလည်း သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ဘွဲ့နာမ ကိုပင် ကောင်းကင် အောက် မှာ ပယ်ရှင်း ရမည်။ သူ တို့ကို မ ဖျက်ဆီး မှီ တိုင်အောင်သင့် ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင်ရာ။
25 ၂၅ သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏။
၂၅သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
26 ၂၆ စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ် သော အရာပင်ဖြစ်ပေ၏။
၂၆စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။