< တရားဟောရာ 7 >

1 သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-
2 တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-
3 သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
သူ​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​သား​သ​မီး​များ​ကို​လည်း သူ​တို့ နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​စေ​ရ။-
4 အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။
ထို​သို့​ပြု​လျှင်​သင်​တို့​သည်​သင်​တို့​၏​သား သ​မီး​များ​အား ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​စေ ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​၍ သင်​တို့​ကို​ချက်​ခြင်း​ဖျက် ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
5 သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
6 အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''
7 သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။
``သင်​တို့​သည်​အ​ခြား​သော​လူ​မျိုး​များ​ထက် လူ​ဦး​ရေ​ပို​များ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ကို​ချစ်​၍​ရွေး​ချယ်​ခြင်း​မ​ဟုတ်။ သင်​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​လူဦး​ရေ​အ​နည်း ဆုံး​လူ​မျိုး​ဖြစ်​သည်။-
8 ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။
သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။-
9 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-
10 ၁၀ ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။
၁၀သို့​ရာ​တွင်​ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့ အား​ချက်​ချင်း​ဒဏ်​ခတ်​တော်​မူ​မည်။-
11 ၁၁ သို့ဖြစ်၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။
၁၁ထို့​ကြောင့်​သင်​တို့​အား ယ​နေ့​ငါ​သွန်​သင်​ပေး အပ်​သော​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ ကျင့်​သုံး​ကြ​လော့။''
12 ၁၂ ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။
၁၂``သင်​တို့​သည်​ဤ​ပညတ်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​လျှင် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော် မူ​သည့်​အ​တိုင်း​ပ​ဋိ​ညာဉ်​ကို​ဆက်​လက်​တည် စေ​၍ ခိုင်​မြဲ​သော​မေတ္တာ​ကို​ပြ​တော်​မူ​လိမ့်​မည်။-
13 ၁၃ သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
၁၃ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-
14 ၁၄ သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။
၁၄သင်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထက် ကောင်း​ချီး​မင်္ဂလာ​ပို​၍​ခံ​စား​ရ​လိမ့်​မည်။ သင်​တို့​တွင်​မြုံ​သော​သူ၊ သား​မ​ပေါက်​သော တိရစ္ဆာန်​မ​ရှိ​စေ​ရ။-
15 ၁၅ ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-
16 ၁၆ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
၁၆သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''
17 ၁၇ ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊
၁၇``ထို​လူ​မျိုး​တို့​သည်​ငါ​တို့​ထက်​လူ​ဦး​ရေ များ​ပြား​သ​ဖြင့် ငါ​တို့​နှင်​ထုတ်​ခြင်း​ငှာ​မ တတ်​နိုင်​ပါ' ဟူ​၍​မ​ဆို​ကြ​နှင့်။-
18 ၁၈ သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊
၁၈သူ​တို့​ကို​မ​ကြောက်​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည် ဘု​ရင်​နှင့်​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့ အား မည်​ကဲ့​သို့​စီ​ရင်​တော်​မူ​ခဲ့​ကြောင်း ကို​သ​တိ​ရ​ကြ​လော့။-
19 ၁၉ ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည်။
၁၉သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-
20 ၂၀ ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည်။
၂၀သင်​တို့​၏​လက်​မှ​လွတ်​၍​ထွက်​ပြေး​ပုန်း အောင်း​နေ​သူ​တို့​ပင်​လျှင် ကပ်​ဆိုက်​၍​သေ ကြေ​ပျက်​စီး​လိမ့်​မည်။-
21 ၂၁ သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။
၂၁သို့​ဖြစ်​၍​ထို​လူ​မျိုး​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည် တန်​ခိုး​ကြီး​၍​ကြောက်​ရွံ့​ဖွယ်​သော​ဘု​ရား ဖြစ်​တော်​မူ​၏။-
22 ၂၂ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့်။
၂၂ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​နေ​စဉ် ထို​လူ မျိုး​များ​ကို​တ​ဖြည်း​ဖြည်း​နှင်​ထုတ်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​သူ​တို့​အား​လုံး​ကို ချက်​ချင်း​မ​ပယ်​ရှင်း​နှင့်။ ချက်​ချင်း​ပယ်​ရှင်း လျှင် သား​ရဲ​တိရစ္ဆာန်​တို့​သည်​များ​ပြား​လာ​၍ သင်​တို့​ကို​အန္တရာယ်​ပြု​လိမ့်​မည်။-
23 ၂၃ သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင်၌အပ်၍၊ သူတို့ မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည်။
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-
24 ၂၄ သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌ အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။
၂၄ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-
25 ၂၅ သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏။
၂၅သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-
26 ၂၆ စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ် သော အရာပင်ဖြစ်ပေ၏။
၂၆ထို​ရုပ်တု​များ​ကို​သင်​တို့​၏​နေ​အိမ်​များ​သို့​မ ယူ​ဆောင်​ခဲ့​ရ။ ယင်း​သို့​ယူ​ဆောင်​ခဲ့​လျှင်​ရုပ်​တု များ​ကဲ့​သို့ သင်​တို့​သည်​လည်း​ကျိန်​စာ​သင့်​လိမ့် မည်။ ရုပ်​တု​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကျိန် စာ​သင့်​သော​ကြောင့် ရုပ်​တု​များ​ကို​သင်​တို့​ရွံ ရှာ​မုန်း​တီး​ကြ​ရ​မည်။''

< တရားဟောရာ 7 >