< တရားဟောရာ 6 >
1 ၁ သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
«Mana, bular Pǝrwǝrdigar manga silǝr [dǝryadin] ɵtüp igilǝydiƣan zeminda turƣininglarda ularƣa ǝmǝl ⱪilixinglar üqün silǝrgǝ ɵgitixni tapiliƣan ǝmrlǝr, bǝlgilimilǝr ⱨǝm ⱨɵkümlǝrdur: —
2 ၂ ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
(xuning bilǝn silǝr, yǝni sǝn ɵzüng, oƣlung wǝ nǝwrǝng barliⱪ tirik künliringlarda Pǝrwǝrdigar Hudayinglardin ⱪorⱪup, mǝn silǝrgǝ tapilawatⱪan uning barliⱪ bǝlgilimǝ wǝ ǝmrlirini tutisilǝr, xundaⱪla uzun künlǝrni kɵrisilǝr.
3 ၃ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
Sǝn, i Israil, ularni anglap ǝmǝl ⱪilixⱪa kɵngül ⱪoyunglar; xuning bilǝn ata-bowiliringlarning Hudasi Pǝrwǝrdigar silǝrgǝ deginidǝk, süt bilǝn ⱨǝsǝl eⱪip turidiƣan munbǝt zeminda turup, ⱨalinglar yahxi bolidu wǝ saninglar intayin kɵpiyidu): —
4 ၄ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
— Anglanglar, ǝy Israil: — Pǝrwǝrdigar Hudayimiz, Pǝrwǝrdigar bir birliktur;
5 ၅ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
sǝn Pǝrwǝrdigar Hudayingni pütün ⱪǝlbing bilǝn, pütün jening bilǝn wǝ pütün küqüng bilǝn sɵygin.
6 ၆ ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
Mǝn sanga bügün tapiliƣan bu sɵzlǝr ⱪǝlbingdǝ bolsun;
7 ၇ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
Sǝn ularni baliliringƣa singdürüp ɵgǝt, mǝyli ɵydǝ olturƣanda, yolda mangƣanda, ornungda yatⱪanda wǝ ornungdin turuwatⱪanda ⱨǝr waⱪit ular toƣruluⱪ sɵzligin;
8 ၈ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
ularni ⱪolungƣa [ǝslǝtmǝ]-bǝlgǝ ⱪilip tengiwal, pexanǝnggǝ ⱪaxⱪidǝk simwol ⱪilip ornitiwal;
9 ၉ အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
Sǝn ularni ɵyüngdiki kexǝkliringgǝ wǝ dǝrwaziliringƣa pütküzgin.
10 ၁၀ သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
Wǝ Pǝrwǝrdigar Hudaying seni ⱪǝsǝm ⱪilip ata-bowiliringƣa, yǝni Ibraⱨim, Isⱨaⱪ wǝ Yaⱪupⱪa wǝdǝ ⱪilƣan zeminni sanga ata ⱪilix üqün seni uningƣa baxliƣanda, — ɵzüng ⱪurmiƣan uluƣ wǝ esil xǝⱨǝrlǝrgǝ,
11 ၁၁ သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
ɵzüng bisatliⱪ ⱪilmiƣan alliⱪaqan esil bisatliⱪ ⱪilinƣan ɵylǝrgǝ, ɵzüng kolimiƣan, alliⱪaqan kolanƣan ⱪuduⱪlarƣa, ɵzüng tikmigǝn üzümzarlar wǝ zǝytunzarlarƣa muyǝssǝr ⱪilinixing bilǝn sǝn yǝp toyunƣandin keyin,
12 ၁၂ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
— ǝyni qaƣda seni Misir zeminidin, yǝni «ⱪulluⱪ makani»din qiⱪarƣan Pǝrwǝrdigarni untuxtin ⱨezi bol.
13 ၁၃ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
Sǝn Pǝrwǝrdigar Hudayingdin ⱪorⱪⱪin, ibaditidǝ bolƣin wǝ ⱪǝsǝm ⱪilsang uning nami bilǝnla ⱪǝsǝm iqkin.
14 ၁၄ အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
Silǝr baxⱪa ilaⱨlar, yǝni ǝtrapingdiki ǝllǝrning ilaⱨlirini ⱪǝt’iy izdimǝnglar;
15 ၁၅ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
Qünki aranglarda turuwatⱪan Pǝrwǝrdigar Hudaying wapasizliⱪⱪa ⱨǝsǝt ⱪilƣuqi Tǝngridur. [Əgǝr xundaⱪ ⱪilsang] Pǝrwǝrdigar Hudayingning ƣǝzipi sanga ⱪozƣilip, U seni yǝr yüzidin yoⱪatmay ⱪalmaydu.
16 ၁၆ သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
Silǝr Pǝrwǝrdigar Hudayinglarni Massaⱨta siniƣandǝk Uni sinimanglar.
17 ၁၇ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
Pǝrwǝrdigar Hudayinglarning ǝmrlirini, silǝrgǝ tapiliƣan guwaⱨ-ⱨɵkümliri wǝ bǝlgimilirini kɵngül ⱪoyup tutunglar.
18 ၁၈ သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
Pǝrwǝrdigar Hudayinglarning nǝziridǝ durus wǝ yahxi bolƣanni ⱪilinglar; xundaⱪ ⱪilƣanda ⱨalinglar yahxi bolidu wǝ Pǝrwǝrdigar ata-bowiliringlarƣa berixkǝ ⱪǝsǝm ⱪilƣan zeminƣa kirip uni igilǝysilǝr,
19 ၁၉ ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
xundaⱪla Pǝrwǝrdigar wǝdǝ ⱪilƣandǝk barliⱪ düxmǝnliringlarni aldinglardin ⱨǝydǝp qiⱪiriwetisilǝr.
20 ၂၀ နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
Kǝlgüsidǝ oƣlung sǝndin: — «Pǝrwǝrdigar Hudayimiz silǝrgǝ tapiliƣan agaⱨ-guwaⱨ, bǝlgilimǝ ⱨǝm ⱨɵkümlǝr nemǝ?» dǝp sorisa,
21 ၂၁ သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
sǝn oƣlungƣa mundaⱪ dǝysǝn: «Biz ǝslidǝ Misirda Pirǝwnning ⱪulliri ikǝnmiz; biraⱪ Pǝrwǝrdigar bizni Misirdin küqlük bir ⱪol bilǝn qiⱪarƣan.
22 ၂၂ ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
Pǝrwǝrdigar kɵz aldimizda uluƣ ⱨǝm dǝⱨxǝtlik mɵjizilik alamǝtlǝr wǝ karamǝtlǝrni kɵrsitip, Pirǝwnning üstigǝ ⱨǝm uning barliⱪ ailisidikilǝrning üstigǝ qüxürdi;
23 ၂၃ ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
U ata-bowilirimizƣa ⱪǝsǝm iqip wǝdǝ ⱪilƣan zeminni bizgǝ ata ⱪilip, uningƣa bizni baxlap kirixkǝ xu yǝrdin yetǝklǝp qiⱪarƣan.
24 ၂၄ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
Pǝrwǝrdigar bizgǝ bu barliⱪ bǝlgilimilǝrni tutuxni, Pǝrwǝrdigar Hudayimizdin ⱪorⱪuxni tapiliƣan; U ⱨalimizning daim yahxi boluxi wǝ bizning bügünkidǝk tirik saⱪlanƣandǝk, Uning panaⱨida boluximiz üqün xundaⱪ tapiliƣandur;
25 ၂၅ သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။
wǝ Pǝrwǝrdigar Hudayimizning aldida u bizgǝ tapiliƣandǝk bu barliⱪ ǝmrlǝrgǝ ǝmǝl ⱪilixⱪa kɵngül bɵlsǝk bu biz üqün ⱨǝⱪⱪaniyliⱪ bolidu».