< တရားဟောရာ 34 >
1 ၁ ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊
Ascendit ergo Moyses de campestribus Moab super montem Nebo, in verticem Phasga contra Iericho: ostenditque ei Dominus omnem Terram Galaad usque Dan,
2 ၂ နဿလိပြည် တရှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊
et universum Nephthali, terramque Ephraim et Manasse, et omnem terram usque ad mare novissimum,
3 ၃ တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။
et australem partem, et latitudinem campi Iericho civitatis palmarum usque Segor.
4 ၄ ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။
Dixitque Dominus ad eum: Haec est terra, pro qua iuravi Abraham, Isaac, et Iacob, dicens: Semini tuo dabo eam. Vidisti eam oculis tuis, et non transibis ad illam.
Mortuusque est ibi Moyses servus Domini, in terra Moab, iubente Domino:
6 ၆ ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခု သောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။
et sepelivit eum in valle Terrae Moab contra Phogor: et non cognovit homo sepulchrum eius usque in praesentem diem.
7 ၇ မောရှေသည် အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အား လည်း မလျော့သေး။
Moyses centum et viginti annorum erat quando mortuus est: non caligavit oculus eius, nec dentes illius moti sunt.
8 ၈ ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
Fleveruntque eum filii Israel in campestribus Moab triginta diebus: et completi sunt dies planctus lugentium Moysen.
9 ၉ မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ ရက်ကာလလွန်ပြီးမှ၊ နုန်၏သား ယောရှုသည် အထက်က မောရှေ၏ လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘော နှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကို နားထောင်လျက်၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။
Iosue vero filius Nun repletus est Spiritu sapientiae, quia Moyses posuit super eum manus suas. Et obedierunt ei filii Israel, feceruntque sicut praecepit Dominus Moysi.
10 ၁၀ ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။
Et non surrexit ultra propheta in Israel sicut Moyses, quem nosset Dominus facie ad faciem,
in omnibus signis atque portentis, quae misit per eum, ut faceret in Terra Aegypti Pharaoni, et omnibus servis eius, universaeque terrae illius,
et cunctam manum robustam, magnaque mirabilia, quae fecit Moyses coram universo Israel.