< တရားဟောရာ 33 >
1 ၁ ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
Voici la bénédiction par laquelle Moïse, homme de Dieu, bénit les enfants d’Israël, avant sa mort.
2 ၂ ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
Il dit: L’Éternel est venu du Sinaï, Il s’est levé sur eux de Séir, Il a resplendi de la montagne de Paran, Et il est sorti du milieu des saintes myriades: Il leur a de sa droite envoyé le feu de la loi.
3 ၃ အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
Oui, il aime les peuples; Tous ses saints sont dans ta main. Ils se sont tenus à tes pieds, Ils ont reçu tes paroles.
4 ၄ ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
Moïse nous a donné la loi, Héritage de l’assemblée de Jacob.
5 ၅ ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
Il était roi en Israël, Quand s’assemblaient les chefs du peuple Et les tribus d’Israël.
6 ၆ ရုဗင်အမျိုး မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
Que Ruben vive et qu’il ne meure point, Et que ses hommes soient nombreux!
7 ၇ ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
Voici sur Juda ce qu’il dit: Écoute, ô Éternel! La voix de Juda, Et ramène-le vers son peuple. Que ses mains soient puissantes, Et que tu lui sois en aide contre ses ennemis!
8 ၈ လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
Sur Lévi il dit: Les thummim et les urim ont été confiés à l’homme saint, Que tu as tenté à Massa, Et avec qui tu as contesté aux eaux de Meriba.
9 ၉ ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
Lévi dit de son père et de sa mère: Je ne les ai point vus! Il ne distingue point ses frères, Il ne connaît point ses enfants. Car ils observent ta parole, Et ils gardent ton alliance;
10 ၁၀ သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန် သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
Ils enseignent tes ordonnances à Jacob, Et ta loi à Israël; Ils mettent l’encens sous tes narines, Et l’holocauste sur ton autel.
11 ၁၁ အိုထားဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
Bénis sa force, ô Éternel! Agrée l’œuvre de ses mains! Brise les reins de ses adversaires, Et que ses ennemis ne se relèvent plus!
12 ၁၂ ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
Sur Benjamin il dit: C’est le bien-aimé de l’Éternel, Il habitera en sécurité auprès de lui; L’Éternel le couvrira toujours, Et résidera entre ses épaules.
13 ၁၃ ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
Sur Joseph il dit: Son pays recevra de l’Éternel, en signe de bénédiction, Le meilleur don du ciel, la rosée, Les meilleures eaux qui sont en bas,
14 ၁၄ နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
Les meilleurs fruits du soleil, Les meilleurs fruits de chaque mois,
15 ၁၅ အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
Les meilleurs produits des antiques montagnes, Les meilleurs produits des collines Éternelles,
16 ၁၆ မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
Les meilleurs produits de la terre et de ce qu’elle renferme. Que la grâce de celui qui apparut dans le buisson Vienne sur la tête de Joseph, Sur le sommet de la tête du prince de ses frères!
17 ၁၇ သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
De son taureau premier-né il a la majesté; Ses cornes sont les cornes du buffle; Avec elles il frappera tous les peuples, Jusqu’aux extrémités de la terre: Elles sont les myriades d’Éphraïm, Elles sont les milliers de Manassé.
18 ၁၈ ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။
Sur Zabulon il dit: Réjouis-toi, Zabulon, dans tes courses, Et toi, Issacar, dans tes tentes!
19 ၁၉ ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
Ils appelleront les peuples sur la montagne; Là, ils offriront des sacrifices de justice, Car ils suceront l’abondance de la mer, Et les trésors cachés dans le sable.
20 ၂၀ ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
Sur Gad il dit: Béni soit celui qui met Gad au large! Gad repose comme une lionne, Il déchire le bras et la tête.
21 ၂၁ ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
Il a choisi les prémices du pays, Car là est caché l’héritage du législateur; Il a marché en tête du peuple, Il a exécuté la justice de l’Éternel, Et ses ordonnances envers Israël.
22 ၂၂ ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
Sur Dan il dit: Dan est un jeune lion, Qui s’élance de Basan.
23 ၂၃ နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
Sur Nephthali il dit: Nephthali, rassasié de faveurs Et comblé des bénédictions de l’Éternel, Prends possession de l’occident et du midi!
24 ၂၄ အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
Sur Aser il dit: Béni soit Aser entre les enfants d’Israël! Qu’il soit agréable à ses frères, Et qu’il plonge son pied dans l’huile!
25 ၂၅ သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
Que tes verrous soient de fer et d’airain, Et que ta vigueur dure autant que tes jours!
26 ၂၆ သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
Nul n’est semblable au Dieu d’Israël, Il est porté sur les cieux pour venir à ton aide, Il est avec majesté porté sur les nuées.
27 ၂၇ ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
Le Dieu d’éternité est un refuge, Et sous ses bras Éternels est une retraite. Devant toi il a chassé l’ennemi, Et il a dit: Extermine.
28 ၂၈ ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
Israël est en sécurité dans sa demeure, La source de Jacob est à part Dans un pays de blé et de moût, Et son ciel distille la rosée.
29 ၂၉ အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။
Que tu es heureux, Israël! Qui est comme toi, Un peuple sauvé par l’Éternel, Le bouclier de ton secours Et l’épée de ta gloire? Tes ennemis feront défaut devant toi, Et tu fouleras leurs lieux élevés.