< တရားဟောရာ 3 >
1 ၁ ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။
І обернулися ми, та й пішли дорогою до Батану. І вийшов навпере́йми нас Оґ, цар башанський, він та ввесь його наро́д, на війну до Едреї.
2 ၂ ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။
І сказав Господь до мене: „Не бійся його, бо в твою руку Я дав його, і ввесь наро́д його та край його, і зробиш йому, як зробив ти Сигонові, цареві амореян, що сидів у Хешбоні“.
3 ၃ ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။
І дав Господь, Бог наш, у нашу руку також Оґа, царя башанського, та ввесь його народ, — і побили ми його, так що нікого не позоста́лося в нього.
4 ၄ ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ၏။
І здобули́ ми всі міста́ його, і того ча́су не було мі́ста, що не взяли б ми від них, — шістдеся́т міст, усю арґовську околицю, ца́рство Оґа в Башані.
5 ၅ ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
Усі ці міста́ укріплені, — мур високий, воро́та й за́сув, окрім дуже багатьох відкритих міст.
6 ၆ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
І вчинили ми їх закля́ттям, як зробили були Сигонові, цареві хешбонському, — учинили закляттям усе місто, чоловіків, жінок та дітей.
7 ၇ တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ၏။
А всю худобу й захоплене з міст забрали ми собі на здо́бич.
8 ၈ ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင် တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။
І взяли ми того ча́су той край з руки обох царів амореянина, що по другому боці Йорда́ну, від Арнонського пото́ку аж до гори Гермо́н, —
9 ၉ ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍ ၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
сидо́няни кличуть на Гермо́н Сірйо́н, а амореяни кличуть на нього Сені́р, —
10 ၁၀ ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။
усі міста́ на рівни́ні, і ввесь Ґілеад, і ввесь Баша́н аж до Салхи й Едреї, міст царства Оґа в Башані.
11 ၁၁ အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။
Бо тільки Оґ, цар башанський, позостав із решти рефаїв. Оце його ло́же, ложе залізне; чи ж не воно в Раббі Аммонових синів, — дев'ять ліктів довжина́ його, і чотири лікті ширина́ його, на міру ліктем чоловіка.
12 ၁၂ ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
А край той того ча́су посіли ми. Від Ароеру, що над Арнонським пото́ком, і половину гори Ґілеад, і міста́ його я дав Руви́мовим та Ґадовим.
13 ၁၃ ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
А решту Ґілеаду та ввесь Башан, царство Оґа, віддав я половині пле́менн Манасіїного, усю околицю арґовську, — на ввесь той Башан кличеться: край рефаїв.
14 ၁၄ မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
Яір, син Манасіїн, узяв всю Арґову околицю аж до границі ґешурів та маахатів, і він назвав їх своїм і́менем: Баша́н, се́ла Яіра, і так їх кли́чуть аж до цього дня.
15 ၁၅ ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။
А Махірові дав я Ґілеад.
16 ၁၆ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
А Рувимовим та Ґадовим дав я від Ґілеаду й аж до Арнонського пото́ку, сере́дину потоку та границю, і аж до потоку Яббоку, границі Аммонових синів,
17 ၁၇ လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။
і степ, і Йорда́н, і границю його від Кіннерету аж до моря сте́пу, моря Солоного, у узбіччя Пісґі на схід.
18 ၁၈ ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည်။
І ча́су того́ наказав я вам, говорячи: „Господь, Бог ваш, дав вам цей край, щоб ви посіли його; узброєні пере́йдете перед вашими братами, Ізраїлевими синами, усі військо́ві.
19 ၁၉ ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ် များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြ မည်။
Тільки ваші жінки, і ваші діти та ваша худоба, — я знаю, що худоба ваша велика! — будуть сидіти по ваших міста́х, що я дав вам,
20 ၂၀ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား၏။
аж Господь дасть спочи́нок братам вашим, як вам, і посядуть також вони той край, що Господь, Бог ваш, дає вам по той бік Йорда́ну, — і ве́рнетесь кожен до спа́дку свого, що я дав вам“.
21 ၂၁ ထိုအခါ ယောရှုကိုလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
А Ісусові наказав я того ча́су, говорячи: „Ото твої очі бачили все, що зробив був Господь, Бог ваш, обом тим царям, — так зробить Господь усім ца́рствам, куди ти переходиш.
22 ၂၂ ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
Не будеш боятися їх, бо Господь, Бог ваш, Він Той, що воює для вас“.
23 ၂၃ ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား၊
І благав я того ча́су Господа, говорячи:
24 ၂၄ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော် စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း။
„Владико Господи, — Ти зачав показувати рабові Своєму ве́лич Свою та міцну́ Свою руку! Бо хто інший Бог на небі та на землі, що зробить, як чи́ни Твої, як великі діла́ Твої?
25 ၂၅ အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
Нехай перейду́ ж я та побачу той хороший край, що по тім боці Йорда́ну, ту гарну гірську́ землю та Лива́н!“
26 ၂၆ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကို နား ထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့်။
Та Господь розгнівався на мене через вас, і не послухав мене. І сказав Господь до мене: „До́сить тобі, — не говори більше до Мене в цій справі!
27 ၂၇ ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မြော်၍ ထိုပြည်ကို ကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
Вийди на верхі́в'я Пісґі, і зведи свої очі на за́хід, і на північ, і на пі́вдень, і на схід, і побач своїми очима, — бо ти не пере́йдеш цього Йорда́ну!
28 ၂၈ သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ၏။
І напоуми́ Ісуса, і зміцни його, й укріпи його, бо він пере́йде перед цим наро́дом, і він зробить, що вони посядуть той край, який ти побачиш“.
29 ၂၉ ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက်၌ ရှိသော ချိုင့်တွင် နေရကြ၏။
І осіли ми в долині навпроти Бет-Пеору.