< တရားဟောရာ 28 >
1 ၁ ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။
Si autem audieris vocem Domini Dei tui, ut facias atque custodias omnia mandata eius, quae ego praecipio tibi hodie, faciet te Dominus Deus tuus excelsiorem cunctis gentibus, quae versantur in terra.
2 ၂ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။
Venientque super te universae benedictiones istae, et apprehendent te: si tamen praecepta eius audieris.
3 ၃ သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။
Benedictus tu in civitate, et benedictus in agro.
4 ၄ သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။
Benedictus fructus ventris tui, et fructus terrae tuae, fructusque iumentorum tuorum, greges armentorum tuorum, et caulae ovium tuarum.
5 ၅ ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း မင်္ဂလာရှိလိမ့်မည်။
Benedicta horrea tua, et benedictae reliquiae tuae.
6 ၆ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
Benedictus eris tu ingrediens et egrediens.
7 ၇ သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။
Dabit Dominus inimicos tuos, qui consurgunt adversum te, corruentes in conspectu tuo: per unam viam venient contra te, et per septem fugient a facie tua.
8 ၈ သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
Emittet Dominus benedictionem super cellaria tua, et super omnia opera manuum tuarum: benedicetque tibi in terra, quam acceperis.
9 ၉ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏
Suscitabit te Dominus sibi in populum sanctum, sicut iuravit tibi: si custodieris mandata Domini Dei tui, et ambulaveris in viis eius.
10 ၁၀ သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။
Videbuntque omnes terrarum populi quod nomen Domini invocatum sit super te, et timebunt te.
11 ၁၁ ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
Abundare te faciet Dominus omnibus bonis, fructu uteri tui, et fructu iumentorum tuorum, fructu terrae tuae, quam iuravit Dominus patribus tuis ut daret tibi.
12 ၁၂ ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ။
Aperiet Dominus thesaurum suum optimum, caelum, ut tribuat pluviam terrae tuae in tempore suo: benedicetque cunctis operibus manuum tuarum. Et foenerabis gentibus multis, et ipse a nullo foenus accipies.
13 ၁၃ ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရ ဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊
Constituet te Dominus in caput, et non in caudam: et eris semper supra, et non subter: si tamen audieris mandata Domini Dei tui quae ego praecipio tibi hodie, et custodieris et feceris,
14 ၁၄ ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည်။
ac non declinaveris ab eis nec ad dexteram, nec ad sinistram, nec secutus fueris deos alienos, neque colueris eos.
15 ၁၅ ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား၊
Quod si audire nolueris vocem Domini Dei tui, ut custodias, et facias omnia mandata eius et ceremonias, quas ego praecipio tibi hodie, venient super te omnes maledictiones istae, et apprehendent te.
16 ၁၆ သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။
Maledictus eris in civitate, maledictus in agro.
17 ၁၇ ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။
Maledictum horreum tuum, et maledictae reliquiae tuae.
18 ၁၈ သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့် မည်။
Maledictus fructus ventris tui, et fructus terrae tuae, armenta boum tuorum, et greges ovium tuarum.
19 ၁၉ မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။
Maledictus eris ingrediens, et maledictus egrediens.
20 ၂၀ ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည်။
Mittet Dominus super te famem et esuriem, et increpationem in omnia opera tua, quae tu facies: donec conterat te, et perdat velociter, propter adinventiones tuas pessimas in quibus reliquisti me.
21 ၂၁ သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌ စွဲစေတော်မူမည်။
Adiungat tibi Dominus pestilentiam, donec consumat te de terra, ad quam ingredieris possidendam.
22 ၂၂ ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
Percutiat te Dominus egestate, febri et frigore, ardore et aestu, et aere corrupto ac rubigine, et persequatur donec pereas.
23 ၂၃ သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Sit caelum, quod supra te est, aeneum: et terra, quam calcas, ferrea.
24 ၂၄ ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။
Det Dominus imbrem terrae tuae pulverem, et de caelo descendat super te cinis, donec conteraris.
25 ၂၅ သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။
Tradat te Dominus corruentem ante hostes tuos. per unam viam egrediaris contra eos, et per septem fugias, et dispergaris per omnia regna terrae.
26 ၂၆ သင်၏အသေကောင်သည် မိုဃ်းကောင်းကင် ငှက်၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ။
sitque cadaver tuum in escam cunctis volatilibus caeli, et bestiis terrae, et non sit qui abigat.
27 ၂၇ ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။
Percutiat te Dominus ulcere Aegypti, et partem corporis, per quam stercora egeruntur, scabie quoque et prurigine: ita ut curari nequeas.
28 ၂၈ ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊
Percutiat te Dominus amentia et caecitate ac furore mentis,
29 ၂၉ မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။
et palpes in meridie sicut palpare solet caecus in tenebris, et non dirigas vias tuas. Omnique tempore calumniam sustineas, et opprimaris violentia, nec habeas qui liberet te.
30 ၃၀ မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။
Uxorem accipias, et alius dormiat cum ea. Domum aedifices, et non habites in ea. Plantes vineam, et non vindemies eam.
31 ၃၁ သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေ သော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့ မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။
Bos tuus immoletur coram te, et non comedas ex eo. Asinus tuus rapiatur in conspectu tuo, et non reddatur tibi. Oves tuae dentur inimicis tuis, et non sit qui te adiuvet.
32 ၃၂ သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။
Filii tui et filiae tuae tradantur alteri populo, videntibus oculis tuis, et deficientibus ad conspectum eorum tota die, et non sit fortitudo in manu tua.
33 ၃၃ သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။
Fructus terrae tuae, et omnes labores tuos comedat populus, quem ignoras: et sis semper calumniam sustinens, et oppressus cunctis diebus,
34 ၃၄ ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။
et stupens ad terrorem eorum quae videbunt oculi tui.
35 ၃၅ ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
Percutiat te Dominus ulcere pessimo in genibus et in suris, sanarique non possis a planta pedis usque ad verticem tuum.
36 ၃၆ ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
Ducet te Dominus, et regem tuum, quem constitueris super te, in gentem, quam ignoras tu et patres tui: et servies ibi diis alienis, ligno et lapidi.
37 ၃၇ ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
Et eris perditus in proverbium ac fabulam omnibus populis, ad quos te introduxerit Dominus.
38 ၃၈ သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
Sementem multam iacies in terram, et modicum congregabis: quia locustae devorabunt omnia.
39 ၃၉ စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။
Vineam plantabis, et fodies: et vinum non bibes, nec colliges ex ea quippiam: quoniam vastabitur vermibus.
40 ၄၀ သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။
Olivas habebis in omnibus terminis tuis, et non ungeris oleo: quia defluent, et deperibunt.
41 ၄၁ သားသမီးကို ဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။
Filios generabis et filias, et non frueris eis: quoniam ducentur in captivitatem.
42 ၄၂ သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။
Omnes arbores tuas et fruges terrae tuae rubigo consumet.
43 ၄၃ သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။
Advena, qui tecum versatur in terra, ascendet super te, eritque sublimior: tu autem descendes, et eris inferior.
44 ၄၄ သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။
Ipse foenerabit tibi, et tu non foenerabis ei. Ipse erit in caput, et tu eris in caudam.
45 ၄၅ သင်၏ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။
Et venient super te omnes maledictiones istae, et persequentes apprehendent te, donec intereas: quia non audisti vocem Domini Dei tui, nec servasti mandata eius et ceremonias, quas praecepit tibi.
46 ၄၆ သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌ ၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။
Et erunt in te signa atque prodigia, et in semine tuo usque in sempiternum:
47 ၄၇ သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊
eo quod non servieris Domino Deo tuo in gaudio, cordisque laetitia, propter rerum omnium abundantiam:
48 ၄၈ ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။
servies inimico tuo, quem immittet tibi Dominus, in fame, et siti, et nuditate, et omni penuria: et ponet iugum ferreum super cervicem tuam, donec te conterat.
49 ၄၉ ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊
Adducet Dominus super te Gentem de longinquo, et de extremis terrae finibus in similitudinem aquilae volantis cum impetu: cuius linguam intelligere non possis:
50 ၅၀ အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။
Gentem procacissimam, quae non deferat seni, nec misereatur parvuli,
51 ၅၁ သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။
et devoret fructum iumentorum tuorum, ac fruges Terrae tuae: donec intereas, et non relinquat tibi triticum, vinum, et oleum, armenta boum, et greges ovium: donec te disperdat,
52 ၅၂ သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
et conterat in cunctis urbibus tuis, et destruantur muri tui firmi atque sublimes, in quibus habebas fiduciam in omni Terra tua. Obsideberis intra portas tuas in omni Terra tua, quam dabit tibi Dominus Deus tuus:
53 ၅၃ ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
et comedes fructum uteri tui, et carnes filiorum tuorum et filiarum tuarum, quas dederit tibi Dominus Deus tuus, in angustia et vastitate qua opprimet te hostis tuus.
54 ၅၄ သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
Homo delicatus in te, et luxuriosus valde, invidebit fratri suo, et uxori, quae cubat in sinu suo,
55 ၅၅ အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
ne det eis de carnibus filiorum suorum, quas comedet: eo quod nihil aliud habeat in obsidione et penuria, qua vastaverint te inimici tui intra omnes portas tuas.
56 ၅၆ သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊
Tenera mulier et delicata, quae super terram ingredi non valebat, nec pedis vestigium figere propter mollitiem et teneritudinem nimiam, invidebit viro suo, qui cubat in sinu eius, super filii et filiae carnibus,
57 ၅၇ အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သော အချင်း၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။
et illuvie secundinarum, quae egrediuntur de medio feminum eius, et super liberis qui eadem hora nati sunt. comedent enim eos clam propter rerum omnium penuriam in obsidione et vastitate, qua opprimet te inimicus tuus intra portas tuas.
58 ၅၈ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင်၊
Nisi custodieris, et feceris omnia verba legis huius, quae scripta sunt in hoc volumine, et timueris nomen eius gloriosum et terribile, hoc est, Dominum Deum tuum:
59 ၅၉ ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။
augebit Dominus plagas tuas, et plagas seminis tui, plagas magnas et perseverantes, infirmitates pessimas et perpetuas.
60 ၆၀ ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။
et convertet in te omnes afflictiones Aegypti, quas timuisti, et adhaerebunt tibi:
61 ၆၁ ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။
Insuper et universos languores, et plagas, quae non sunt scriptae in volumine legis huius, inducet Dominus super te, donec te conterat:
62 ၆၂ သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။
et remanebitis pauci numero, qui prius eratis sicut astra caeli prae multitudine, quoniam non audisti vocem Domini Dei tui.
63 ၆၃ သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့ တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
Et sicut ante laetatus est Dominus super vos, bene vobis faciens, vosque multiplicans: sic laetabitur disperdens vos atque subvertens, ut auferamini de Terra, ad quam ingredieris possidendam.
64 ၆၄ ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
Disperget te Dominus in omnes populos a summitate terrae usque ad terminos eius: et servies ibi diis alienis, quos et tu ignoras et patres tui, lignis et lapidibus.
65 ၆၅ ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အား ကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊
In gentibus quoque illis non quiesces, neque erit requies vestigio pedis tui. Dabit enim tibi Dominus ibi cor pavidum, et deficientes oculos, et animam consumptam moerore:
66 ၆၆ သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
Et erit vita tua quasi pendens ante te. Timebis nocte et die, et non credes vitae tuae.
67 ၆၇ သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက် အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။
Mane dices: Quis mihi det vesperum? et vespere: Quis mihi det mane? propter cordis tui formidinem, qua terreberis, et propter ea, quae tuis videbis oculis.
68 ၆၈ ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။
Reducet te Dominus classibus in Aegyptum per viam, de qua dixit tibi ut eam amplius non videres. Ibi venderis inimicis tuis in servos et ancillas, et non erit qui emat.