< တရားဟောရာ 27 >
1 ၁ တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။
Şi Moise cu bătrânii lui Israel au poruncit poporului, spunând: Păziţi toate poruncile pe care vi le poruncesc astăzi.
2 ၂ သင်သည် ယော်ဒန်မြစ်ကို ကူး၍၊ သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်သို့ ရောက် သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
Şi va fi astfel: în ziua când veţi trece peste Iordan, în ţara pe care ţi-o dă DOMNUL Dumnezeul tău, să îţi ridici pietre mari şi să le văruieşti cu var,
3 ၃ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရား စကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
Şi să scrii pe ele toate cuvintele acestei legi, după ce vei trece ca să intri în ţara, pe care ţi-o dă DOMNUL Dumnezeul tău, o ţară în care curge lapte şi miere, precum ţi-a promis DOMNUL Dumnezeul părinţilor tăi.
4 ၄ ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂ တေနှင့် မွမ်းမံရမည်။
De aceea va fi astfel, după ce veţi trece Iordanul, să ridicaţi aceste pietre pe muntele Ebal, precum vă poruncesc astăzi şi să le văruiţi cu var.
5 ၅ ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊
Şi să zideşti acolo un altar DOMNULUI Dumnezeul tău, un altar din pietre, să nu ridici fier asupra lor.
6 ၆ ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံ တန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သော ကျောက် တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။
Să zideşti altarul DOMNULUI Dumnezeul tău din pietre întregi şi să aduci pe el ofrande arse pentru DOMNUL Dumnezeul tău,
7 ၇ မိဿဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ် တွင် စားသောက်လျက် ရှေ့တော်၌ ပျော်မွေ့ခြင်းကို ပြုရမည်။
Şi să aduci ofrande de pace şi să mănânci acolo şi să te bucuri înaintea DOMNULUI Dumnezeul tău.
8 ၈ ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ၏။
Şi să scrii pe pietre foarte lămurit toate cuvintele legii acesteia.
9 ၉ တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင် လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ လူမျိုးဖြစ်လေပြီ။
Şi Moise şi preoţii, leviţii, au vorbit întregului Israel, spunând: Ia seama şi dă ascultare, Israele, astăzi ai devenit poporul DOMNULUI Dumnezeul tău.
10 ၁၀ သို့ဖြစ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ငါတို့ ဆင့်ဆို သော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
De aceea să asculţi de vocea DOMNULUI Dumnezeul tău şi să împlineşti poruncile lui şi statutele lui, pe care ţi le poruncesc astăzi.
11 ၁၁ တဖန် မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊
Şi Moise a poruncit poporului în ziua aceea, spunând:
12 ၁၂ သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။
Aceştia să stea în picioare să binecuvânteze poporul pe muntele Garizim, după ce veţi fi trecut Iordanul: Simeon şi Levi şi Iuda şi Isahar şi Iosif şi Beniamin;
13 ၁၃ ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။
Şi aceştia să stea în picioare pe Muntele Ebal ca să blesteme: Ruben, Gad şi Aşer şi Zabulon, Dan şi Neftali.
14 ၁၄ ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား၊
Şi leviţii să vorbească şi să spună tuturor bărbaţilor lui Israel cu voce tare:
15 ၁၅ ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသော ဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie omul care îşi face orice chip cioplit sau turnat, o urâciune înaintea DOMNULUI, lucrare a mâinilor meşterului, şi îl pune într-un loc tainic. Şi tot poporul să răspundă şi să zică: Amin.
16 ၁၆ မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce dispreţuieşte pe tatăl său sau pe mama sa. Şi tot poporul să spună: Amin.
17 ၁၇ အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce mută piatra de hotar a aproapelui său. Şi tot poporul să spună: Amin.
18 ၁၈ မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce face pe orb să rătăcească de pe cale. Şi tot poporul să spună: Amin.
19 ၁၉ တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce perverteşte judecata străinului, a celui fără tată şi a văduvei. Şi tot poporul să spună: Amin.
20 ၂၀ အဘနှင့်သာဆိုင်သော အဘ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce se culcă cu soţia tatălui său, pentru că ridică învelitoarea patului tatălui său. Şi tot poporul să spună: Amin.
21 ၂၁ တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce se culcă cu orice fel de animal. Şi tot poporul să spună: Amin.
22 ၂၂ အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce se culcă cu sora sa, fiica tatălui său, sau fiica mamei sale. Şi tot poporul să spună: Amin.
23 ၂၃ မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce se culcă cu soacra sa. Şi tot poporul să spună: Amin.
24 ၂၄ အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce loveşte pe aproapele său în ascuns. Şi tot poporul să spună: Amin.
25 ၂၅ အပြစ်မရှိသော သူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce ia răsplată pentru a ucide o persoană nevinovată. Şi tot poporul să spună: Amin.
26 ၂၆ ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Blestemat fie cel ce nu întăreşte toate cuvintele legii acesteia ca să le împlinească. Şi tot poporul să spună: Amin.