< တရားဟောရာ 26 >

1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား၍ နေသောအခါ၊
A tenei ake, a te wa e tae ai koe ki te whenua e homai e Ihowa, e tou Atua, ki a koe hei kainga tuturu, a ka riro a reira i a koe, a ka noho koe ki reira;
2 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်တောင်း၌ ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား၍၊
Na ka tango koe i etahi o nga mea matamua o nga hua katoa o te whenua, e mauria mai e koe i tou oneone, ka homai nei e Ihowa, e tou Atua, ki a koe; a me whawhao e koe ki te kete, ka haere ai ki te wahi e whiriwhiri ai a Ihowa, tou Atua, kia waiho tona ingoa ki reira.
3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည်။
Na ka haere koe ki te tohunga e minita ana i aua ra, ka mea ki a ia, Tenei ahau te korero nui nei i tenei ra ki a Ihowa, ki tou Atua, kua tae mai ahau ki te whenua i oati ai a Ihowa ki o tatou matua kia homai ki a tatou.
4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည်။
Na ka tango te tohunga i te kete i tou ringa, ka whakatakoto hoki ki mau o te aata a Ihowa, a tou Atua.
5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့ သွား၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။
Ko reira koe oho atu ai, mea ai ki te aroaro o Ihowa, o tou Atua, Ko toku matua he Hiriani, i ora noa i te mate; a haere ana ia ki raro, ki Ihipa, a noho ana i reira, he hunga torutoru; na meinga ana ia hei iwi nui i reira, he kaha, he tini:
6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။
Na tukinotia ana matou e nga Ihipiana, whakawhiua ana matou, a he kino ta ratou whakamahinga i a matou:
7 ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ၏။
A ka tangi matou ki a Ihowa, ki te Atua o o matou matua, na whakarongo mai ana a Ihowa ki to matou reo, titiro mai ana ki to matou whakawhiunga, ki to matou whakamahinga, ki to matou tukinotanga:
8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊
Na whakaputaina mai ana matou e Ihowa i Ihipa ki te ringa kaha, ki te takakau maro tonu, me te whakamataku nui, me nga tohu, me nga merekara:
9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
A kawea mai ana matou e ia ki tenei wahi, a homai ana ki a matou tenei whenua, he whenua e rerengia ana e te waiu, e te honi.
10 ၁၀ ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနား တော်မူသောပြည်၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။
Na, titiro, kau kawea mai nei e ahau nga hua matamua o te whenua i homai nei e koe, e Ihowa, ki ahau. Katahi koe ka whakatakoto atu ki te aroaro o Ihowa, o tou Atua, me te koropiko ano ki te aroaro o Ihowa, o tou Atua:
11 ၁၁ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
Ka koa hoki ki nga mea pai katoa i homai e Ihowa, e tou Atua, ki a koutou ko tou whare, a koe, me te Riwaiti me te manene i roto i a koe.
12 ၁၂ သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊
Ka pae nga whakatekau katoa o au hua i te toru o nga tau, i te tau whakatekau, me hoatu e koe ki te Riwaiti, ki te manene, ki te pani, ki te pouaru, kia kainga i roto i ou kuwaha, a ka makona;
13 ၁၃ သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။
A ka mea koe ki te aroaro o Ihowa, o tou Atua Kua poto mai i ahau i roto i toku whare nga mea tapu, kua hoatu ano e ahau ki te Riwaiti, ki te manene, ki te pani, ki te pouaru, kua rite i ahau au whakahau katoa i whakahau ai koe ki ahau; kahore a hau i whakapaheke i tetahi o au whakahau, kahore ano i wareware:
14 ၁၄ မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
Kihai i kainga e ahau tetahi wahi i ahau e noho taua ana; kihai i tangohia e ahau tetahi wahi mo te poke, kihai ano hoki i hoatu hei mea tupapaku: i whakarongo ahau ki te reo o Ihowa, o toku Atua, rite tonu aku mahi ki nga mea katoa i whakahaua e koe ki ahau.
15 ၁၅ ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။
Titiro iho i tou nohoanga tapu, i te rangi, manaakitia hoki tau iwi, a Iharaira, me te oneone i homai nei e koe ki a matou, pera me tau i oati ai ki o matou matua, he whenua e rerengia ana e te waiu e te honi.
16 ၁၆ ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။
No tenei ra a Ihowa, tou Atua, i whakahau ai i a koe, kia mahia enei tikanga, me enei whakaritenga: na puritia e koe, mahia, e tou ngakau katoa, e tou wairua katoa.
17 ၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍ ၎င်း၊ ယနေ့ သင်သည် ဝန်ခံပြီ။
Kua whakaae koe i tenei ra ki a Ihowa hei Atua mou, kia haere i ana huarahi, kia whakaritea hoki ana tikanga, me ana whakahau, me ana whakaritenga, kia rongo ano hoki ki tona reo:
18 ၁၈ ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုး ဖြစ်သည်ဟူ၍၎င်း၊
A kua whakaae hoki a Ihowa ki a koe i tenei ra hei iwi mana, motuhake rawa, hei pera me tana i korero ai ki a koe, hei pupuri hoki i ana whakahau katoa;
19 ၁၉ ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။
Hei mea kia teitei ake koe i nga iwi katoa i hanga e ia, te whakamoemiti, te ingoa, te kororia; kia waiho hoki koe hei iwi tapu ma Ihowa, ma tou Atua, hei pera me tana i korero ai.

< တရားဟောရာ 26 >