< တရားဟောရာ 25 >
1 ၁ လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
S'il s'élève un différend entre des hommes et s'ils comparaissent en justice, on les jugera; on justifiera le juste, on condamnera l'impie.
2 ၂ ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
Si l'impie mérite d'être châtié, tu le feras asseoir devant les juges, et on le fustigera devant eux selon son impiété.
3 ၃ သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
On lui donnera quarante coups de fouet, sans en ajouter; si tu ajoutais au nombre fixé, si tu donnais encore des coups, ton frère serait honteusement défiguré devant toi.
4 ၄ စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
Tu ne musèleras pas ton bœuf broyant des épis sur l'aire.
5 ၅ အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
Si de deux frères vivant sous le même toit; l'un vient à mourir sans enfants, la femme du défunt ne s'en ira pas pour suivre un homme qui ne lui soit point proche; le frère de son époux s'approchera d'elle, il la prendra pour femme, il cohabitera avec elle.
6 ၆ ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
Et l'on inscrira au nom du défunt l'enfant qu'elle mettra au monde, afin que ce nom ne soit pas effacé d'Israël.
7 ၇ ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
Si l'homme ne veut pas prendre la femme de son frère, la femme ira devant la porte de la ville, disant: Le frère de mon mari refuse de faire revivre le nom de son frère en Israël; le frère de mon mari ne le veut pas.
8 ၈ မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
Alors, les anciens de sa ville appelleront l'homme, ils lui parleront, et s'il leur répond: Je ne la veux point prendre;
9 ၉ သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။
La femme de son frère s'approchera des anciens; l'homme déliera la sandale de l'un de ses pieds, et la femme lui crachera au visage, disant: Ainsi soit fait a l'homme qui en Israël ne relèvera pas la maison de son frère;
10 ၁၀ နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
Et la maison de cet homme sera appelée en Israël: maison de celui qui a délié sa sandale.
11 ၁၁ လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
Si deux hommes se battent pour un même objet, frère contre frère, et si la femme de l'un d'eux s'approche pour tirer son mari des mains de celui qui le frappe, et si, portant la main sur ce dernier, elle lui saisit les parties,
12 ၁၂ ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။
Tu couperas cette main, ton œil ne prendra pas la femme en pitié.
13 ၁၃ သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
Il n'y aura pas dans ton sac poids et poids, un grand ou un petit.
14 ၁၄ သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
Il n'y aura pas en ta maison mesure et mesure, une grande ou une petite.
15 ၁၅ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။
Ton poids sera vrai et juste, ta mesure sera vraie et juste, afin que tu vives de longs jours sur la terre que le Seigneur ton Dieu te donne pour héritage.
16 ၁၆ အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။
Car quiconque fait ces choses, quiconque pratique l'iniquité est en abomination au Seigneur ton Dieu.
17 ၁၇ သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊
Souviens-toi de ce que t'a fait Amalec, durant ton voyage, au sortir de la terre d'Egypte.
18 ၁၈ သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။
Il s'opposa à toi sur la route; il s'en prit aux traîneurs exténués de fatigue derrière toi; car tu souffrais de la faim, et tu étais fatigué, et il n'eut point crainte de Dieu.
19 ၁၉ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။
Ceci donc sera fait: Quand le Seigneur ton Dieu, malgré tous tes ennemis, t'aura mis en repos dans la contrée qu'il te donne pour héritage, tu effaceras sous le ciel le nom d'Amalec; garde-toi de l'oublier.