< တရားဟောရာ 24 >
1 ၁ တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။
When a man taketh a woman, and marrieth her, then shall it be, if she find not favour in his eyes, because he hath found in her some matter of shame, that he shall write her a scroll of divorcement, and put it into her hand, and shall send her forth, out of his house.
2 ၂ ထိုမိန်းမသည် လင်အိမ်မှထွက်သွားသော နောက်၊ အခြားသော သူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။
And, when she cometh forth out of his house, then may she go her way, and become another man’s.
3 ၃ နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကို ရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊
But if the latter husband hate her, and write her a scroll of divorcement and put it into her hand, and send her away out of his house, —or, if the latter husband die, who had taken her to him to wife,
4 ၄ အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဘွယ်သောအမှုဖြစ် ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံ စရာဘို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
then may her first husband who sent her away not again take her to become his wife after that she hath been defiled, for that were an abomination, before Yahweh, —lest thou bring sin upon the land which Yahweh thy God is giving unto thee for an inheritance.
5 ၅ အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက် မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ်အိမ်၌ မလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
When a man taketh a new wife, he shall not go forth to war, neither shall he be charged with any business, —free, shall he be for his own house one year, and shall rejoice with his wife whom he hath taken.
6 ၆ ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင် မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
No man shall take in pledge a handmill, or an upper millstone, —for he would be taking life, in pledge.
7 ၇ လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။
When a man is found stealing any person from among his brethren of the sons of Israel, and making merchandise of him, or selling him, then shall that thief die, so shalt thou consume the wicked thing out of thy midst.
8 ၈ နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
Take heed, in the plague of leprosy, that thou observe diligently, and do, —according to all that the priests the Levites shall direct you, as I have commanded them, so shall ye observe to do.
9 ၉ သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြ စဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။
Remember that which Yahweh thy God did to Miriam, —by the way, as ye came forth out of Egypt.
10 ၁၀ သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေး ငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ။
When thou lendest thy neighbour a loan of anything, thou shalt not enter into his house to secure his pledge:
11 ၁၁ သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည်။
outside, shalt thou stand, and the man to whom thou art lending, shall bring forth unto thee his pledge outside,
12 ၁၂ ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။
And, if he be a poor man, thou shalt not sleep in his pledge:
13 ၁၃ သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း၊ သူပေါင်၍ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသော အမှုသည် သင်၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။
thou shalt, restore, to him the pledge at the going in of the sun, so shall he sleep in his own mantle, and bless thee, —and, unto thee, shall it be righteousness before Yahweh thy God.
14 ၁၄ အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။
Thou shalt not oppress a hired servant that is poor and needy, —of thy brethren or of thy sojourners that are in thy land, within thy gates;
15 ၁၅ နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
for his day, shalt thou give his hire neither shall the sun, go in upon it, for, poor, he is, and, unto it, is he lifting up his soul, —lest he cry out against thee, unto Yahweh, and it be, in thee a sin.
16 ၁၆ အဘသည် သား၏အပြစ်ကြောင့်၎င်း၊ သား သည် အဘ၏အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။
Fathers shall not be put to death for sons, nor shall sons, be put to death for fathers, —every man, for his own sin, shall he put to death.
17 ၁၇ တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ။
Thou shalt not pervert the judgment of the sojourner [or] the fatherless, —neither shalt thou take in pledge the garment of a widow;
18 ၁၈ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို၎င်း အောက်မေ့ရ မည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
so shalt thou remember that, a servant, becamest thou in Egypt, and that Yahweh thy God, redeemed thee, from thence, —therefore, am I commanding thee to do this thing.
19 ၁၉ သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ် သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍ မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
When thou cuttest down thy harvest in thy field and forgettest a sheaf in the field, thou shalt not turn back to fetch it, to the sojourner, to the fatherless, and to the widow, shall it belong, —that Yahweh thy God, may bless thee, in all the Work of thy hands.
20 ၂၀ သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန် ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုး သား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
When thou beatest thine olive-tree, thou shalt not glean after thee, —to the sojourner to the fatherless and to the widow, shall it belong,
21 ၂၁ သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။
When thou cuttest off the grapes of thy vineyard, thou shalt not go about picking after thee, —to the sojourner to the fatherless and to the widow, shall it belong:
22 ၂၂ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
so shalt thou remember that a servant, becamest thou in the land of Egypt, —therefore, am I commending thee to do this thing.