< တရားဟောရာ 21 >
1 ၁ သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
Then there shall be found in the land, which the Lord thy God will give thee, the corpse of a man slain, and it is not known who is guilty of the murder,
2 ၂ သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
Thy ancients and judges shall go out, and shall measure from the place where the body lieth the distance of every city round about:
3 ၃ အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
And the ancients of that city which they shall perceive to be nearer than the rest, shall take a heifer of the herd, that hath not drawn in the yoke, nor ploughed the ground,
4 ၄ လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
And they shall bring her into a rough and stony valley, that never was ploughed, nor sown: and there they shall strike off the head of the heifer:
5 ၅ သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
And the priests the sons of Levi shall come, whom the Lord thy God hath chosen to minister to him, and to bless in his name, and that by their word every matter should be decided, and whatsoever is clean or unclean should be judged.
6 ၆ အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
And the ancients of that city shall come to the person slain, and shall wash their hands over the heifer that was killed in the valley,
7 ၇ ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
And shall say: Our hands did not shed this blood, nor did our eyes see it.
8 ၈ အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
Be merciful to thy people Israel, whom thou hast redeemed, O Lord, and lay not innocent blood to their charge, in the midst of thy people Israel. And the guilt of blood shall be taken from them:
9 ၉ ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
And thou shalt be free from the innocent’s blood, that was shed, when thou shalt have done what the Lord hath commanded thee.
10 ၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
If thou go out to fight against thy enemies, and the Lord thy God deliver them into thy hand, and thou lead them away captives,
11 ၁၁ ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
And seest in the number of the captives a beautiful woman, and lovest her, and wilt have her to wife,
12 ၁၂ သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
Thou shalt bring her into thy house: and she shall shave her hair, and pare her nails,
13 ၁၃ ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
And shall put off the raiment, wherein she was taken: and shall remain in thy house, and mourn for her father and mother one month: and after that thou shalt go in unto her, and shalt sleep with her, and she shall be thy wife.
14 ၁၄ နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
Rut if afterwards she please thee not, thou shalt let her go free, but thou mayst not sell her for money nor oppress her by might because thou hast humbled her.
15 ၁၅ လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
If a man have two wives, one beloved, and the other hated, and they have had children by him, and the son of the hated be the firstborn,
16 ၁၆ ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
And he meaneth to divide his substance among his sons: he may not make the son of the beloved the firstborn, and prefer him before the son of the hated.
17 ၁၇ မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
But he shall acknowledge the son of the hated for the firstborn, and shall give him a double portion of all he hath: for this is the first of his children, and to him are due the first birthrights.
18 ၁၈ အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
If a man have a stubborn and unruly son, who will not hear the commandments of his father or mother, and being corrected, slighteth obedience:
19 ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
They shall take him and bring him to the ancients of his city, and to the gate of judgment,
20 ၂၀ အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
And shall say to them: This our son is rebellious and stubborn, he slighteth hearing our admonitions, he giveth himself to revelling, and to debauchery and banquetings:
21 ၂၁ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
The people of the city shall stone him: and he shall die, that you may take away the evil out of the midst of you, and all Israel hearing it may be afraid.
22 ၂၂ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
When a man hath committed a crime for which he is to be punished with death, and being condemned to die is hanged on a gibbet:
23 ၂၃ အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။
His body shall not remain upon the tree, but shall be buried the same day: for he is accursed of God that hangeth on a tree: and thou shalt not defile thy land, which the Lord thy God shall give thee in possession.