< တရားဟောရာ 20 >
1 ၁ သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
“Lapho liphuma ukuyakulwa lesitha senu empini libe selibona amabhiza lezinqola kanye lebutho elikhulu ukwedlula elenu, lingabesabi, ngoba uThixo uNkulunkulu wenu, owalikhupha eGibhithe, uzakuba lani.
2 ၂ စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
Nxa selilungele ukuhlasela, umphristi uzakuza akhulume lebutho.
3 ၃ အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
Uzakuthi: ‘Zwana, wena Israyeli, namuhla liya ekuhlaseleni izitha zenu. Lingapheli amandla kumbe lesabe; lingatshaywa luvalo njalo lethuke phambi kwabo.
4 ၄ အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
Ngoba uThixo uNkulunkulu wenu nguye ohamba lani ukuyalilwela ezitheni zenu ukuba linqobe.’
5 ၅ ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Izikhulu zizakuthi ebuthweni: ‘Ukhona owakhe indlu entsha ongakayihlali na? Kabuyele emzini wakhe, funa afe empini kuthi omunye asale esezihlalela endlini yakhe.
6 ၆ စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Ukhona ohlanyele isivini kodwa engakadli izithelo zaso na? Kabuyele emzini wakhe, funa afe empini kuthi omunye azidlele izithelo zaso.
7 ၇ မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိ လျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
Ukhona osethembise owesifazane kodwa engakamthathi ukuthi abe ngumkakhe na? Kabuyele emzini wakhe, funa afe empini kuthi omunye umuntu amthathe’
8 ၈ တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
Izikhulu zizaqhubeka zithi, ‘Ikhona indoda eyesabayo kumbe ephelelwa ngamandla na? Kayibuyele emzini wayo ukuze abafowabo labo bangaphelelwa ngamandla.’
9 ၉ ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
Kuzakuthi lapho izikhulu seziqedile ukukhuluma lebutho, zizakhetha abalawuli bebutho.
10 ၁၀ သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
Nxa lisiya edolobheni ukuthi lihlasele, khulumani labantu bakulelodolobho lidinga ukuthula.
11 ၁၁ ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။
Bangavuma njalo balivulele amasango abo, bonke abantu bakulelodolobho bazakuba yizichaka zenu balisebenzele.
12 ၁၂ သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊
Kodwa bangala ukwamukela amazwi enu okuthula balihlasele, livimbezeleni lelodolobho.
13 ၁၃ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။
Kuzakuthi lapho uThixo uNkulunkulu wenu esenikele idolobho lelo kini, libulale amadoda wonke ngenkemba.
14 ၁၄ မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။
Kodwa abesifazane, abantwana, izifuyo kanye lakho konke okukulelodolobho kuzakuba yimpango yenu. Yonke impango yezitha zenu uThixo uNkulunkulu wenu alinika yona izakuba ngeyenu.
15 ၁၅ ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
Lokhu yikho okumele likwenze emadolobheni wonke akude lani njalo angasiwo ezizwe ezihlala eduzane lani.
16 ၁၆ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
Kanti-ke, emadolobheni ezizwe uThixo uNkulunkulu wenu alinika wona njengelifa, lingatshiyi lutho oluphefumulayo luphila.
17 ၁၇ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊
Lizawabhubhisa liwaqede wonke amaHithi, ama-Amori, amaKhenani, amaPherizi, amaHivi kanye lamaJebusi njengokulaywa kwenu nguThixo uNkulunkulu wenu.
18 ၁၈ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။
Funa balifundise ukwenza imikhuba yabo enengekayo yokukhonza onkulunkulu babo, lone kuThixo uNkulunkulu wenu.
19 ၁၉ သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ် ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင်၍ အပင်ကို မလှဲရ။
Nxa idolobho selilivimbezele okwesikhathi eside, lilihlasela ukuze lilithumbe, lingatshabalalisi izihlahla zalo ngokuzigamula, ngoba lingadla izithelo zazo. Lingazigamuli. Kambe izihlahla zeganga zingabantu ukuthi lingazivimbezela na?
20 ၂၀ သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။
Kodwa-ke lingagamula izihlahla elizaziyo ukuthi azitheli izithelo ezidliwayo ukuze lizisebenzise ekwakheni amadumba lize linqobe ledolobho lelo empini.”