< တရားဟောရာ 20 >

1 သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
``သင်​တို့​သည်​ရန်​သူ​ကို​ချီ​တက်​တိုက်​ခိုက် ရာ​၌ သင်​တို့​ထက်​အင်​အား​ကြီး​မား​သော ရ​ထား​တပ်၊ မြင်း​တပ်​နှင့်​ခြေ​လျင်​တပ်​တို့ နှင့်​ရင်​ဆိုင်​ရ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။-
2 စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
စစ်​ပွဲ​မ​ဝင်​မီ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် စစ်​တပ်​ရှေ့​သို့​ထွက်​၍၊-
3 အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
`ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​လော့။ ယ​နေ့​သင်​တို့​သည်​စစ်​ပွဲ​ထဲ​သို့​ဝင်​ရ​အံ့။ စိတ် ပျက်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​မ​ရှိ​ကြ​နှင့်။-
4 အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။
5 ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
``ထို​နောက်​စစ်​ဗိုလ်​များ​က`သင်​တို့​တွင်​အိမ် သစ်​တစ်​ဆောင်​ကို​ဆောက်​၍ ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​ခြင်း​မ​ပြု​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော်​အ​ခြား​သူ​တစ်​ယောက်​က သူ့​အိမ် ကို​ဘု​ရား​သ​ခင်​ထံ​ဆက်​ကပ်​ရ​လိမ့်​မည်။-
6 စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
သင်​တို့​တွင်​စပျစ်​ခြံ​ကို​စိုက်​၍​အ​သီး​ကို​မ​စု သိမ်း​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍​သူ သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား​သူ တစ်​ယောက်​က​ခြံ​ထွက်​စ​ပျစ်​သီး​ကို​စား​ရ လိမ့်​မည်။-
7 မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိ လျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
သင်​တို့​တွင်​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ရန် စေ့​စပ်​ထား​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား သူ​တစ်​ယောက်​က​ထို​အ​မျိုး​သ​မီး​ကို​ထိမ်း မြား​လက်​ထပ်​လိမ့်​မည်' ဟု​တပ်​သား​တို့​အား ပြော​ဆို​ရ​မည်။
8 တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
``စစ်​ဗိုလ်​များ​က​ဆက်​လက်​၍`သင်​တို့​တွင် သူ​ရဲ​ဘော​နည်း​၍​ကြောက်​ရွံ့​သော​သူ​ရှိ သ​လော။ ရှိ​လျှင်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​သူ့​ကြောင့် အ​ခြား​သူ​တို့​စိတ်​ဋ္ဌာတ်​ကျ ဆင်း​လိမ့်​မည်​ဟု​တပ်​သား​တို့​အား​ပြော ဆို​ရ​မည်။-
9 ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
စစ်​ဗိုလ်​များ​က​တပ်​သား​တို့​အား​ပြော​ဆို​ပြီး နောက်​တပ်​ခွဲ​တစ်​ခု​စီ​မှ​ခေါင်း​ဆောင်​များ​ကို ရွေး​ချယ်​ခန့်​ထား​ရ​မည်။
10 ၁၀ သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
၁၀``သင်​တို့​သည်​မြို့​တစ်​မြို့​ကို​စစ်​ချီ​တိုက်​ခိုက် သော​အ​ခါ ပ​ထ​မ​ဦး​စွာ​မြို့​သား​တို့​အား လက်​နက်​ချ​ခွင့်​ပေး​ရ​မည်။-
11 ၁၁ ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။
၁၁သူ​တို့​က​မြို့​တံ​ခါး​များ​ကို​ဖွင့်​၍​လက်​နက် ချ​လျှင် သူ​တို့​သည်​သင်​တို့​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ရ​သော​သင်​တို့​၏​ကျွန်​များ​ဖြစ် ရ​မည်။-
12 ၁၂ သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊
၁၂သို့​ရာ​တွင်​ထို​မြို့​သား​တို့​သည်​လက်​နက် မ​ချ​ဘဲ​ခု​ခံ​တိုက်​ခိုက်​မည်​ဆို​လျှင် သင်​တို့ ၏​စစ်​တပ်​သည်​မြို့​ကို​ဝိုင်း​ထား​ရ​မည်။-
13 ၁၃ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။
၁၃သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​မြို့​ကို​သိမ်း​ယူ​စေ​သော​အ​ခါ မြို့​ထဲ​၌​ရှိ​သော​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
14 ၁၄ မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။
၁၄သို့​ရာ​တွင်​မိန်း​မ​များ၊ က​လေး​များ၊ သိုး​နွား စ​သော​တိ​ရစ္ဆာန်​များ​နှင့်​မြို့​တွင်း​၌​ရှိ​သ​မျှ သော​ပစ္စည်း​များ​ကို သင်​တို့​အ​တွက်​သိမ်း​ယူ နိုင်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​ပိုင်​သ​မျှ ပစ္စည်း​အား​လုံး​ကို သင်​တို့​သုံး​စွဲ​ရန်​သင်​တို့ လက်​သို့​ပေး​အပ်​တော်​မူ​၏။-
15 ၁၅ ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
၁၅သင်​တို့​နေ​ထိုင်​မည့်​ပြည်​နှင့်​အ​လှမ်း​ဝေး​သော မြို့​များ​ကို ဤ​နည်း​အ​တိုင်း​တိုက်​ခိုက်​သိမ်း​ပိုက် ရ​မည်။
16 ၁၆ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
၁၆``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
17 ၁၇ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊
၁၇ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
18 ၁၈ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။
၁၈ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။
19 ၁၉ သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ် ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင်၍ အပင်ကို မလှဲရ။
၁၉``သင်​တို့​သည်​မြို့​တစ်​မြို့​ကို ကြာ​မြင့်​စွာ​တပ် ချ​ဝိုင်း​ထား​ရ​သည့်​အ​ခါ​အ​သီး​ပင်​များ ကို​မ​ခုတ်​လှဲ​ရ။ အ​သီး​ကို​စား​နိုင်​သည်။ ထို အ​ပင်​များ​သည်​သင်​တို့​၏​ရန်​သူ​များ​မ​ဟုတ် သ​ဖြင့်​မ​ဖျက်​ဆီး​နှင့်။-
20 ၂၀ သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။
၂၀မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။

< တရားဟောရာ 20 >