< တရားဟောရာ 2 >
1 ၁ တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
Then we turned, and took our journey into the wilderness by the way to the Red Sea, as the LORD spoke unto me; and we compassed mount Seir many days.
2 ၂ ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
And the LORD spoke unto me, saying:
3 ၃ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
'Ye have compassed this mountain long enough; turn you northward.
4 ၄ သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
And command thou the people, saying: Ye are to pass through the border of your brethren the children of Esau, that dwell in Seir; and they will be afraid of you; take ye good heed unto yourselves therefore;
5 ၅ သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
contend not with them; for I will not give you of their land, no, not so much as for the sole of the foot to tread on; because I have given mount Seir unto Esau for a possession.
6 ၆ သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
Ye shall purchase food of them for money, that ye may eat; and ye shall also buy water of them for money, that ye may drink.
7 ၇ သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
For the LORD thy God hath blessed thee in all the work of thy hand; He hath known thy walking through this great wilderness; these forty years the LORD thy God hath been with thee; thou hast lacked nothing.'
8 ၈ စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
So we passed by from our brethren the children of Esau, that dwell in Seir, from the way of the Arabah, from Elath and from Ezion-geber. And we turned and passed by the way of the wilderness of Moab.
9 ၉ ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
And the LORD said unto me: 'Be not at enmity with Moab, neither contend with them in battle; for I will not give thee of his land for a possession; because I have given Ar unto the children of Lot for a possession. —
10 ၁၀ ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
The Emim dwelt therein aforetime, a people great, and many, and tall, as the Anakim;
11 ၁၁ ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
these also are accounted Rephaim, as the Anakim; but the Moabites call them Emim.
12 ၁၂ ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
And in Seir dwelt the Horites aforetime, but the children of Esau succeeded them; and they destroyed them from before them, and dwelt in their stead; as Israel did unto the land of his possession, which the LORD gave unto them. —
13 ၁၃ ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
Now rise up, and get you over the brook Zered.' And we went over the brook Zered.
14 ၁၄ ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
And the days in which we came from Kadesh-barnea, until we were come over the brook Zered, were thirty and eight years; until all the generation, even the men of war, were consumed from the midst of the camp, as the LORD swore unto them.
15 ၁၅ ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
Moreover the hand of the LORD was against them, to discomfit them from the midst of the camp, until they were consumed.
16 ၁၆ စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
So it came to pass, when all the men of war were consumed and dead from among the people,
17 ၁၇ ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
that the LORD spoke unto me saying:
18 ၁၈ အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
'Thou art this day to pass over the border of Moab, even Ar;
19 ၁၉ အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
and when thou comest nigh over against the children of Ammon, harass them not, nor contend with them; for I will not give thee of the land of the children of Ammon for a possession; because I have given it unto the children of Lot for a possession. —
20 ၂၀ ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
That also is accounted a land of Rephaim: Rephaim dwelt therein aforetime; but the Ammonites call them Zamzummim,
21 ၂၁ ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
a people great, and many, and tall, as the Anakim; but the LORD destroyed them before them; and they succeeded them, and dwelt in their stead;
22 ၂၂ သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
as He did for the children of Esau, that dwell in Seir, when He destroyed the Horites from before them; and they succeeded them, and dwelt in their stead even unto this day;
23 ၂၃ ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
and the Avvim, that dwelt in villages as far as Gaza, the Caphtorim, that came forth out of Caphtor, destroyed them, and dwelt in their stead. —
24 ၂၄ သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
Rise ye up, take your journey, and pass over the valley of Arnon; behold, I have given into thy hand Sihon the Amorite, king of Heshbon, and his land; begin to possess it, and contend with him in battle.
25 ၂၅ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
This day will I begin to put the dread of thee and the fear of thee upon the peoples that are under the whole heaven, who, when they hear the report of thee, shall tremble, and be in anguish because of thee.'
26 ၂၆ ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
And I sent messengers out of the wilderness of Kedemoth unto Sihon king of Heshbon with words of peace, saying:
27 ၂၇ မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
'Let me pass through thy land; I will go along by the highway, I will neither turn unto the right hand nor to the left.
28 ၂၈ စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
Thou shalt sell me food for money, that I may eat; and give me water for money, that I may drink; only let me pass through on my feet;
29 ၂၉ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
as the children of Esau that dwell in Seir, and the Moabites that dwell in Ar, did unto me; until I shall pass over the Jordan into the land which the LORD our God giveth us.'
30 ၃၀ ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
But Sihon king of Heshbon would not let us pass by him; for the LORD thy God hardened his spirit, and made his heart obstinate, that He might deliver him into thy hand, as appeareth this day.
31 ၃၁ ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
And the LORD said unto me: 'Behold, I have begun to deliver up Sihon and his land before thee; begin to possess his land.'
32 ၃၂ ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
Then Sihon came out against us, he and all his people, unto battle at Jahaz.
33 ၃၃ ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
And the LORD our God delivered him up before us; and we smote him, and his sons, and all his people.
34 ၃၄ ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
And we took all his cities at that time, and utterly destroyed every city, the men, and the women, and the little ones; we left none remaining;
35 ၃၅ တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
only the cattle we took for a prey unto ourselves, with the spoil of the cities which we had taken.
36 ၃၆ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
From Aroer, which is on the edge of the valley of Arnon, and from the city that is in the valley, even unto Gilead, there was not a city too high for us: the LORD our God delivered up all before us.
37 ၃၇ သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။
Only to the land of the children of Ammon thou camest not near; all the side of the river Jabbok, and the cities of the hill-country, and wheresoever the LORD our God forbade us.