< တရားဟောရာ 18 >
1 ၁ လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။
Ne legyen a levita papoknak, Lévi egész törzsének osztályrésze és birtoka Izraellel; az Örökkévalónak tűzáldozatait és birtokát élvezzék.
2 ၂ ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။
De birtoka ne legyen neki testvérei közepette; az Örökkévaló az ő birtoka, amint szólt hozzá.
3 ၃ လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊
És ez legyen a papok joga a néptől, azoktól, kik áldozatot vágnak, akár ökröt, akár juhot, adja a papnak a lapockát, a két állkapcsot és a gyomrot.
4 ၄ အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။
Elsejét gabonádnak, mustodnak és olajodnak, meg elsejét juhaid nyírásának add neki.
5 ၅ အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။
Mert őt választotta ki az Örökkévaló, a te Istened mind a törzseid közül, hogy odaálljon szolgálatot végezni az Örökkévaló nevében, ő és fiai minden időben.
6 ၆ ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသား တစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာ လျှင်၊
És ha eljön a levita kapuid egyikéből, egész Izraelből, ahol ő tartózkodik, és eljön lelke egész vágya szerint a helyre, melyet kiválaszt az Örökkévaló,
7 ၇ ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။
akkor szolgálatot végezhet az Örökkévaló, az ő Istene nevében, mint mind a testvérei, a leviták, akik ott állnak az Örökkévaló színe előtt.
8 ၈ သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
Egyenlő részeket élvezzenek, azonkívül, amit elad az őseiéből.
9 ၉ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။
Ha te bemész az országba, melyet az Örökkévaló, a te Istened ad neked, ne tanulj cselekedni ama népek utálatai szerint.
10 ၁၀ သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊
Ne találtassék benned, aki keresztülviszi fiát vagy leányát a tűzön, varázsló, időjós, kígyóigéző és kuruzsló;
11 ၁၁ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။
se bűvölő, se szellemidéző és jövendőmondó és aki kérdez a halottaktól.
12 ၁၂ ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။
Mert az Örökkévaló utálata mindaz, aki ezt teszi és emez utálatok miatt űzi el az Örökkévaló, a te Istened azokat te előled.
13 ၁၃ သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။
Tökéletes légy az Örökkévalóval, a te Isteneddel.
14 ၁၄ သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
Mert ezek a népek, melyeket te elfoglalsz, időjósokra és varázslókra hallgatnak, de neked nem így rendelte az Örökkévaló, a te Istened.
15 ၁၅ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။
Prófétát közepedből, testvéreid közül, mint én vagyok, olyant támaszt majd neked az Örökkévaló, a te Istened, őrá hallgassatok.
16 ၁၆ ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
Egészen úgy, amint kérted az Örökkévalótól, a te Istenedtől Chóreben a gyülekezés napján, mondván: Ne halljam tovább az Örökkévaló, az én Istenem hangját és ezt a nagy tüzet ne lássam többé, hogy meg ne haljak.
17 ၁၇ ထာဝရဘုရားက၊ သူတို့ စကားသည် လျောက် ပတ်ပေ၏။
És az Örökkévaló mondta nekem: Jól mondták, amit mondtak.
18 ၁၈ သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။
Prófétát támasztok majd nekik testvéreid közül, olyant, mint te, és adom szavaimat szájába, hogy elmondja nekik mindazt, amit parancsolok neki.
19 ၁၉ ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။
És lesz, a férfiú, aki nem hallgat szavaimra, melyeket nevemben fog elmondani, én fogom számon kérni attól.
20 ၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။
De a próféta, aki gonosz szándékkal szól valamit nevemben, amit nem parancsoltam neki, hogy elmondja és aki szól más istenek nevében, haljon meg az a próféta.
21 ၂၁ သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင်၊
Ha pedig azt mondod szívedben: Miként ismerjük meg az igét, melyet nem az Örökkévaló mondott?
22 ၂၂ ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြော သောစကားမပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။
Amit szól a próféta az Örökkévaló nevében és nem történik meg a dolog és nem következik be, az az ige, melyet nem mondott az Örökkévaló; gonosz szándékból mondta azt a próféta ne félj tőle.