< တရားဟောရာ 17 >
1 ၁ အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာ ပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
Thou shalt not sacrifice to Jehovah thy God an ox or sheep wherein is a defect, or anything bad; for it is an abomination to Jehovah thy God.
2 ၂ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင်၊
If there be found in thy midst in any of thy gates which Jehovah thy God giveth thee, man or woman, that doeth what is evil in the sight of Jehovah thy God, in transgressing his covenant,
3 ၃ နေ၊ လ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊
and goeth and serveth other gods, and boweth down to them, either to the sun or to the moon, or to the whole host of heaven, which I have not commanded;
4 ၄ သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသော အခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊
and it be told thee, and thou hearest of it; then thou shalt make thorough inquiry, and if it be truth [and] the thing be certain, that this abomination hath been wrought in Israel,
5 ၅ ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရမည်။
thou shalt bring forth that man or that woman, who committed that wicked thing, unto thy gates, the man or the woman, and shalt stone them with stones, that they die.
6 ၆ သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည်။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ။
At the mouth of two witnesses, or three witnesses, shall he that is to die be put to death: he shall not be put to death at the mouth of one witness.
7 ၇ ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။
The hands of the witnesses shall be first upon him to put him to death, and afterwards the hands of all the people; and thou shalt put evil away from thy midst.
8 ၈ သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊
If there arise a matter too hard for thee in judgment, between blood and blood, between cause and cause, and between stroke and stroke, matters of controversy within thy gates, then shalt thou arise, and go up to the place which Jehovah thy God will choose.
9 ၉ ထိုကာလအခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။
And thou shalt come unto the priests, the Levites, and unto the judge that shall be in those days, and inquire; and they shall declare unto thee the sentence of judgment;
10 ၁၀ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။
and thou shalt do according to the tenor of the word, which they of that place which Jehovah will choose shall declare unto thee; and thou shalt take heed to do according to all that they instruct thee:
11 ၁၁ သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။
according to the sentence of the law which they shall declare unto thee, and according to the judgment which they shall tell thee, thou shalt do: thou shalt not decline from the word which they shall declare unto thee, to the right hand, or the left.
12 ၁၂ သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကို ပယ်ရမည်။
And the man that shall act presumptuously, and not hearken unto the priest that standeth to serve there before Jehovah thy God, or unto the judge, that man shall die; and thou shalt put away evil from Israel.
13 ၁၃ ထိုသိတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
And all the people shall hear, and fear, and no more act presumptuously.
14 ၁၄ သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား၍ နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊
When thou comest unto the land which Jehovah thy God giveth thee, and shalt possess it, and shalt dwell therein, and shalt say, I will set a king over me, like all the nations that are about me;
15 ၁၅ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။
thou shalt only set him king over thee whom Jehovah thy God will choose: from among thy brethren shalt thou set a king over thee; thou mayest not set a foreigner over thee, who is not thy brother.
16 ၁၆ ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
Only he shall not multiply horses to himself, nor lead back the people to Egypt, to multiply horses; for Jehovah hath said unto you, Ye shall not return again any more that way.
17 ၁၇ သူ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။
Neither shall he multiply wives to himself, that his heart turn not away; neither shall he greatly multiply to himself silver and gold.
18 ၁၈ ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
And it shall be, when he sitteth upon the throne of his kingdom, that he shall write for himself a copy of this law in a book out of that which is before the priests, the Levites;
and it shall be with him, and he shall read therein all the days of his life; that he may learn to fear Jehovah his God, to keep all the words of this law and these statutes, to do them;
that his heart be not lifted up above his brethren, and that he turn not aside from the commandment, to the right hand, or to the left; that he may prolong his days in his kingdom, he, and his sons, in the midst of Israel.