< တရားဟောရာ 16 >
1 ၁ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိ ဗလ၊ ညဉ့်အခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလကို မှတ်၍၊ သင်၏ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။
Sababii Waaqayyo Waaqni kee jiʼa Abiibii keessa halkaniin Gibxii si baaseef jiʼa Abiibii kabaji; Faasiikaa Waaqayyo Waaqa keetiis ayyaaneffadhu.
2 ၂ ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။
Iddoo Waaqayyo Waaqni kee akka Maqaan isaa achi jiraatuuf filatutti bushaayee kee yookaan loon kee keessaa Faasiikaa godhii Waaqayyo Waaqa keetiif qali.
3 ၃ သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါ သော မုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း။
Ati akka bara jireenya keetii guutuu guyyaa itti Gibxii baate sana yaadattuuf Faasiikaa sana buddeena raacitii qabu wajjin hin nyaatin; garuu ati sababii ariitiidhaan biyya Gibxiitii baateef bultii torba maxinoo jechuunis buddeena rakkinaa nyaadhu.
4 ၄ ခုနှစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါ သောမုန့်မရှိရ။ ပဌမနေ့ညဦးယံ၌ ပူဇော်သောယဇ်၏အ သားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။
Guutummaa biyya keetii keessatti bultii torbaaf raacitiin hin argamin. Foon ati galgala guyyaa jalqabaatti aarsaa gootu hamma bariitti hin turin.
5 ၅ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ်။
Ati magaalaa Waaqayyo Waaqni kee siif kennu kamitti iyyuu Faasiikaa hin dhiʼeessin;
6 ၆ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။
garuu lafa inni iddoo jireenya Maqaa isaatiif filatutti galgala yeroo biiftuun gad buututti yaadannoo guyyaa itti biyya Gibxiitii baateetiif aarsaa Faasiikaa dhiʼeessi.
7 ၇ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန် ၌ အိမ်သို့ ပြန်သွားရမည်။
Aarsaa Faasiikaa sana waadiitii iddoo Waaqayyo Waaqni kee filatutti nyaadhu. Ergasiis ganama gara dunkaana keetiitti deebiʼi.
8 ၈ ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
Bultii jaʼa maxinoo nyaadhu; bultii torbaffaatti immoo Waaqayyo Waaqa keetiif wal gaʼii qulqulluu godhi; hojii illee hin hojjetin.
9 ၉ စပါးကို ရိတ်စကာလနောက်၊ အရေအတွက် အားဖြင့် ခုနှစ်သိတင်းလွန်မှ၊
Gaafa midhaan kee haamuu jalqabdee kaasii torbanoota torba lakkaaʼi.
10 ၁၀ သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။
Ergasiis akkuma baayʼina eebba Waaqayyo Waaqni kee siif kenneetti kennaa fedhiidhaan kennitu dhiʼeessuudhaan Ayyaana Torbanootaa Waaqayyo Waaqa keetiif ayyaaneffadhu.
11 ၁၁ သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
Ati, ilmaanii fi intallan kee, hojjettoonni kee dhiironnii fi dubartiin, Lewwonni magaalaawwan kee keessa jiraatan, alagoonni, ijoolleen abbaa hin qabnee fi niitonni dhirsoonni isaanii irraa duʼan kanneen isin gidduu jiraatan achitti, iddoo Waaqayyo Waaqni kee iddoo jireenya Maqaa isaatiif filatutti fuula isaa duratti ni gammaddu.
12 ၁၂ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။
Ati akka Gibxitti garba turte yaadadhu; seera kanas akka gaariitti eegi.
13 ၁၃ စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနှစ်ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည်။
Erga oobdii fi iddoo cuunfaa wayinii keetii irraa oomisha kee galfattee booddee guyyaa torbaaf Ayyaana Daasii ayyaaneffadhu.
14 ၁၄ ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သား သမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
Ati, ilmaanii fi intallan kee, tajaajiltoonni kee dhiironnii fi dubartoonni, Lewwonni, alagoonni, ijoolleen abbootii hin qabnee fi dubartoonni dhirsoonni isaanii irraa duʼan kanneen magaalaawwan kee keessa jiraatan ayyaana kee irratti gammadaa.
15 ၁၅ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌၊ ခုနှစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊ ဓမ္မပွဲကို ခံရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင် လေရာရာ၌ ကောင်းကြီးပေးတော်မူသောကြောင့်၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည်။
Ayyaana kanas iddoo Waaqayyo filatutti bultii torbaaf Waaqayyo Waaqa keetiif ayyaaneffadhu. Sababii Waaqayyo Waaqni kee oomisha keetii fi hojii harka keetii hundaan si eebbisuuf gammachuun kee guutuu taʼa.
16 ၁၆ အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။
Dhiirri kee hundi waggaatti yeroo sadii iddoo inni filatutti fuula Waaqayyo Waaqa keetii duratti dhiʼaachuu qabu; kunis yeroo Ayyaana Maxinoo, yeroo Ayyaana Torbanootaatii fi yeroo Ayyaana Daasii ti. Namni tokko iyyuu harka duwwaa fuula Waaqayyoo duratti hin dhiʼaatin:
17 ၁၇ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။
Tokkoon tokkoon keessan akkuma baayʼina eebba Waaqayyo Waaqni keessan isiniif kenneetti kennaa fidaa.
18 ၁၈ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည်။
Magaalaawwan Waaqayyo Waaqni kee siif kennu hundattuu gosoota kee hundaaf abbootii seeraatii fi qondaaltota muudi; isaanis dhugaadhaan namootaaf murtii kennu.
19 ၁၉ သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏ စကားကို ကောက်စေတတ်၏။
Ati murtii hin jalʼisin yookaan nama wal hin caalchisin. Mattaʼaa hin fudhatin; mattaʼaan ija ogeeyyii jaamsee dubbii qajeeltotaas jalʼisa.
20 ၂၀ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
Ati akka lubbuudhaan jiraattee lafa Waaqayyo Waaqni kee siif kennu dhaaltuuf murtii qajeelaa qofa duukaa buʼi.
21 ၂၁ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။
Iddoo aarsaa kan Waaqayyo Waaqa keetiif dhaabde bira siidaa Aasheeraa hin dhaabin.
22 ၂၂ သင်၏ဘုရားသခင် ထာဝရဘုရား မုန်းတော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ။
Soodduu dhagaa kan Waaqayyo Waaqni kee jibbu ofii keetiif hin dhaabbatin.