< တရားဟောရာ 13 >
1 ၁ သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
၁``သင်တို့တွင်ပရောဖက်သို့မဟုတ် အိပ်မက် ကိုဖတ်တတ်သူတစ်ဦးဦးက၊-
2 ၂ သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုကို ပေး၍၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊
၂သင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊-
3 ၃ ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။
၃ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
4 ၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရ ကြမည်။
၄ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။-
5 ၅ ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြော သောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
၅သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
6 ၆ သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသော ဘုရား၊
၆``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
7 ၇ သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ် သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင်၊
၇သူတို့တစ်ဦးဦးကသင်တို့အနီးအပါး တွင်နေထိုင်သူ သို့မဟုတ်သင်တို့နှင့်ဝေးသော အရပ်တွင်နေထိုင်သူတို့၏ဘုရားများကို ဝတ်ပြုကိုးကွယ်ရန်ဖြားယောင်းပေလိမ့်မည်။-
8 ၈ သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင် ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍ မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။
၈ထိုအခါသင်တို့သည်သူဖြားယောင်းသည့် အတိုင်းမလိုက်လျောနှင့်။ သူပြောသည့်စကား ကိုပင်နားမထောင်နှင့်။ သူ့အားထောက်ထား ညှာတာခြင်းမပြုရ။ အကာအကွယ်မပေးရ။-
9 ၉ သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။
၉သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
10 ၁၀ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။
၁၀သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။-
11 ၁၁ ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
၁၁ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။''
12 ၁၂ အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
၁၂``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
13 ၁၃ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူ မြို့သားတို့ကို သွေး ဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော မြို့တစုံတမြို့၌ သင်သည် သိတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
၁၃အခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊-
14 ၁၄ သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊
၁၄သင်တို့သည်စေ့စေ့စပ်စပ်မေးမြန်းစုံစမ်း လော့။ ထိုဒုစရိုက်ကိုဧကန်ပြုကြောင်းစုံ စမ်းသိရှိရသော်၊-
15 ၁၅ ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။
၁၅ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
16 ၁၆ လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန် မတည် မဆောက်ရ။
၁၆ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
17 ၁၇ ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
၁၇ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
18 ၁၈ ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။
၁၈