< တရားဟောရာ 12 >
1 ၁ သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား၊
၁``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံးစောင့်ထိန်းရမည့်ပညတ်တော် များကိုဖော်ပြအံ့။ နားထောင်ကြလော့။-
2 ၂ သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။
၂သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
3 ၃ သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။
၃သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
4 ၄ သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊
၄``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။-
5 ၅ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍ လာရကြမည်။
၅ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
6 ၆ ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
၆သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-
7 ၇ ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
၇သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
8 ၈ ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက်၍ မပြုရကြ။
၈``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊-
9 ၉ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး။
၉သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
10 ၁၀ သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊
၁၀သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-
11 ၁၁ နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။
၁၁ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
12 ၁၂ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌ တည်းခိုသော လေဝိသားတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။
၁၂ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
13 ၁၃ တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့။
၁၃သင်တို့သည်ကြိုက်ရာဌာန၌ယဇ်ပူဇော် ခြင်းကိုမပြုရ။
14 ၁၄ သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
၁၄သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
15 ၁၅ သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာ အရပ်ရပ်၌ စားချင်သော အလိုသို့လိုက်၍ သတ်စားရ သော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကို စား သကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည်။
၁၅``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-
16 ၁၆ သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
၁၆သို့ရာတွင်တိရစ္ဆာန်တို့၏သွေးကိုမူကား မစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာ သွန်ရမည်။-
17 ၁၇ စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။
၁၇ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
18 ၁၈ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။
၁၈သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
19 ၁၉ မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။
၁၉သင်တို့သည်ပြည်တော်တွင်အသက်ရှင်နေ ထိုင်သမျှကာလပတ်လုံး လေဝိအမျိုး သားတို့ကိုမမေ့ရန်သတိချပ်လော့။''
20 ၂၀ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။
၂၀``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ကတိတော်ရှိသည့်အတိုင်းသင်တို့၏ ပြည်နယ်နိမိတ်ကိုကျယ်ပြန့်စေတော်မူ သောအခါ သင်တို့သည်အသားကိုစား လိုသမျှစားနိုင်သည်။-
21 ၂၁ သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
၂၁အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
22 ၂၂ သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့်ရှိကြ၏။
၂၂သင်တို့အပေါင်းသည်သမင်ဒရယ်သားကိုစား ခွင့်ရှိသကဲ့သို့ ဘာသာရေးထုံးတမ်းအရ စင်ကြယ်သူဖြစ်စေ၊ မစင်ကြယ်သူဖြစ်စေ ထိုအသားကိုစားခွင့်ရှိသည်။-
23 ၂၃ သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။
၂၃သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-
24 ၂၄ ထို့ကြောင့် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
၂၄သွေးကိုမစားသုံးရ။ ရေကိုမြေပေါ်မှာသွန် သကဲ့သို့သွေးကိုသွန်ရမည်။-
25 ၂၅ သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။
၂၅ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
26 ၂၆ သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။
၂၆သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။-
27 ၂၇ အသားနှင့်အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ် တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။
၂၇ထိုဝတ်ပြုရာဌာနရှိထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရ မည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်၏သွေးကို သွန်း၍အသားကိုစားရသောယဇ်ကို လည်းပူဇော်ရမည်။-
28 ၂၈ သင်၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှ စ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
၂၈သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
29 ၂၉ သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသော လူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊
၂၉``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။-
30 ၃၀ သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။
၃၀ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-
31 ၃၁ သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။
၃၁သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
32 ၃၂ ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့။ ထပ်၍ မပိုရ၊ နှုတ်၍ မလျော့စေရ။
၃၂သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''