< တရားဟောရာ 10 >

1 ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
ထိုအခါ ထာဝရဘုရား က၊ အရင် ကျောက်ပြား နှစ် ပြားနည်းတူ ၊ ကျောက်ပြားနှစ်ပြားကို ခုတ် ဦးလော့။ ငါ ရှိရာသို့ တက် လာလော့။ သေတ္တာ ကိုလည်း လုပ် လော့။
2 သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။
သင်ချိုးဖဲ့ သော အရင် ကျောက်ပြား ၌ စကား ပါ သည် အတိုင်း ၊ နောက်ကျောက်ပြား ပေါ် မှာ ငါရေးထား ဦးမည်။ သင်သည် ထို ကျောက်ပြားကို သေတ္တာ ထဲမှာ ထား ရမည်ဟု ငါ့ အား မိန့် တော်မူ၏။
3 ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။
ငါသည်လည်း ၊ အကာရှ သစ်သား ဖြင့် သေတ္တာ ကို လုပ် ၍ ၊ အရင် ကျောက်ပြား နည်းတူ ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ ထိုကျောက်ပြား ကို ကိုင် လျက် တောင် ပေါ်သို့ တက် လေ၏။
4 သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။
သင် တို့စည်းဝေး သောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မိန့် မြွက်တော်မူသော ပညတ် တော်ဆယ် ပါးတို့ကို၊ အရင် စာ ၌ လာသည်အတိုင်း ၊ ထာဝရဘုရား သည် ရေးထား ၍ ငါ့ အား ပေး တော်မူ၏။
5 ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
ငါသည်လည်း လှည့် ၍ တောင် ပေါ်က ဆင်း သဖြင့် ၊ လုပ် ပြီးသော သေတ္တာ ထဲ ၌ ထိုကျောက်ပြား ကို ထား ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထို သေတ္တာထဲ ၌ ယခုရှိ ၏။
6 ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။
ငါ သည်တောင် ပေါ် မှာ အရင် နေ သောကာလ နှင့်အမျှ ၊ အရက် လေးဆယ် ပတ်လုံးတဖန်နေပြန်၍၊ ထိုအခါ ၌ လည်း ထာဝရဘုရား သည် သင် တို့ကို မ ဖျက်ဆီး မည်အကြောင်း၊ ငါ့ စကားကို နားထောင် တော်မူ၏။
7 ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေး ခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
8 ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
ဣသရေလ အမျိုးသား တို့သည် မောသရုတ် အရပ်မှ ခရီး သွား၍၊ ဗင်္ယာကန်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌စားခန်းချကြ၏။
9 ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။
ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထို အရပ်၌အာရုန် သည်အနိစ္စရောက် ၍၊ သူ့ကိုသင်္ဂြိုဟ် ရ၏။ သူ ၏သား ဧလာဇာ သည် အဘ ၏အရာ ၌ယဇ်ပုရောဟိတ် အမှုကိုဆောင်ရ၏။
10 ၁၀ လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ ရပ်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ၏။
၁၀လေဝိ သားတို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း စေခြင်းငှာ ၎င်း၊ ရှေ့ တော်၌ ရပ် ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှာ ၎င်း၊ အခွင့် တော်နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း၊ ယနေ့ တိုင်အောင် ထို သူတို့ ကို ခွဲ ခန့်တော်မူ၏။
11 ၁၁ ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ၏။
၁၁ထို့ကြောင့် လေဝိ သားတို့သည် ညီအစ်ကို တို့နှင့် ရော ၍ အဘို့ ကိုမပိုင်၊ အမွေ ကိုမ ခံ ရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ခံရသောအမွေ ဖြစ် တော်မူ၏။
12 ၁၂ အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
၁၂အို ဣသရေလ အမျိုး၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ လမ်း တော်သို့ လိုက်သွား ခြင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်ခြင်း၊
13 ၁၃ သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။
၁၃သင် ၏ အကျိုး ကို ထောက် ၍ ယနေ့ ငါ ဆင့်ဆို သော ထာဝရဘုရား ၏ ပညတ် တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဘယ် အမှုကို တောင်း တော်မူသနည်း။
14 ၁၄ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။
၁၄မိုဃ်း ကောင်းကင်နှင့် ကောင်းကင် ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီး တန်ဆာရှိသမျှ ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင်တော်မူ၏။
15 ၁၅ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
၁၅သို့ရာတွင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ ရှိသကဲ့သို့ ၊ သူ တို့အမျိုးအနွယ် တည်းဟူသော သင့် ကို ၊ အခြားသော လူမျိုး တကာ တို့ တွင် ရွေးကောက် တော်မူ၏။
16 ၁၆ သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
၁၆သို့ဖြစ်၍ သင် ၏နှလုံး အရေဖျား ကို လှီး ဖြတ် လော့။ နောက် တဖန် ခိုင်မာ သောလည်ပင်း မ ရှိစေနှင့်။
17 ၁၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
၁၇အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊
18 ၁၈ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
၁၈မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ ဘက်၌ တရားစီရင် ၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက် သဖြင့်၊ အဝတ် အစား တို့ကိုပေး သနားသော ဘုရားဖြစ်တော်မူ၏။
19 ၁၉ သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။
၁၉သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ် ကြလော့။ အကြောင်း မူကား၊ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
20 ၂၀ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
၂၀သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ အမှုတော် ကို ဆောင်ရွက်ရမည်။ ကိုယ်တော် ၌ ဆည်းကပ် ရမည်။ နာမ တော်အားဖြင့် ကျိန်ဆို ခြင်းကို ပြုရမည်။
21 ၂၁ ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
၂၁ထာဝရဘုရားသည် သင် ၏ဂုဏ် အသရေ၊ သင် ၏ဘုရား သခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိ နှင့် မြင် သည်အတိုင်း ၊ ကြောက်မက် ဘွယ်သော အမူအရာကြီး တို့ကို သင့် အဘို့ ပြု တော်မူပြီ။
22 ၂၂ သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။
၂၂သင် ၏ ဘိုးဘေး တို့သည်၊ အရေ အတွက်အားဖြင့် လူ ခုနစ် ဆယ်မျှသာ ရှိလျက် ၊ အဲဂုတ္တု ပြည်သို့ ဆင်း သွားကြ၏။ ယခု မူကား၊ အရေအတွက်အားဖြင့်မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ သင် ၏ဘုရား သခင်ထာဝရဘုရား သည် များပြားစေ တော်မူပြီ။

< တရားဟောရာ 10 >