< တရားဟောရာ 10 >
1 ၁ ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
In tempore illo dixit Dominus ad me: Dola tibi duas tabulas lapideas, sicut priores fuerunt, et ascende ad me in montem: faciesque arcam ligneam,
2 ၂ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။
et scribam in tabulis verba quæ fuerunt in his, qui ante confregisti, ponesque eas in arca.
3 ၃ ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။
Feci igitur arcam de lignis settim. Cumque dolassem duas tabulas lapideas instar priorum, ascendi in montem, habens eas in manibus.
4 ၄ သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။
Scripsitque in tabulis iuxta id, quod prius scripserat, verba decem, quæ locutus est Dominus ad vos in monte de medio ignis, quando populus congregatus est: et dedit eas mihi.
5 ၅ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
Reversusque de monte, descendi, et posui tabulas in arcam, quam feceram, quæ hucusque ibi sunt, sicut mihi præcepit Dominus.
6 ၆ ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။
Filii autem Israel moverunt castra ex Beroth filiorum Iacan in Mosera, ubi Aaron mortuus ac sepultus est, pro quo, sacerdotio functus est Eleazar filius eius.
7 ၇ ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
Inde venerunt in Gadgad: de quo loco profecti, castrametati sunt in Ietebatha, in Terra aquarum atque torrentium.
8 ၈ ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
Eo tempore separavit tribum Levi, ut portaret arcam fœderis Domini, et staret coram eo in ministerio, ac benediceret in nomine illius usque in præsentem diem.
9 ၉ ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။
Quam ob rem non habuit Levi partem, neque possessionem cum fratribus suis: quia ipse Dominus possessio eius est, sicut promisit ei Dominus Deus tuus.
10 ၁၀ လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ ရပ်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ၏။
Ego autem steti in monte, sicut prius, quadraginta diebus ac noctibus: exaudivitque me Dominus etiam hac vice, et te perdere noluit.
11 ၁၁ ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ၏။
Dixitque mihi: Vade, et præcede populum, ut ingrediatur, et possideat Terram, quam iuravi patribus eorum ut traderem eis.
12 ၁၂ အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
Et nunc Israel, quid Dominus Deus tuus petit a te, nisi ut timeas Dominum Deum tuum, et ambules in viis eius, et diligas eum, ac servias Domino Deo tuo in toto corde tuo, et in tota anima tua:
13 ၁၃ သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။
custodiasque mandata Domini, et ceremonias eius, quas ego hodie præcipio tibi, ut bene sit tibi?
14 ၁၄ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။
En Domini Dei tui cælum est, et cælum cæli, terra et omnia, quæ in ea sunt:
15 ၁၅ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
et tamen patribus tuis conglutinatus est Dominus, et amavit eos, elegitque semen eorum post eos, id est vos, de cunctis Gentibus, sicut hodie comprobatur.
16 ၁၆ သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
Circumcidite igitur præputium cordis vestri, et cervicem vestram ne induretis amplius:
17 ၁၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
quia Dominus Deus vester ipse est Deus deorum, et Dominus dominantium, Deus magnus et potens, et terribilis, qui personam non accipit, nec munera.
18 ၁၈ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
Facit iudicium pupillo et viduæ, amat peregrinum, et dat ei victum atque vestitum.
19 ၁၉ သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။
et vos ergo amate peregrinos, quia et ipsi fuistis advenæ in Terra Ægypti.
20 ၂၀ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
Dominum Deum tuum timebis, et ei soli servies: ipsi adhærebis, iurabisque in nomine illius.
21 ၂၁ ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
Ipse est laus tua, et Deus tuus, qui fecit tibi hæc magnalia et terribilia, quæ viderunt oculi tui.
22 ၂၂ သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။
In septuaginta animabus descenderunt patres tui in Ægyptum: et ecce nunc multiplicavit te Dominus Deus tuus sicut astra cæli.