< ဒံယေလ 8 >

1 ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊
В лето третие царства Валтасара царя видение явися мне, аз Даниил, по явльшемся мне прежде.
2 ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊
И бех в Сусех граде, иже есть во стране Еламстей, и видех в видении, и бех на Увале,
3 ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။
и воздвигох очи мои и видех: и се, овен един стоя пред увалом емуже рози, рози же высоцы, един же вышше другаго, и вышший восхождаше последи.
4 ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။
И видех овна бодуща на запад и на север, и на юг и на восток: и вси зверие не станут пред ним, и не бе избавляюща из руки его, и сотвори по воли своей, и возвеличися.
5 ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။
Аз же бех размышляя, и се козел от коз идяше от лива на лице всея земли и не бе прикасаяся земли, и козлу тому рог видимь между очима его:
6 ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍
и прииде до овна имущаго рога егоже видех стояща пред увалом, и тече к нему в силе крепости своея.
7 အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
И видех его доходяща до овна, и разсвирепе на него, и порази овна, и сокруши оба рога его: и не бе силы овну, еже стати противу ему: и поверже его на землю и попра его, и не бе избавляяй овна от руки его.
8 သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။
И козел козий возвеличися до зела: и внегда укрепися, сокрушися рог его великий, и взыдоша друзии четыри рози под ним, по четырем ветром небесным:
9 ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသော ပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။
и от единаго их взыде рог един крепок, и возвеличися вельми к югу и к востоку и к силе,
10 ၁၀ ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။
и возвеличися даже до силы небесныя: и сотвори пасти на землю от силы небесныя и от звезд, и попра я:
11 ၁၁ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။
и дондеже Архистратиг избавит пленники, и Его ради жертва смятеся, и благопоспешися Ему, и святое опустеет:
12 ၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
и дадеся на жертву грех, и повержеся правда на землю: и сотвори, и благопоспешися.
13 ၁၃ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊
И слышах единаго святаго глаголюща. И рече един святый другому некоему глаголющему: доколе видение станет, жертва отятая, и грех опустения данный, и святое и сила поперется?
14 ၁၄ ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။
И рече ему: даже до вечера и утра дний две тысящы и триста, и очистится святое.
15 ၁၅ ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။
И бысть, егда видех аз Даниил видение и взысках ведения, и се, ста предо мною аки образ мужеск,
16 ၁၆ အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
и слышах глас мужеск среде Увала, и призва и рече: Гаврииле, скажи видение оному.
17 ၁၇ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏။
И прииде и ста близ стояния моего: и егда прииде ужасохся и падох на лице мое. И рече ко мне: разумей, сыне человечь, еще бо до скончания времене видение.
18 ၁၈ ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
И егда глаголаше со мною, падох ниц на земли, и прикоснуся мне, и постави мя на ноги моя, и рече:
19 ၁၉ ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
се, аз возвещаю тебе будущая на последок гнева (сыном людий твоих): еще бо до конца времене видение.
20 ၂၀ ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။
Овен, егоже видел еси имуща рога, царь Мидский и Персский:
21 ၂၁ အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။
а козел козий царь Еллинский есть: рог же великий, иже между очима его, той есть царь первый:
22 ၂၂ ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။
сему же сокрушившуся восташа четыри рози под ним: четыри царие востанут от языка его, но не в крепости его,
23 ၂၃ ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည်။
и на последок царства их, исполняющымся грехом их, востанет царь безсрамен лицем и разумея гадания,
24 ၂၄ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော လူစု၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည်။
и державна крепость его, не в крепости же своей, и чудесно растлит и управит и сотворит, и разсыплет крепкия и люди святы,
25 ၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်း အောင် မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
и ярем вериг своих исправит: лесть в руце его, и в сердцы своем возвеличится, и лестию разсыплет многих, и на пагубу многим возстанет, и яко яица рукою сокрушит.
26 ၂၆ ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
И видение вечера и утра реченнаго истинно есть: ты же назнаменай видение, яко на дни многи.
27 ၂၇ ထိုအခါ ငါဒံယေလသည် မော၍ နာလျက် နေ၏။ တဖန် အနာမထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
Аз же Даниил успох и изнемогах на дни (многи), и востах и творях дела царева, и почудихся видению, и не бяше разумевающаго.

< ဒံယေလ 8 >