< ဒံယေလ 8 >
1 ၁ ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊
၁ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊
2 ၂ ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊
၂ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား ၍ ၊
3 ၃ ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။
၃ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
4 ၄ ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။
၄ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။
5 ၅ ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။
၅ထိုအမှုကို ငါ ဆင်ခြင် လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်း သော ချို တချောင်းရှိသောဆိတ် တကောင်သည် အနောက် မျက်နှာ က လာ ၍၊ မြေ ကို မ နင်း ဘဲ မြေကြီး တပြင်လုံး ကို ကျော်လေ၏။
6 ၆ ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍
၆ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး ၍ ၊
7 ၇ အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
၇အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
8 ၈ သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။
၈သို့ဖြစ်၍ ၊ ထိုဆိတ် သည် အလွန် ကြီးမား ခြင်းသို့ ရောက်လေ၏။ ခွန်အား ကြီးသောအခါ ချို ကြီး ကျိုးပဲ့ ၏။ ထိုချိုအရာ၌ ထူးဆန်း သော ချိုလေး ချောင်းပေါက် ၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာသို့ မျက်နှာပြုကြ၏။
9 ၉ ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသော ပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။
၉ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။
10 ၁၀ ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။
၁၀ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၍ ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ ၍ နင်း လေ၏။
11 ၁၁ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။
၁၁ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
12 ၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
၁၂အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု ၍ အောင်မြင် ခြင်းသို့ ရောက်လေ၏။
13 ၁၃ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊
၁၃ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊
14 ၁၄ ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။
၁၄ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။
15 ၁၅ ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။
၁၅ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။
16 ၁၆ အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
၁၆အခြားသော သူက၊ အိုဂါဗြေလ ၊ ထို သူသည် ယခု မြင်သော ဗျာဒိတ် ရူပါရုံကို နားလည် စေခြင်းငှါအနက်ကို ပြန်ပြောလော့ဟု၊ ဥလဲ မြစ်နားကြား မှာ လူ အသံ နှင့်ဟစ် ၍ ပြောဆို သည်ကို ငါကြား ၏။
17 ၁၇ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏။
၁၇ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။
18 ၁၈ ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
၁၈ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင် ၊
19 ၁၉ ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
၁၉ဒေါသ အမျက်တော်အဆုံး ၌ ဖြစ် လတံ့သော အရာ ကိုငါ ကြား ပြောဦးမည်။ ချိန်းချက် သောအချိန်၌ လက်စသတ် လိမ့်မည်။
20 ၂၀ ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။
၂၀ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။
21 ၂၁ အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။
၂၁အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။
22 ၂၂ ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။
၂၂ထိုချိုကျိုးပဲ့ ၍ ၊ သူ့ အရာ ၌ ချိုလေး ချောင်းပေါက် သည်မှာ၊ အရင်နိုင်ငံ တွင် နိုင်ငံ လေး ပါး တည်ထောင် လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုး နှင့် မ ပြည့်စုံကြ။
23 ၂၃ ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည်။
၂၃ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
24 ၂၄ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော လူစု၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည်။
၂၄ထိုမင်းကြီးသည် ကိုယ် တန်ခိုး မ ရှိဘဲလျက် တန်ခိုး ကြီး လိမ့်မည်။ အထူးသဖြင့်ဖျက်ဆီး ၍ တိုးပွားအောင်မြင် လိမ့်မည်။ စွမ်းအား ကြီးသော လူစု၊ သန့်ရှင်း သော လူစု ကို ပင် ဖျက်ဆီး လိမ့်မည်။
25 ၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်း အောင် မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
၂၅သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
26 ၂၆ ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
၂၆ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။
27 ၂၇ ထိုအခါ ငါဒံယေလသည် မော၍ နာလျက် နေ၏။ တဖန် အနာမထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
၂၇ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။