< ဒံယေလ 6 >
1 ၁ ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊
၁ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊
2 ၂ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို၎င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ၏။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက၊
၂အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊
3 ၃ ထူးဆန်းသော ဥာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။
၃ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။
4 ၄ ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊
၄ထိုအခါ ဝန်ကြီး နှင့် မြို့ဝန် တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့် ကို ရှာ၍၊ နိုင်ငံ တော်အမှုအရေးများကို စစ်ကြော ကြ၏။ ဒံယေလသည် သစ္စာ နှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့် ကို ရှာ ၍မ တွေ့ကြသည်ရှိသော်၊
5 ၅ ဘုရားသခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
၅ဘုရား သခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့် ကိုငါတို့ မ တွေ့ နိုင် ကြဟု တိုင်ပင်ပြောဆို ပြီးမှ၊
6 ၆ အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင် မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
၆အထံတော်သို့ လာရောက်စည်းဝေး ကြ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
7 ၇ ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
၇ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။
8 ၈ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
၈သို့ဖြစ်၍၊ အရှင် မင်းကြီး၊ အမိန့် ရှိတော်မူပါ။ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း အမိန့်တော်တည် စေခြင်းငှါ၊ တံဆိပ် ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
9 ၉ ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
၉ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
10 ၁၀ အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
၁၀အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11 ၁၁ ထိုသို့ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊
၁၁ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင် ကြလျှင်၊
12 ၁၂ အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
၁၂အထံ တော်သို့ဝင် ၍ ၊ အရှင် မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြား သောလူ ကိုဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သောတွင်းထဲသို့ ချ ပစ်စေဟု အမိန့် တော်ကို တံဆိပ် ခတ်တော်မူလျက် ရှိပါသည်မ ဟုတ် လောဟု အမိန့် တော်အကြောင်း ကို မေးလျှောက်ကြ၏။ ရှင် ဘုရင်ကလည်း၊ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း မှန် ပေသည်ဟု မိန့် တော်မူ၏။
13 ၁၃ မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။
၁၃မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ မ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။
14 ၁၄ ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန် နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။
၁၄ထိုစကား ကို ကြား လျှင် ၊ ရှင် ဘုရင်သည် အလွန် နောင်တ ရ၍ ဒံယေလ ကို လွှတ် ခြင်းငှါ စိတ် အားကြီးသဖြင့်၊ လွှတ် ရသောအခွင့်ကို နေ ဝင် သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ၏။
15 ၁၅ တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင်၊
၁၅တဖန်မှူးမတ်အရာရှိတို့သည် အထံ တော်သို့ စည်းဝေး ၍ ၊ အရှင် မင်းကြီး၊ တခါထုတ် ပြီးသော အမိန့် တော်မ ပျက် နိုင်ရာဟု မေဒိ ၊ ပေရသိ ဓမ္မသတ် ၌ ပါကြောင်းကို သတိ ထားတော်မူပါဟု လျှောက် ကြပြန် လျှင်၊
16 ၁၆ တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
၁၆တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
17 ၁၇ ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။
၁၇ကျောက် ပြားကိုလည်း ယူ ခဲ့၍ တွင်း ဝ ကို ပိတ် ပြီးလျှင်၊ ဒံယေလ အမှု၌ စီရင်ချက်ကို မ တိုး မလျော့စေခြင်းငှါ၊ ရှင် ဘုရင်တံဆိပ် နှင့် မှူးမတ် တို့တံဆိပ် ကို ခတ်တော်မူ၏။
18 ၁၈ ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တညဉ့်လုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော် သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
၁၈ထိုနောက် ၊ ရှင် ဘုရင်သည် နန်းတော် သို့ ပြန် ၍ တညဉ့်လုံး စား တော်မခေါ်၊ အငြိမ့် တန်ဆာကို အထံ တော် သို့ မ သွင်း စေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
19 ၁၉ နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင် အမြန် သွားတော်မူ၏။
၁၉နံနက် စောစောထ ၍ ခြင်္သေ့ တွင်း သို့ အလျင်အမြန် သွား တော်မူ၏။
20 ၂၀ ရောက်လျှင်၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။
၂၀ရောက်လျှင်၊ ငိုကြွေး သော အသံ နှင့် ဒံယေလ ကို ခေါ်၍၊ အသက် ရှင်တော်မူသောဘုရား သခင်၏ ကျွန် ဒံယေလ ၊ သင် မ ပြတ် ကိုးကွယ် သော ဘုရား သခင်သည် သင့် ကို ခြင်္သေ့ ဘေးမှ ကယ်လွှတ် နိုင် သလောဟုမေး တော်မူ၏။
21 ၂၁ ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
၂၁ဒံယေလ က၊ အရှင် မင်းကြီး၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
22 ၂၂ အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ၏။
၂၂အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
23 ၂၃ ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ၌ထိခိုက် သောအနာတခုမျှ မရှိ။
၂၃ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
24 ၂၄ ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
၂၄ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ မ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။
25 ၂၅ ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။
၂၅ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
26 ၂၆ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။
၂၆ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
27 ၂၇ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
၂၇မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
28 ၂၈ ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက်နေ၏။
၂၈ထိုသို့ဒံယေလ သည်ဒါရိ မင်းကြီးလက်ထက်၌ ၎င်း ၊ ပေရသိ အမျိုးကုရု မင်းကြီးလက်ထက်၌ ၎င်း ကောင်းစား လျက်နေ၏။