< ဒံယေလ 4 >
1 ၁ ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော။
Ɔhene Nebukadnessar, too saa nkra yi kɔmaa nnipa ne aman ne kasa ahodoɔ a ɛwɔ ewiase sɛ: Ɛnsi mo yie mmoroso!
2 ၂ မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။
Ɛyɛ me anigye sɛ mo nyinaa ahunu biribi a ɛfa nsɛnkyerɛnneɛ ne anwanwadeɛ a Ɔsorosoro Onyankopɔn ayɛ ama me.
3 ၃ နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ၏။
Hwɛ sɛdeɛ ne nsɛnkyerɛnneɛ yɛ kɛseɛ fa!
4 ၄ ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေ၍ စည်းစိမ်ကြီးစဉ်အခါ၊
Na me, Nebukadnessar, mete mʼahemfie, medi me ho so na me ho tɔ me.
5 ၅ ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။
Nanso, mesoo daeɛ bi a, ɛbɔɔ me hu yie. Meda me mpa so no, mfoni a ɛfaa mʼani so ne anisoadehunu a menyaeɛ no hunahunaa me.
6 ၆ ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊
Ɛno enti, mehyɛ ma wɔfrɛɛ anyansafoɔ a wɔwɔ Babilonia nyinaa sɛ wɔmmɛkyerɛ me daeɛ no ase.
7 ၇ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ။
Ɛberɛ a nkonyaayifoɔ, pɛadeɛhunufoɔ, Kaldeafoɔ ne ntafowayifoɔ no baeɛ no, mekaa daeɛ no kyerɛɛ wɔn, nanso wɔantumi ankyerɛ me aseɛ.
8 ၈ နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊
Akyire yi, Daniel (a yɛtoo no din Beltesasar, a ɛyɛ me nyame din, ɛfiri sɛ, na anyame kronkron no sunsum wɔ ne mu) baa mʼanim, na mekaa daeɛ no kyerɛɛ no.
9 ၉ အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကိုဘော်ပြလော့။
Meka kyerɛɛ no sɛ, “Beltesasar, nkonyaayifoɔ panin, menim sɛ, anyame kronkron no sunsum wɔ wo mu, ɛno enti, ɛnnyɛ wo den sɛ wobɛkyerɛ ahintasɛm biara ase. Afei, me daeɛ no ni, kyerɛ me aseɛ.
10 ၁၀ ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအ လယ်၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ၏။
Ɛberɛ a meda me mpa so no, daeɛ a mesoeɛ ne sɛ, mehunuu dua bi a ɛsi asase mfimfini a ɛware tenteenten.
11 ၁၁ ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား၏။
Dua no nyini yɛɛ dutan kɛseɛ na ne tentene kɔduruu soro, a wohunu no asase so baabiara.
12 ၁၂ အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။
Na ne nhahan yɛ frɔmm fɛɛfɛɛfɛ, na aso aba bebree, na ɛso wɔ aduane ma obiara. Na wiram mmoa te ne nwunu ase, na ewiem nnomaa nso yɛ wɔn pirebuo wɔ ne mman mu.
13 ၁၃ အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊
“Meda me mpa so no, mehunuu ɔbɔfoɔ kronkron bi a ɔfiri soro reba fam wɔ mʼanisoadehunu no mu.
14 ၁၄ သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။
Ɔbɔfoɔ no teaam sɛ, ‘Twa dua no to fam na twitwa ne mman no nyinaa. Poro ne nhahan no, na to nʼaba no pete. Pam mmoa no firi ne nwunu ase, na pam ewiem nnomaa no firi ne mman so.
15 ၁၅ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
Nanso gya dunsini no ne ne nhini a dadeɛ ne kɔbere akyekyere, na ɛserɛ atwa ho ahyia no. “‘Afei, ma ɔsoro bosuo mfɔ no kyaww, na ma ɔne mmoa ntena wɔ wiram.
16 ၁၆ လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။
Na ma nʼadwene nsesa na ɛnyɛ sɛ aboa deɛ. Na mfeɛ nson ntwa ne tiri so.
17 ၁၇ အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
“‘Asomafoɔ asi gyinaeɛ dada; na akronkronfoɔ abu atɛn sɛdeɛ ɛbɛyɛ a ateasefoɔ nyinaa bɛte aseɛ sɛ, Ɔsorosoroni no na ɔdi ewiase ahemman so, na ɔde ma obiara a ɔpɛ, mpo, sɛ ɔyɛ onipa teta.’
18 ၁၈ ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။
“Beltesasar, saa daeɛ yi na me Ɔhene Nebukadnessar soeɛ. Afei, kyerɛ me aseɛ, ɛfiri sɛ, anyansafoɔ a wɔwɔ mʼahemman mu nyinaa antumi ankyerɛ me aseɛ. Na wo deɛ wobɛtumi akyerɛ me, ɛfiri sɛ, anyame kronkron sunsum no wɔ wo mu.”
19 ၁၉ ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။
Daniel (a wɔsane frɛ no Beltesasar no) tee daeɛ no, ɔyɛɛ basaa kakra; ne ho dwirii no na nʼadwene mu haa no. Nti, ɔhene no ka kyerɛɛ no sɛ, “Beltesasar, mma daeɛ no ne nʼasekyerɛ mmɔ wo hu.” Beltesasar buaa sɛ, “Yei deɛ, Nana, anka daeɛ no ne ne nkyerɛaseɛ no ɛmpare wo na ɛnkɔ wʼatamfoɔ so!
20 ၂၀ မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာ ထသော၊ မိုဃ်းကောင်း ကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊
Ao, Nana, wohunuu dua bi a ɛnyini yɛɛ dutan kɛseɛ a ne tentene kɔduruu soro, na wohunu no asase nyinaa so.
21 ၂၁ အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန် တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည်၊
Na ne nhahan yɛ frɔmm fɛɛfɛɛfɛ a aso aba bebree, na ɛso wɔ aduane ma obiara. Na wiram mmoa te ne nwunu ase, na ewiem nnomaa nso yɛ wɔn pirebuo wɔ ne mman mu.
22 ၂၂ အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုဃ်း ကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ၏။
Nana, mesrɛ ka, saa dua no yɛ wo. Ɛfiri sɛ, woatu mpɔn, ahoɔden so ne kɛseyɛ mu. Wo kɛseyɛ no kɔduru ɔsoro, na wʼadedie no kɔ akyirikyiri kɔduru asase ano.
23 ၂၃ သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
“Afei, Nana, wohunuu ɔbɔfoɔ kronkron a ɔfiri soro reba fam, na ɔreka sɛ, ‘Twa dua no to fam na sɛe no. Nanso, gya dunsini no ne ne nhini a dadeɛ ne kɔbere akyekyere, na ɛserɛ atwa ho ahyia no. Afei, ma ɔsoro bosuo mfɔ no kyaww, na ma ɔne mmoa ntena wɔ wiram. Na ma nʼadwene nsesa na ɛnyɛ sɛ aboa deɛ. Na mfeɛ nson ntwa ne tiri so.’
24 ၂၄ အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
“Daeɛ no asekyerɛ nie, Nana, atɛn a Ɔsorosoroni no abu atia wo no nie.
25 ၂၅ ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
Wɔbɛpam wo afiri nnipa mu, na wo ne wiram mmoa bɛtena wiram. Wobɛwe ɛserɛ te sɛ nantwie, na ɔsoro bosuo bɛfɔ wo kyaww. Mfeɛ nson bɛtwa wo tiri so akɔsi sɛ, wobɛhunu sɛ, Ɔsorosoroni no na ɔdi ewiase ahemman so, na ɔde ma obiara a ɔpɛ.
26 ၂၆ သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။
Hyɛ a wɔhyɛ ma wɔgyaa dunsini no ne ne nhini no wɔ asase mu no kyerɛ sɛ, sɛ wohunu sɛ ɔsoro na ɛdi tumi no a, wo nsa bɛsane aka wʼahemman.
27 ၂၇ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
Ne saa enti, Ao, Nana Nebukadnessar, mesrɛ wo, tie mʼafotuo. Gyae bɔneyɛ, na yɛ deɛ ɛtene. Gyae wʼatirimuɔdensɛm na yɛ ahummɔborɔ ma ahiafoɔ, na twe wo ho firi wo tete amumuyɛ no ho. Ebia, woyɛ saa a, wobɛkɔ so adi yie.”
28 ၂၈ ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊
Na saa nneɛma yi nyinaa baa Ɔhene Nebukadnessar so.
29 ၂၉ တဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက်၊
Abosome dumienu akyi a na ɔretu mpase wɔ ahemfie no abansoro atifi wɔ Babilonia no,
30 ၃၀ ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။
ɔtoo nʼani, hwɛɛ kuro no mu, na ɔkaa sɛ, “Ɛnyɛ Babilonia kuro kɛseɛ a mede me tumi akyekyere ayɛ no ɔhempɔn atenaeɛ de ahyɛ mʼahennie animuonyam ni anaa?”
31 ၃၁ ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
Ɛberɛ a ɔgu so reka saa nsɛm no, nne bi firi soro baa sɛ, “Wo, Ɔhene Nebukadnessar, wɔka kyerɛɛ wo sɛ wonnyɛ ɔhene wɔ ahemman yi so bio.
32 ၃၂ သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ၏။
Wɔbɛpam wo afiri nnipa mu. Wo ne wiram mmoa bɛtena wiram. Na wobɛwe ɛserɛ te sɛ nantwie. Mfeɛ nson bɛtwa wo tiri so kɔsi sɛ wobɛhunu sɛ, Ɔsorosoroni no di ewiase ahemman so, na ɔde ma obiara a, ɔpɛ.”
33 ၃၃ ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။
Amonom hɔ ara nkɔmhyɛ no baa mu. Wɔpamoo Nebukadnessar firii nnipa mu. Ɔwee ɛserɛ te sɛ nantwie, na ɔsoro bosuo fɔɔ no kyaww. Ɔtenaa saa tebea no mu kɔsii sɛ, ne tirinwi yɛɛ atentene te sɛ ɔkɔdeɛ ntakra, na nʼabɔwerɛ yɛɛ sɛ anomaa bɔwerɛ.
34 ၃၄ ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။
Saa ɛberɛ yi twaam no, me, Nebukadnessar, memaa mʼani so hwɛɛ soro. Mʼani baa me ho so, na mekamfo Ɔsorosoroni no, na metontom deɛ ɔte aseɛ daa no meyii no ayɛ sɛ:
35 ၃၅ မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ တို့၌၎င်း၊ မြေကြီးသားတို့၌၎င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။
Asase so nnipa nyinaa,
36 ၃၆ ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး၏။
Ɛberɛ a mʼani baa me ho so no, berɛ korɔ no mu ara na me anidie ne me kɛseyɛ a ɛhyɛ me ɔman no animuonyam no baeɛ. Mʼafotufoɔ ne mʼaberempɔn hwehwɛɛ me, na wɔsane de me sii mʼahennie so bio, na mʼanimuonyam bɛyɛɛ kɛse kyɛnee kane no.
37 ၃၇ ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
Afei, me Nebukadnessar, mekamfo ma no so, hyɛ ɔsorohene animuonyam, de anidie ma no. Ne nneyɛeɛ nyinaa yɛ pɛ, na ɛyɛ nokorɛ, na ɔbɛtumi abrɛ ahantanfoɔ ase.