< ဒံယေလ 12 >

1 ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။
ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-
2 ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။
သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-
3 ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။
ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။
4 သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏။
ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။
5 ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။
ထို​နောက်​ငါ​ဒံ​ယေ​လ​သည်​မြစ်​ကမ်း​တစ် ဖက်​တစ်​ချက်​၌ လူ​တစ်​ယောက်​စီ​ရပ်​လျက် နေ​သည်​ကို​မြင်​ရ​၏။-
6 တပါးကလည်း၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း၏။
တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။
7 ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။
ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။
8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊
ထို​သူ​ပြော​သော​စ​ကား​ကို​ကြား​သော်​လည်း ငါ​သည်​နား​မ​လည်​သ​ဖြင့်``သို့​ရာ​တွင်​အ​ရှင်၊ ထို​အ​မှု​အ​ရာ​များ​သည်​အ​ဘယ်​သို့​အ​ဆုံး သတ်​ပါ​မည်​နည်း'' ဟု​မေး​၏။
9 ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။-
10 ၁၀ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။
၁၀လူ​အ​မြောက်​အ​မြား​တို့​သည်​စိတ်​နှ​လုံး​သန့် ရှင်း​ဖြူ​စင်​လာ​ကြ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့ သည်​ကား​အ​သိ​တ​ရား​မ​ရှိ​ဘဲ​ဆက်​လက် ယုတ်​မာ​လျက်​နေ​ကြ​လိမ့်​မည်။ ပ​ညာ​ရှိ​သူ များ​သာ​လျှင်​အ​သိ​တ​ရား​ကို​ရ​ရှိ​ကြ လိမ့်​မည်။
11 ၁၁ နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
၁၁``နေ့​စဉ်​ပူ​ဇော်​ရာ​ယဇ်​များ​ကို​ရပ်​စဲ​စေ​သည့် အ​ချိန်၊ ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ ပေါ်​ပေါက်​လာ​သည့်​အ​ချိန်​မှ​အ​စ​ပြု​၍ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ကိုး​ဆယ်​ကုန် လွန်​သွား​လိမ့်​မည်။-
12 ၁၂ အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။
၁၂ရက်​ပေါင်း​တစ်​ထောင့်​သုံး​ရာ​သုံး​ဆယ့်​ငါး​ရက် ကုန်​ဆုံး​ချိန်​တိုင်​အောင် သစ္စာ​ရှိ​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။
13 ၁၃ သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ်စွာ နေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။
၁၃``ဒံ​ယေ​လ၊ သင်​သည်​လည်း​အ​ဆုံး​တိုင်​အောင် သစ္စာ​ရှိ​လော့။ ထို​နောက်​သင်​သည်​သေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၌ ဆု​တော်​လာဘ်​တော်​ကို​ခံ​ယူ​ရန်​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​ဆို​၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​သား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< ဒံယေလ 12 >