< ဒံယေလ 10 >
1 ၁ ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
Chaka chachitatu cha Koresi mfumu ya Aperezi, Danieli amene ankatchedwa Belitesezara analandira mawu a vumbulutso. Uthenga wake unali woona ndipo anawumvetsa movutikira. Uthengawu anawumva kudzera mʼmasomphenya.
2 ၂ ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
Pa nthawi imeneyi, ine Danieli ndinalira kwa masabata atatu.
3 ၃ အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။
Sindinadye chakudya chokoma; nyama ndi vinyo sizinakhudze milomo yanga ndi pangʼono pomwe; ndipo sindinadzole mafuta aliwonse mpaka patatha masabata atatu.
4 ၄ ပဌမလနှစ်ဆယ် လေးရက်နေ့၌ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ်၊
Pa tsiku la 24 la mwezi woyamba, nditayima mʼmbali mwa mtsinje waukulu wa Tigirisi,
5 ၅ မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
ndinakweza maso ndipo ndinaona kuti pafupi ndi ine panali munthu wochokera ku Ufazi atavala zovala zosalala ndi lamba wa golide woyengeka bwino mʼchiwuno mwake.
6 ၆ သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။
Thupi lake linali ngati mwala wonyezimira, nkhope yake ngati chiphaliwali, maso ake ngati muni wowala, manja ndi miyendo yake ngati mkuwa wowala, ndipo mawu ake ngati liwu la chikhamu cha anthu.
7 ၇ ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။
Ine Danieli ndinali ndekha pamene ndinaona masomphenyawa; anthu amene anali ndi ine sanawaone, koma anadzazidwa ndi mantha kotero kuti anathawa ndi kukabisala.
8 ၈ ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ၏။
Choncho ndinatsala ndekha, ndikuonetsetsa masomphenya a ulemererowa. Ndiye nkhope yanga inasinthika, ndinalefuka, ndipo ndinalibenso mphamvu.
9 ၉ သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
Kenaka ndinamva iye akuyankhula, ndipo pamene ndinkamvetsera, ndinagwa chafufumimba ndi kugona tulo tofa nato.
10 ၁၀ ထိုအခါလက်တဘက်သည်ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
Dzanja linandikhudza ndi kundinyamula ndipo ndinachita ngati kuwerama pa mawondo manja atagwira pansi.
11 ၁၁ သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တက်နေ၏။
Iye anati, “Danieli, iwe wokondedwa kwambiri, imirira ndipo uganizire mosamala mawu ndiyankhule kwa iwe, popeza tsopano ndatumidwa kwa iwe.” Atanena izi kwa ine ndinayimirira monjenjemera.
12 ၁၂ ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။
Ndipo iye anapitiriza nati, “Usachite mantha Danieli. Kuyambira tsiku loyamba pamene unatsimikiza mtima kuti umvetse zinthuzi ndi kudzichepetsa pamaso pa Mulungu wako, pempho lako linamveka ndipo ndabwera kudzayankha mapemphero akowo.
13 ၁၃ ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။
Koma mtsogoleri wa ufumu wa Peresiya ananditchingira pa masiku 21, kenaka Mikayeli, mmodzi mwa angelo akuluakulu anadza kudzandithandiza chifukwa ndinakhala komweko ndi mafumu a ku Peresiya.
14 ၁၄ ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
Tsopano ndafika kuti ndidzakufotokozere zimene zidzachitika kwa anthu a mtundu wako kutsogolo. Ndipo pali masomphenya enanso okhudza nthawi imene ikudza.”
15 ၁၅ ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။
Pa nthawi yomwe ankanena izi kwa ine, ndinazolika nkhope yanga pansi kusowa chonena.
16 ၁၆ ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
Kenaka wina wa maonekedwe ngati munthu anakhudza milomo yanga, ndipo ndinatsekula pakamwa panga ndi kuyamba kuyankhula. Ndinati kwa amene anayima patsogolo panga, “Ine ndasweka mtima chifukwa cha masomphenyawa mbuye wanga, ndipo ndalefuka.
17 ၁၇ ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။
Kodi ine mtumiki wamba wa mbuye wanga ndingathe bwanji kuyankhula ndi inu mbuye wanga? Mphamvu zanga zatha, ndipo ndikulephera kupuma.”
18 ၁၈ နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊
Kenaka wooneka ngati munthu uja anandikhudzanso ndipo anandipatsa mphamvu.
19 ၁၉ အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
Iye anati, “Usachite mantha, munthu wokondedwa kwambiriwe. Mtendere ukhale ndi Iwe ndipo ukhale wolimba.” Atayankhula nane, ndinalimbikitsidwa ndipo ndinati, “Yankhulani Mbuye wanga, popeza mwandipatsa mphamvu.”
20 ၂၀ ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။
Ndipo iye anati, “Kodi ukudziwa chifukwa chimene ndabwerera kwa iwe? Ndiyamba ndabwerera kukamenyana ndi mtsogoleri wa ufumu wa Peresiya, ndipo ndikakanthana naye, kenaka mtsogoleri wa ufumu wa Grisi adzabwera.
21 ၂၁ သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။
Koma ndikuwuza zimene zalembedwa mʼbuku la zoona koma palibe wondithandiza kulimbana nawo kupatula Mikayeli, kalonga wako.”