< အာမုတ် 8 >

1 တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။
တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား ၊ နွေ ကာလအသီးပါသောတောင်း သည် ထင်ရှား ၏။
2 အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။
အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ နွေ ကာလအသီးပါသောတောင်း ကို မြင်ပါသည်ဟု ငါလျှောက် သော်၊ ထာဝရဘုရား က၊ နောက်ဆုံး ကာလသည် ငါ ၏လူ ဣသရေလ အမျိုး၌ ရောက် လေပြီ။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
3 ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေ ကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုကာလ ၌ နန်း စဉ်ကခြေသည် တို့သည် မြည်တမ်း ကြလိမ့်မည်။ အရပ်ရပ် တို့၌ များစွာ သော အသေကောင် ရှိ၍၊ လူတို့သည် တိတ်ဆိတ် စွာ ပစ်ချ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
4 ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊
5
ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊
6
ညံ့ သော ဂျုံ ဆန်ကို ရောင်း လျက်၊ ငတ်မွတ် သောသူတို့ ကို နှိပ်နင်း ၍ ဆင်းရဲ သော ပြည်သား တို့ကို ဖြတ် ခြင်းငှါ အလွန်အလိုကြီးသောသူတို့ ၊ ဤ စကားကို နားထောင် ကြလော့။
7 ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။
ထာဝရဘုရား သည် ယာကုပ် ၏ဘုန်း ကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊ အကယ်စင်စစ်သူ တို့ ကျင့်ကြံ ပြုမူသမျှ တို့ကို ငါသည် အစဉ် မပြတ်မ မေ့လျော့ ။
8 ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။
ထို အပြစ်ကြောင့် မြေ တုန်လှုပ် လိမ့်မည်မ ဟုတ်လော ။ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည် မဟုတ်လော။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ် လိမ့်မည်မဟုတ် လော။
9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။
10 ၁၀ သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။
၁၀သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။
12 ၁၂ လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။
၁၂လူတို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို ရှာ လျက်၊ ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် လှည့်လည် ၍ ၊ တောင် မြောက် ပြေး သွားသော်လည်း မ တွေ့ ရကြ။
13 ၁၃ ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။
၁၃ထိုကာလ ၌ အဆင်း လှသော သတို့သမီး ကညာများနှင့် လုလင် များတို့သည် ရေငတ် ၍ မော ကြလိမ့်မည်။
14 ၁၄ ရှမာရိအပြစ်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ အိုဒန်၊ သင်၏ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ၍၎င်း ဆိုသောသူတို့သည်၊ နောက်တဖန် မထနိုင် အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၄ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< အာမုတ် 8 >