< အာမုတ် 8 >
1 ၁ တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။
Le Seigneur, l’Éternel, m’envoya cette vision. Voici, c’était une corbeille de fruits.
2 ၂ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။
Il dit: Que vois-tu, Amos? Je répondis: Une corbeille de fruits. Et l’Éternel me dit: La fin est venue pour mon peuple d’Israël; Je ne lui pardonnerai plus.
3 ၃ ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေ ကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
En ce jour-là, les chants du palais seront des gémissements, Dit le Seigneur, l’Éternel; On jettera partout en silence une multitude de cadavres.
4 ၄ ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
Écoutez ceci, vous qui dévorez l’indigent, Et qui ruinez les malheureux du pays!
Vous dites: Quand la nouvelle lune sera-t-elle passée, Afin que nous vendions du blé? Quand finira le sabbat, afin que nous ouvrions les greniers? Nous diminuerons l’épha, nous augmenterons le prix, Nous falsifierons les balances pour tromper;
Puis nous achèterons les misérables pour de l’argent, Et le pauvre pour une paire de souliers, Et nous vendrons la criblure du froment.
7 ၇ ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။
L’Éternel l’a juré par la gloire de Jacob: Je n’oublierai jamais aucune de leurs œuvres.
8 ၈ ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။
Le pays, à cause d’elles, ne sera-t-il pas ébranlé, Et tous ses habitants ne seront-ils pas dans le deuil? Le pays montera tout entier comme le fleuve, Il se soulèvera et s’affaissera comme le fleuve d’Égypte.
9 ၉ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။
En ce jour-là, dit le Seigneur, l’Éternel, Je ferai coucher le soleil à midi, Et j’obscurcirai la terre en plein jour;
10 ၁၀ သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။
Je changerai vos fêtes en deuil, Et tous vos chants en lamentations, Je couvrirai de sacs tous les reins, Et je rendrai chauves toutes les têtes; Je mettrai le pays dans le deuil comme pour un fils unique, Et sa fin sera comme un jour d’amertume.
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
Voici, les jours viennent, dit le Seigneur, l’Éternel, Où j’enverrai la famine dans le pays, Non pas la disette du pain et la soif de l’eau, Mais la faim et la soif d’entendre les paroles de l’Éternel.
12 ၁၂ လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။
Ils seront alors errants d’une mer à l’autre, Du septentrion à l’orient, Ils iront çà et là pour chercher la parole de l’Éternel, Et ils ne la trouveront pas.
13 ၁၃ ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။
En ce jour, les belles jeunes filles et les jeunes hommes mourront de soif.
14 ၁၄ ရှမာရိအပြစ်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ အိုဒန်၊ သင်၏ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ၍၎င်း ဆိုသောသူတို့သည်၊ နောက်တဖန် မထနိုင် အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Ils jurent par le péché de Samarie, Et ils disent: Vive ton Dieu, Dan! Vive la voie de Beer-Schéba! Mais ils tomberont, et ne se relèveront plus.