< အာမုတ် 6 >

1 ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။
ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-
2 ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။
ကာ​လ​နေ​မြို့​သို့​သွား​ပြီး​ရှု​လော့။ ထို​မှ တစ်​ဖန်​ဟာ​မတ်​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိတ္တိ မြို့​ဂါ​သ​သို့​လည်း​ကောင်း​သွား​ဦး​လော့။ ထို နိုင်​ငံ​များ​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တို့​ထက်​သာ​သ​လော။ သူ​တို့​နယ်​မြေ​သည် သင်​တို့​နယ်​မြေ​ထက်​ပို​၍​ကျယ်​သ​လော။-
3 ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊
ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။-
4 ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊
ဆင်​စွယ်​ကု​တင်​များ​၌​လဲ​လျောင်း​နေ​ကြ သူ​တို့၊ သိုး​ငယ်​နွား​ငယ်​တို့​၏​အ​သား​နု​ကို စား​ပြီး​ဖဲ​မွေ့​ရာ​ပေါ်​၌​လျောင်း​ကာ​အ​ကြော ဆန့်​နေ​ကြ​သူ​တို့၊ သင်​တို့​သည်​အ​ရှက်​တ​ကွဲ အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-
5 တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။-
6 စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊
စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-
7 ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။
သို့​ဖြစ်​သော​ကြောင့်​ပြည်​နှင်​ခံ​ရ​သူ​များ​အ​နက် သင်​တို့​သည်​အ​ဦး​ဆုံး​ဖြစ်​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​ဘာ​သာ​ရေး​ပွဲ​များ​နှင့် စား​တော်​ပွဲ​များ သည်​နိ​ဂုံး​ချုပ်​ရ​လိမ့်​မည်။
8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကို ငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကိုမုန်း သောကြောင့်၊ မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။
ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။
9 အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
အိမ်​ထောင်​တစ်​အိမ်​ထောင်​တွင်​လူ​ဆယ်​ယောက် ကျန်​ရစ်​နေ​လျှင်​လည်း ယင်း​တို့​အား​လုံး သေ​ရ​လိမ့်​မည်။-
10 ၁၀ ပေါက်ဘော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွား သောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည်။
၁၀သေ​လွန်​သူ​တစ်​ဦး​၏​ဆွေ​မျိုး​တစ်​ယောက်​က သေ​လွန်​သွား​သူ​၏​အ​လောင်း​ကို​မီး​သတ်​ရန် ရောက်​လာ​၍ အိမ်​အ​တွင်း​ထဲ​၌​ရှိ​နေ​သူ​တစ် ယောက်​အား``မည်​သူ​များ​ကျန်​ပါ​သေး သ​နည်း'' ဟု​မေး​လိုက်​သော်၊ ``မည်​သူ​မျှ​မ​ကျန်​တော့​ပါ'' ဟူ​သော အ​ဖြေ​ကို​သာ​ကြား​ရ​လိမ့်​မည်။ ယင်း​နောက်​ထို​သူ​က​ပင်``တိတ်​လော့၊ ထာ​ဝ​ရ ဘု​ရား​၏​နာ​မ​တော်​ကို​မျှ​မ​ဆို​မိ​ရန် ငါ တို့​သ​တိ​ထား​ရ​မည်'' ဟု​ဆို​လိမ့်​မည်။
11 ၁၁ အကြောင်းမူကား၊ ထာဝရဘုရားအမိန့်တော် ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော် မူလိမ့်မည်။
၁၁ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကြောင့်​အိမ် ရာ​ကြီး​ငယ်​တို့​သည် အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ပြို​ကွဲ​ပျက်​စီး​သွား​ရ​လိမ့်​မည်။-
12 ၁၂ မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။
၁၂မြင်း​ဟူ​သည်​ကျောက်​ဆောင်​ပေါ်​၌​ပြေး​လေ့ ရှိ​သ​လော။ လူ​သည်​နွား​ဖြင့်​လယ်​ပြင်​ကို​ထွန် ယက်​လေ့​ရှိ​သ​လော။ သို့​ပါ​လျက်​သင်​တို့ သည်​တ​ရား​မျှ​တ​ရေး​ကို​အ​ဆိပ်​အ​ဖြစ် သို့​လည်း​ကောင်း၊ အ​မှန်​ကို​အ​မှား​အ​ဖြစ် သို့​လည်း​ကောင်း​မှောက်​လှန်​ခဲ့​လေ​ပြီ။
13 ၁၃ အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား။
၁၃သင်​တို့​က လော​ဒေ​ဗာ​မြို့​ကို​သိမ်း​ပိုက်​နိုင်​ခဲ့ ကြောင်း​ကို​ဝါ​ကြွား​လို​၏။ သင်​တို့​သည်​အ​လ ဟ​သ​ဝါ​ကြွား​လို​၏။ ``ငါ​တို့​အင်​အား​ဖြင့် ကာ​နိမ်​ကို​သိမ်း​ပိုက်​နိုင်​ခဲ့​ပြီ'' ဟူ​၍​လည်း ဆို​ကြ​၏။
14 ၁၄ အကယ်စင်စစ်၊ အိုဣသရေလအမျိုး၊ သင်တို့ တဘက်၌ လူတမျိုးကို ငါထစေ၊ ထိုလူမျိုးသည် ဟာမတ် မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
၁၄``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​တိုင်း တစ်​ပါး​မှ​တပ်​တစ်​တပ်​ကို​စေ​လွှတ်​၍ သင်​တို့ နိုင်​ငံ​ကို​သိမ်း​ပိုက်​စေ​မည်။ ထို​ရန်​သူ​သည် မြောက်​ဘက်​ရှိ​ဟာ​မတ်​လမ်း​ဝ​မှ​စ​၍ တောင် ဘက်​၌​ရှိ​သော​အာ​ရ​ဗာ​ချိုင့်​သို့​ဝင်​သော ချောင်း​တိုင်​အောင် သင်​တို့​လူ​မျိုး​ကို​ဖိ​နှိပ် ချုပ်​ချယ်​လိမ့်​မည်'' ဟု​ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

< အာမုတ် 6 >