< အာမုတ် 1 >
1 ၁ ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
Слова Амо́са, що був між вівчарями з Текої, які він бачив на Ізраїля за днів Уззійї, Юдиного царя, та за днів Єровоама, Йоашового сина, Ізраїлевого царя, за два роки перед земле трусом.
2 ၂ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
І він проказав: „Загрими́ть із Сіо́ну Госпо́дь, і з Єрусали́му Свій голос подасть, і впадуть пасови́ща пастуші в жало́бу та всохне верши́на Карме́лу!
3 ၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
Так говорить Госпо́дь: За три пере́ступи Дама́ску й за чотири цього не прощу́: за те, що вони молотили Ґілеа́да ціпа́ми залізними.
4 ၄ ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။
І пошлю Я огонь на дім Хазаїла, — і пожере́ він пала́ти Вен-Гадада.
5 ၅ ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
І зламаю засу́ва Дамаску, і ме́шканця витну з долини Авен, і того, хто держа́тиме бе́рло з Бет-Едене, і ара́мський наро́д піде в Кір на вигна́ння, говорить Господь.
6 ၆ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
Так говорить Господь: За три пере́ступи Аззи й за чотири цього не прощу́: що всіх гнали в поло́н, щоб віддати Едо́мові.
7 ၇ ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
І пошлю́ Я огонь на мур Ґази, — і поїсть він пала́ти її.
8 ၈ အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
І ме́шканця витну з Ашдо́ду, і берлоде́ржця з Ашкелону, і зверну́ Свою руку на Екрон, — і ви́гинуть рештки филисти́млян, говорить Госпо́дь.
9 ၉ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။
Так говорить Господь: За три пере́ступи Тиру й за чотири цього не прощу́: за те, що він видав усіх на вигна́ння в Едо́м, і не пам'ятав заповіту братів.
10 ၁၀ တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
І пошлю́ Я огонь на мур Тиру, — і пожере́ він пала́ти його!
11 ၁၁ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
Так говорить Госпо́дь: За три пере́ступи Едому й за чотири цього не прощу́: за те, що мече́м він гнав брата свого, і знищив своє милосе́рдя, свій гнів за́вжди стеріг, а лютість свою пильнував повсякча́сно.
12 ၁၂ တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
І пошлю Я огонь до Тема́ну і пожере́ він пала́ти Боцри́!
13 ၁၃ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
Так говорить Госпо́дь: За три пере́ступи Аммо́нових синів й за чотири цього не прощу́: за те, що пороли ґілеа́дських вагі́тних, щоб поши́рити границі свої!
14 ၁၄ ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။
І огонь запалю́ Я на мурі Рабби́, — і пожере́ він пала́ти її, із криком в день бо́ю, із ви́хром в день бурі.
15 ၁၅ သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
І пі́де їхній цар на вигна́ння, він і князі́ його ра́зом, говорить Господь.