< တမန်တော်ဝတ္ထု 9 >
1 ၁ ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊
Дар Саул суфла ынкэ аменинцаря ши учидеря ымпотрива ученичилор Домнулуй. С-а дус ла мареле преот
2 ၂ ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသတ်မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊
ши й-а черут скрисорь кэтре синагоӂиле дин Дамаск, ка, дакэ ва гэси пе уний умблынд пе Каля крединцей, атыт бэрбаць, кыт ши фемей, сэ-й адукэ легаць ла Иерусалим.
3 ၃ သွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။
Пе друм, кынд с-а апропият де Дамаск, деодатэ а стрэлучит о луминэ дин чер ын журул луй.
4 ၄ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊
Ел а кэзут ла пэмынт ши а аузит ун глас, каре-й зичя: „Сауле, Сауле, пентру чеМэ пригонешть?”
5 ၅ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။
„Чине ешть Ту, Доамне?” а рэспунс ел. Ши Домнул а зис: „Еу сунт Исус, пе каре-Л пригонешть. Ць-ар фи греусэ арунчь ынапой ку пичорул ынтр-ун цепуш.”
6 ၆ သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
Тремурынд ши плин де фрикэ, ел а зис: „Доамне, че врей сэ фак?” „Скоалэ-те”, й-а зис Домнул, „интрэ ын четате ши ци се ва спуне че требуе сэ фачь.”
7 ၇ ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ၏။
Оамений каре-л ынсоцяу ау рэмас ынкремениць; аузяу ын адевэр гласул, дар ну ведяу пе нимень.
8 ၈ ရှောလုသည်လည်းမြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။
Саул с-а скулат де ла пэмынт ши, мэкар кэ окий ый ерау дескишь, ну ведя нимик. Л-ау луат де мынь ши л-ау дус ын Дамаск.
9 ၉ သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက် ဘဲနေလေ၏။
Трей зиле н-а вэзут ши н-а мынкат, нич н-а бэут нимик.
10 ၁၀ ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါ သည်ဟုလျှောက်၏။
Ын Дамаск ера ун ученик нумит Анания. Домнул й-а зис ынтр-о ведение: „Анания!” „Ятэ-мэ, Доамне”, а рэспунс ел.
11 ၁၁ သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်း ဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလု အမည် ရှိသောတာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။
Ши Домнул й-а зис: „Скоалэ-те, ду-те пе улица каре се кямэ Дряптэ ши каутэ ын каса луй Иуда пе унул зис Саул, ун ом дин Тарс. Кэч ятэ, ел се роагэ.
12 ၁၂ မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိ သော သူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ၏။
Ши а вэзут ын ведение пе ун ом, нумит Анания, интрынд ла ел ши пунынду-шь мыниле песте ел, ка сэ-шь капете ярэшь ведеря.”
13 ၁၃ အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
„Доамне”, а рэспунс Анания, „ам аузит де ла мулць деспре тоате релеле пе каре ле-а фэкут омул ачеста сфинцилор Тэй ын Иерусалим,
14 ၁၄ ဤအရပ်၌လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။
ба ши аич аре путерь дин партя преоцилор челор май де сямэ ка сэ леӂе пе тоць каре кямэ Нумеле Тэу.”
15 ၁၅ သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုး သားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေး ကောက်သော တန်ဆာဖြစ်၏။
Дар Домнул й-а зис: „Ду-те, кэч елесте ун вас пе каре л-ам алес ка сэ дукэ Нумеле Меу ынаинтя нямурилор, ынаинтя ымпэрацилорши ынаинтя фиилор луй Исраел;
16 ၁၆ အကြောင်းမူကား၊ ထိုသူသည်ငါ၏နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။
ши ыйвой арэта тот че требуе сэ суфере пентру Нумеле Меу.”
17 ၁၇ အာနနိသည်လည်းသွား၍ အိမ်သို့ရောက်လျှင်၊ ရှောလု အပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ ၎င်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို၏။
Анания а плекат; ши, дупэ че а интрат ын касэ, а пус мыниле песте Саул ши а зис: „Фрате Сауле, Домнул Исус, каре ци С-а арэтат пе друмул пе каре веняй, м-а тримис ка сэ капець ведеря ши сэ те умпли де Духул Сфынт.”
18 ၁၈ ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာ ကျသကဲ့သို့ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံ ကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့် လေ၏။
Кяр ын клипа ачея, ау кэзут де пе окий луй ун фел де солзь, ши ел шь-а кэпэтат ярэшь ведеря. Апой с-а скулат ши а фост ботезат.
19 ၁၉ ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ၍၊
Дупэ че а мынкат, а принс ярэшь путере. Саул а рэмас кытева зиле ку ученичий каре ерау ын Дамаск.
20 ၂၀ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။
Ши ындатэ а ынчепут сэ проповэдуяскэ ын синагоӂь кэ Исус есте Фиул луй Думнезеу.
21 ၂၁ ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤ သူကား၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။
Тоць чей че-л аскултау рэмыняу уймиць ши зичяу: „Ну есте ел ачела каре фэчя прэпэд ын Иерусалим, принтре чей че кемау Нумеле ачеста? Ши н-а венит ел аич ка сэ-й дукэ легаць ынаинтя преоцилор челор май де сямэ?”
22 ၂၂ ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
Тотушь Саул се ынтэря дин че ын че май мулт ши фэчя де рушине пе иудеий каре локуяу ын Дамаск, довединд кэ Исус есте Христосул.
23 ၂၃ ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ၏။
Дупэ кытва тимп, иудеий с-ау сфэтуит сэ-л омоаре,
24 ၂၄ ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့်၊
ши унелтиря лор а ажунс ла куноштинца луй Саул. Порциле ерау пэзите зи ши ноапте, ка сэ-л омоаре.
25 ၂၅ တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။
Дар, ынтр-о ноапте, ученичий л-ау луат ши л-ау коборыт прин зид, дынду-л жос ынтр-о кошницэ.
26 ၂၆ ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။
Кынд а ажунс ын Иерусалим, Саул а кэутат сэ се липяскэ де ученичь, дар тоць се темяу де ел, кэч ну путяу сэ крядэ кэ есте ученик.
27 ၂၇ ထိုအခါဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အားမိန့်တော်မူသည်ဟ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်းပြောလေ၏။
Атунч, Барнаба л-а луат ку ел, л-а дус ла апостоль ши ле-а историсит кум, пе друм, Саул вэзусе пе Домнул, каре й-а ворбит, ши кум ын Дамаск проповэдуисе ку ындрэзнялэ ын Нумеле луй Исус.
28 ၂၈ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက် နေ၏။
Де атунч се дучя ши веня ымпреунэ ку ей ын Иерусалим
29 ၂၉ ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။
ши проповэдуя ку ындрэзнялэ ын Нумеле Домнулуй. Ворбя ши се ынтреба ши ку евреий каре ворбяу гречеште, дар ей кэутау сэ-л омоаре.
30 ၃၀ ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ၏။
Кынд ау афлат фраций де лукрул ачеста, л-ау дус ла Чезарея ши л-ау порнит ла Тарс.
31 ၃၁ ထိုအခါယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌ ၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
Бисерика се букура де паче ын тоатэ Иудея, Галилея ши Самария, се ынтэря суфлетеште ши умбла ын фрикэ де Домнул ши, ку ажуторул Духулуй Сфынт, се ынмулця.
32 ၃၂ ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။
Пе кынд черчета Петру пе тоць сфинций, с-а коборыт ши ла чей че локуяу ын Лида.
33 ၃၃ ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။
Аколо а гэсит ун ом, ануме Еня, каре зэчя де опт ань олог ын пат.
34 ၃၄ ထ၍အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။
„Еня”, й-а зис Петру, „Исус Христос те виндекэ; скоалэ-те ши фэ-ць патул.” Ши Еня с-а скулат ындатэ.
35 ၃၅ လုဒ္ဒမြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။
Тоць локуиторий дин Лида ши дин Сарона л-ау вэзут ши с-ау ынторс ла Домнул.
36 ၃၆ ယုပွေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊
Ын Иопе, ера о ученицэ нумитэ Табита, нуме каре, ын тэлмэчире, се зиче Дорка. Еа фэчя о мулциме де фапте буне ши милостений.
37 ၃၇ ထိုအခါ၌နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။
Ын время ачея, с-а ымболнэвит ши а мурит. Дупэ че ау скэлдат-о, ау пус-о ынтр-о одае де сус.
38 ၃၈ လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန် ကြ၏။
Фииндкэ Лида есте апроапе де Иопе, ученичий, кынд ау аузит кэ Петру есте аколо, ау тримис дой оамень ла ел сэ-л роаӂе: „Ну преӂета сэ вий пынэ ла ной.”
39 ၃၉ ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ၏။
Петру с-а скулат ши а плекат ымпреунэ ку ей. Кынд а сосит, л-ау дус ын одая де сус. Тоате вэдувеле л-ау ынконжурат плынгынд ши й-ау арэтат хайнеле ши кэмэшиле пе каре ле фэчя Дорка пе кынд ера ку еле.
40 ၄၀ ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။
Петру а скос пе тоатэ лумя афарэ, а ынӂенункят ши с-а ругат; апой, с-а ынторс спре труп ши а зис: „Табита, скоалэ-те!” Еа а дескис окий ши, кынд а вэзут пе Петру, а стат ын капул оаселор.
41 ၄၁ ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။
Ел й-а дат мына ши а ридикат-о ын сус. А кемат ындатэ пе сфинць ши пе вэдуве ши ле-а пус-о ынаинте вие.
42 ၄၂ ထိုအကြောင်းကို ယုပွေမြို့၌ အနှံ့အပြား သိကြ ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ၏။
Минуня ачаста а фост куноскутэ ын тоатэ четатя Иопе ши мулць ау крезут ын Домнул.
43 ၄၃ ပေတရုသည် ယုပွေမြို့၌ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။
Петру а рэмас мулте зиле ын Иопе, ла ун тэбэкар нумит Симон.