< တမန်တော်ဝတ္ထု 6 >
1 ၁ ထိုကာလ၌ တပည့်တော်တို့သည် များပြားသည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ၏။
Mʼmasiku amenewo pamene chiwerengero cha ophunzira chinkachuluka, Ayuda a Chihelene pakati pawo anadandaula chifukwa cha Ayuda a Chihebri chifukwa amasiye awo samawagawira chakudya cha tsiku ndi tsiku.
2 ၂ ထိုအခါတကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကိုမှုကိုမဆောင်သင့်။
Tsono Atumwi khumi ndi awiriwo anasonkhanitsa ophunzira onse pamodzi ndipo anati, “Nʼkosayenera kuti ife tisiye kulalikira Mawu a Mulungu ndi kuyangʼanira za chakudya.
3 ၃ ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည်။
Choncho abale, sankhani pakati panu anthu asanu ndi awiri a mbiri yabwino, odzazidwa ndi Mzimu Woyera ndi anzeru. Ife tidzawapatsa udindo oyangʼanira.
4 ၄ ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။
Koma ife tidzadzipereka kuti tizipemphera ndi kulalikira mawu.”
5 ၅ ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊
Mawu amenewa anakondweretsa gulu lonse la anthu. Iwo anasankha, Stefano, munthu wodzazidwa ndi chikhulupiriro ndiponso Mzimu Woyera; anasankhanso Filipo, Prokoro, Nikanora, Timo, Parmena ndi Nikolao amene anatembenuka mtima ndi kulowa Chiyuda kuchokera kwa Antiokeya.
6 ၆ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။
Iwo anapereka anthuwa kwa atumwi amene anawapempherera ndi kuwasanjika manja.
7 ၇ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။
Ndipo Mawu a Mulungu anapitirira kufalikira. Chiwerengero cha ophunzira mu Yerusalemu chinakula mofulumira ndipo ansembe ochuluka anakhulupirira.
8 ၈ သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။
Stefano, munthu wodzazidwa ndi chisomo cha Mulungu ndi mphamvu anachita zodabwitsa ndiponso zizindikiro zazikulu pakati pa anthu.
9 ၉ ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊
Panauka mtsutso kuchokera kwa anthu a ku Kurene ndi a ku Alekisandriya komanso a ku dera la Silisiya ndi Asiya, otchedwa a Sunagoge ya Mfulu. Anthu amenewa anayamba kutsutsana ndi Stefano.
10 ၁၀ သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။
Koma iwo sanathe kumugonjetsa chifukwa iye ankayankhula ndi nzeru zimene Mzimu Woyera anamupatsa.
11 ၁၁ ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
Iwo ananyengerera anthu ena mwamseri kuti anene kuti, “Ife tinamva Stefano akuchitira chipongwe Mose ndiponso Mulungu.”
12 ၁၂ လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာ တို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။
Motero anawutsa mitima ya anthu, akulu ndi aphunzitsi amalamulo. Anamugwira Stefano ndi kumubweretsa ku Bwalo Lalikulu.
13 ၁၃ မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။
Iwo anabweretsa mboni zonama zimene zinati, “Munthu uyu akupitirirabe kuyankhula mawu onyoza malo oyera ndi malamulo.
14 ၁၄ ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။
Pakuti tinamumva akunena kuti Yesu uja wa ku Nazareti adzawononga malo ano ndiponso kusintha miyambo imene Mose anatipatsa.”
15 ၁၅ လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာ သည် ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။
Onse amene anakhala pansi Mʼbwalo Lalikulu anamuyangʼanitsitsa Stefano, ndipo anaona kuti nkhope yake ikuwala ngati ya mngelo.