< တမန်တော်ဝတ္ထု 27 >
1 ၁ ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။
Quand il fut décidé que nous irions par mer en Italie, on remit Paul et quelques autres prisonniers à un centenier nommé Julius, de la cohorte Augusta.
2 ၂ အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
Étant montés sur un navire d'Adramytte, qui devait longer les côtes de l'Asie, nous partîmes. Aristarque, Macédonien de Thessalonique, était avec nous.
3 ၃ နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။
Le jour suivant, nous arrivâmes à Sidon; et Julius, qui traitait Paul avec humanité, lui permit d'aller voir ses amis et de recevoir leurs soins.
4 ၄ ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည်၊
Puis, étant partis de là, nous suivîmes les côtes de l'île de Chypre, parce que les vents étaient contraires.
5 ၅ ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။
Après avoir traversé la mer de Cilicie et de Pamphylie, nous arrivâmes à Myra, en Lycie.
6 ၆ ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။
Là, le centenier trouva un navire d'Alexandrie, qui allait en Italie, et sur lequel il nous fit monter.
7 ၇ နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊
Après plusieurs jours d'une navigation lente et pénible, nous arrivâmes vis-à-vis de Cnide. Le vent ne nous permettant pas d'aborder, nous suivîmes les côtes de l'île de Crète, vers Salmone.
8 ၈ လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
Après l'avoir longée, non sans difficulté, nous vînmes à un endroit appelé Beaux-Ports, près de la ville de Lasée.
9 ၉ ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊
Comme il s'était écoulé beaucoup de temps, et que la navigation devenait dangereuse — l'époque du Jeûne étant déjà passée — Paul fit entendre ces paroles d'avertissement:
10 ၁၀ အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။
Je vois que la navigation ne se fera pas sans péril et sans de graves dommages, non seulement pour la cargaison et le bâtiment, mais aussi pour nos personnes.
11 ၁၁ သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။
Mais le centenier se fiait plutôt au pilote et au capitaine du navire, qu'à ce que Paul disait.
12 ၁၂ ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော်သာ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့ ၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။
Comme le port n'était pas bon pour hiverner, la plupart furent d'avis d'en repartir et de tâcher de gagner Phénix, port de la Crète, qui regarde le Sud-Ouest et le Nord-Ouest, pour y passer l'hiver.
13 ၁၃ ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ၏။
Une brise du Sud s'étant mise à souffler, ils crurent qu'ils exécuteraient à leur gré leur dessein, et, ayant levé l'ancre, ils côtoyèrent de près l'île de Crète.
14 ၁၄ ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက်၍၊
Bientôt après, un vent furieux, appelé Euraquilon, vint s'abattre sur l'île.
15 ၁၅ တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။
Le navire se trouva entraîné, sans pouvoir résister à l'ouragan, et nous nous laissâmes aller à la dérive.
16 ၁၆ ကလောဒကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား၍၊
Ayant été poussés au-dessous d'une petite île, appelée Clauda, nous parvînmes avec peine à nous rendre maîtres de la chaloupe.
17 ၁၇ သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။
Après l'avoir hissée, on prit des mesures de sûreté. On lia le navire par-dessous avec des cordes; puis, dans la crainte d'échouer sur les bancs de la Syrte, on amena les voiles, et on se laissa ainsi emporter par le vent.
18 ၁၈ လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။
Le lendemain, la tempête étant toujours aussi forte, on jeta la cargaison à la mer.
19 ၁၉ သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ၍ ပစ်လိုက်ကြ၏။
Le troisième jour, nous jetâmes de nos propres mains les agrès du navire.
20 ၂၀ နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ။
Pendant plusieurs jours, ni le soleil, ni les étoiles ne se montrèrent, et la tempête restait toujours si violente que nous perdîmes toute espérance de nous sauver.
21 ၂၁ အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါစကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။
Comme il y avait longtemps qu'on n'avait mangé, Paul se leva au milieu d'eux et leur dit: Mes amis, il aurait fallu me croire, et ne pas partir de Crète; nous aurions évité ce péril et cette perte.
22 ၂၂ ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊
Mais maintenant, je vous exhorte à prendre courage; aucun de nous ne périra, et il n'y aura de perte que celle du navire.
23 ၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော် မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက်၊
Cette nuit, en effet, un ange du Dieu à qui je suis et que je sers, m'est apparu
24 ၂၄ ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို၏။
et m'a dit: Paul, ne crains point; il faut que tu comparaisses devant César; et voici que Dieu t'a donné tous ceux qui naviguent avec toi.
25 ၂၅ ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။
C'est pourquoi, mes amis, ayez bon courage, car j'ai cette confiance en Dieu, qu'il en sera comme il m'a été dit;
26 ၂၆ သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။
mais il faut que nous soyons jetés sur quelque île.
27 ၂၇ တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့်၊
C'était déjà la quatorzième nuit que nous étions ballottés sur l'Adriatique, quand vers minuit, les matelots estimèrent qu'ils approchaient de quelque terre.
28 ၂၈ ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။
Ayant jeté la sonde, ils trouvèrent vingt brasses; un peu plus loin, ils la jetèrent encore, et trouvèrent quinze brasses.
29 ၂၉ ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ၏။
Alors, craignant de donner contre des écueils, ils jetèrent quatre ancres du haut de la poupe, et ils appelaient de leurs voeux la venue du jour.
30 ၃၀ သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊
Mais, comme les matelots cherchaient à s'échapper du navire et mettaient la chaloupe à la mer, sous prétexte de jeter des ancres du côté de la proue,
31 ၃၁ ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
Paul dit au centenier: Si ces hommes ne restent pas à bord, vous ne pouvez être sauvés.
32 ၃၂ ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။
Alors les soldats coupèrent les cordes de la chaloupe et la laissèrent tomber.
33 ၃၃ မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
Puis, en attendant que le jour vînt, Paul les exhorta tous à prendre de la nourriture. Voici, leur dit-il, le quatorzième jour que vous êtes dans l'attente, et que vous restez à jeun, sans rien manger.
34 ၃၄ ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။
Je vous exhorte donc à prendre de la nourriture; car cela est nécessaire à votre salut. Aucun d'entre vous ne perdra un cheveu de sa tête!
35 ၃၅ သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။
Ayant ainsi parlé, il prit du pain; il rendit grâces à Dieu, en présence de tous; puis il le rompit et se mit à manger.
36 ၃၆ ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။
Tous alors, reprenant courage, mangèrent aussi.
37 ၃၇ ထိုသင်္ဘော၌ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။
Or, nous étions en tout deux cent soixante seize personnes à bord.
38 ၃၈ ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
Quand ils se furent rassasiés, ils allégèrent le navire en jetant les provisions à la mer.
39 ၃၉ မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း၊ ထောင်ကွေ့တခု၌သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။
Le jour venu, ils ne reconnaissaient pas la terre; mais, ayant aperçu un golfe avec une plage, ils résolurent d'y mettre, si possible, le navire à l'abri.
40 ၄၀ ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။
Ils coupèrent donc les câbles des ancres qu'ils abandonnèrent à la mer, et ils lâchèrent les amarres des gouvernails; puis, ayant mis au vent la voile d'artimon, ils tâchèrent de gagner le rivage.
41 ၄၁ ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။
Mais, étant tombés sur un endroit battu par la mer, des deux côtés, ils y firent échouer le navire; et, tandis que la proue enfoncée restait immobile, la poupe était brisée par la violence des vagues.
42 ၄၂ ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။
Alors les soldats furent d'avis de tuer les prisonniers, de peur que l'un d'eux ne vînt à s'échapper à la nage.
43 ၄၃ တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှါ၎င်း၊
Mais le centenier, voulant sauver Paul, les empêcha d'exécuter leur dessein. Il ordonna à ceux qui savaient nager de se jeter à l'eau les premiers et de gagner la terre,
44 ၄၄ ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။
et à ceux qui restaient, de se mettre, les uns sur des planches, les autres sur quelques débris du navire. C'est ainsi que tous parvinrent à terre, sains et saufs.